အဓိပ္ပါယ်ဖွင့်ဆိုချက်
မျက်စိရေတိမ် ခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ
မျက်စိရေတိမ်ခွဲစိတ်ခြင်းကို ဆေးပညာအရ trabeculectomy လို့ခေါ်ပြီး မျက်စိအာရုံကြောတွေ နောက်ထပ် ထိခိုက်မှု လျှော့ချဖို့ ပြုလုပ်ပါတယ်။ မျက်စိအာရုံကြောဟာ မျက်စိအတွင်းအမြင်လွှာက ပုံရိပ်တွေကို ဦးနှောက်ဆီ ပို့ပေးလို့ သင့်ပတ်ဝန်းကျင်ကို မြင်နိုင်ပါတယ်။ ရေတိမ်ဟာ မျက်စိထဲမှာ အရည်များ ပုံမှန်အတိုင်းမဟုတ်ဘဲ စီးထွက်ပြီး ဖိအားမြင့်တက်လာပြီး အာရုံကြော ထိခိုက်မှုကို ဖြစ်စေပါတယ်။ အသက် ၄၀ကျော်အရွယ် ၅၀လောက်မှာ တယောက်လောက် ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာရင် မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကေ့စ်တွေမှာ မျက်စိရဲ့ ဖိအားပုံမှန် ရှိနေလျက်နဲ့ မျက်စိအာရုံကြောဟာ ထိခိုက်နိုင်ပါတယ်။
အခြေခံအကြောင်းရင်းကို သိရှိခြင်း
မျက်စိရေတိမ်ခွဲစိတ်ခြင်း ဘာကြောင့်ပြုလုပ်သလဲ
ရေတိမ်ခွဲစိတ်ခြင်းဟာ မျက်စိထဲက ဖိအားတွေ လျော့သွားအောင် အရည်များကို စီးထွက်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေတိမ်ရဲ့ဖိအားကြောင့် ဖြစ်နေတဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။