Peripheral nerve block တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။
မေ့ဆေးဆရာဝန်က ultrasound scanner ကို အသုံးပြုပြီး ထုံဆေးထိုးထည့်ဖို့ နေရာကို ရှာမှာ ဖြစ်ပါတယ်။
Peripheral nerve block နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။
မေ့ဆေးဆရာဝန်ဟာ မှန်ကန်တဲ့နေရာရှာတွေ့စဉ်မှာ အပ်ကို ထည့်လိုက်မှာဖြစ်ပြီး ထုံဆေးကို ထိုးထည့်မှာဖြစ်ပါတယ်။ တခါတရံမှာ မေ့ဆေးဆရာဝန်ဟာ မဖယ်ခင်မှာ အပ်ကို ပြွန်လေးမှတစ်ဆင့် ထည့်မှာ ဖြစ်ပြီး ဒီပြွန်ကို ဒီအတိုင်းထားခဲ့မှာ ဖြစ်ပါတယ်။ ထပ်မံ ထုံဆေးထိုးသွင်းဖို့ အတွက် ဖြစ်ပါတယ်။
သင့်မှာ မေးစရာရှိရင် မေ့ဆေးဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။
Peripheral nerve block ပြီးသွားရင် ဘာဖြစ်မှာလဲ။
အခြား procedures တွေလိုပဲ ဆိုးကျိုးရှိနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးရှိလဲဆိုတာ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
- Peripheral nerve block မအောင်မြင်ခြင်း
- ဓါတ်မတည့်ခြင်း
- သွေးထွက်ခြင်း
- အာရုံကြော ပျက်စီးခြင်း
- ထုံဆေး အဆိပ်တက်ခြင်း
- Pneumothorax
- ထိုးတဲ့ဘက်မှာ မျက်ရစ်အောက်တွဲကျခြင်း
- အသံသြသွားခြင်း
ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို နည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။