ထုံဆေးပေးပြီး ခွဲပါလိမ့်မယ်။
ခွဲစိတ်မှုဟာ ၁၀ မိနစ်လောက်ပဲ ကြာနိုင်ပါတယ်။ ခြေသည်းတခုလုံးကို ဖယ်ထုတ်ခြင်း၊ ခြေစွယ်လောက်ကိုပဲ ဖယ်ထုတ်ခြင်း၊ ခြေစွယ်ကို ဖယ်ထုတ်ပြီး ခြေစွယ်ငုပ်သည့် နေရာကို ဓါတုဆေး (သို့) လျှပ်စစ်ဓါတ်ပေးခြင်း၊ ခြေစွယ်ကို ဖယ်ရှားသည့်အပြင် ခြေစွယ်ထွက်သည့် အသားကိုပါ ညှပ်ထုတ်ခြင်း စတဲ့နည်းတွေကို လုပ်ဆောင်နိုင်ပါတယ်။
ခြေစွယ်ငုပ်ခြင်းအား ခွဲစိတ်ကုသခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ
အချိန်အနည်းငယ်ပေးပြီးတာနဲ့ အိမ်ပြန်နိုင်ပါတယ်။
ရောင်ရမ်းခြင်းကို သက်သာစေဖို့ အစောပိုင်းရက်တွေမှာ ခြေထောက်ကို မြှောက်ထားပေးရပါမယ်။ ဒါပြီးရင်တော့ ပိုမိုတက်ကြွ လှုပ်ရှားနိုင်ပါတယ်။ ၂ပတ်လောက်အတွင်း အားကစားလုပ်ဆောင်ခြင်း၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခြင်း စတာတွေ မပြုလုပ်သင့်ပါဘူး။ နေ့တိုင်း ဆေးထည့်ရပါမယ်။
ခြေသည်းကို ဖြောင့်တန်းစွာ ညှပ်ထုတ်ပြီး ရှလွယ်မယ့် အနားစောင်းတွေ မဖြစ်အောင် ဂရုပြုရပါမယ်။ မိမိခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်မယ့် ရှူးဖိနပ်တွေပဲ စီးသင့်ပါတယ်။
နောက်ဆက်တွဲပြသနာများ
နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ
တခြားကုသမှုတွေလိုပဲ ဖြစ်နိုင်ခြေအန္တရာယ်အချို့ ရှိပါတယ်။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဆရာဝန်ကို မေးသင့်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့ ထုံဆေးမတည့်ခြင်း၊ သွေးထွက်များခြင်း၊ သွေးခဲခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
ခွဲစိတ်တဲ့နေရာ ပိုးဝင်ခြင်း၊ အောက်ခြေအရိုးပါ ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။