backup og meta

သွားဘက်ဆိုင်ရာဆေးခန်းတွင် နာကျင်မှုနှင့် စိုးရိမ်မှုကို ထိန်းချုပ်ခြင်း

သွားဘက်ဆိုင်ရာဆေးခန်းတွင် နာကျင်မှုနှင့် စိုးရိမ်မှုကို ထိန်းချုပ်ခြင်း

လူအများစုသည် သွားဆေးခန်းသို့ သွားရန် စိုးရိမ်စိတ်များတတ်ကြသည်။ သွားကျန်မာရေးအတွက် ကုသမှုယူရန် မသွားလိုကြပဲ သူတို့၏သွားပြသနာများ ပိုဆိုးလာတတ်ကြသည်။ ထို့ကြောင့် သွားဘက်ဆိုင်ရာ ကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ် ကို မည်ကဲ့သို့သက်သာစေသည် ကို ထိုသူများ သိရှိရန်လိုအပ်ပါသည်။ မေ့ဆေးသုံးခြင်းသည် လူသိများသော နည်းလမ်းတစ်ခုဖြစ်သည်။ အောက်တွင် သွားဘက်ဆိုင်ရာမေ့ဆေးနှင့် ပတ်သတ်ပြီး ဆွေးနွေးထားပါသည်။

သွားဘက်ဆိုင်ရာမေ့ဆေးပညာသည် လူများကို နာကျင်မှုမှ သက်သာစေပြီး ဆရာဝန်ကိုလည်း ကုသမှုများ ပြီးမြောက်အောင်မြင်စေရန် ကူညီပေးသည်။ ၎င်းတွင် ထုံဆေး၊ စိတ်ငြိမ်ဆေးနှင့် မေ့ဆေး တို့ပါဝင်သည်။ သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကိုသက်သာစေရန် ဆေးများ အသုံးပြုရန် အရေးကြီးသည်။

ထုံဆေး

ထုံဆေးသည် သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကို သက်သာစေရန် အခြေခံဖြစ်သည်။ ထုံဆေးသည် ကုသမှုပြုလုပ်မည့် နေရာတစ်ကွက်ကို ထုံစေပြီး နာကျင်မှုကို သက်သာစေသည်။ ဆရာဝန်မှ ဆေးရည်စွတ်ထားသောဂွမ်းစဖြင့် တို့ခြင်း သို့မဟုတ် ဆေးထိုးခြင်းဖြင့် ထုံဆေးကိုအသုံးပြုသည်။ ဤသို့ ပြုလုပ်ခြင်းသည် ဘေးကင်းစိတ်ချရသော်လည်း ပမာဏနှင့် သုံးမည့်ဆေးကို ဆရာဝန်မှ ဆုံးဖြတ်ရပါသည်။

စိတ်ငြိမ်ဆေး

အနည်းငယ် စိတ်ငြိမ်စေခြင်း

ဤဆေးသည် လူနာကို သတိရှိခြင်းကို အသင့်အတင့် ထိန်းချုပ်ပေးသည်။ လူနာသည် နိုးပြီးသတိရှိနေသော်လည်း စိတ်သက်သာနေမည်။ ပုံမှန်အသက်ရှူပြီး စကားပြောနိုင်သည်။ ဆရာဝန်မှ နိုက်ထရက်အောက်ဆိုဒ် ဓါတ်ငွေ့ကို မျက်နှာအုပ်မှတဆင့် သင့်ကို ရှူခိုင်းလိမ့်မည်။ ဆေးအရှိန်ပြယ်သွားလျှင် သင်ပုံမှန်အခြေအနေသို့ပြန်ရောက်ပါမည်။

အလယ်အလတ်စိတ်ငြိမ်စေခြင်း

ဤဆေးကို အပေးမည်ဆိုပါက လူနာသည် နိုးနေပြီး စကားပြန်ပြောနိုင်သည်။ လှုံ့ဆော်မှုများကို တုံ့ပြန်နိုင်သည်။ ကုသနေစဉ် အရာအားလုံးကို မမှတ်မိနိုင်သော်လည်း အသက်ရှူခြင်းနှင့်နှလုံး လုပ်ဆောင်ချက်များပုံမှန်ပင်ဖြစ်သည်။ ဆရာဝန်မှဆေးကို သွေးကြောမှတဆင့် ထိုးပေးပြီး ဆေးသည် လျင်မြန်စွာ ပျံနှံ့သွားပါလိမ့်မည်။

နက်ရှိုင်းစွာ စိတ်ငြိမ်စေခြင်း

ဤစိတ်ငြိမ်ဆေးသည် လူနာကို နိုးစေနိုင်သော်လည်း လူနာသည် နာကျင်သောလှုံဆော်မှုများကို ထပ်ခါထပ်ခါပေးမှသာ တုံ့ပြန်နိုင်သည်။ နှလုံးလုပ်ဆောင်ချက်ပုံမှန်အတိုင်းရှိသော်လည်း အသက်ရှူရန် အထောက်အကူလိုအပ်ပါသည်။

မေ့ဆေး

မေ့ဆေး အသုံးပြုလျှင်လူနာသည် သတိလစ်နေပြီး ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို သိမည်မဟုတ်ပေ။ လူနာသည် နာကျင်မှုကို မခံစားနိုင်သည့်အပြင်၊ ကုသမှုအကြောင်းကိုလည်း မှတ်မိမည် မဟုတ်ပေ။ အသက်ရှုခြင်းအတွက် အထောက်အကူလိုပြီး နှလုံးလုပ်ဆောင်ချက်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ ဆေးရပ်ပြီးနောက် အလွယ်တကူ ပြန်မနိုးသည်လည်း ဖြစ်နိုင်သည်။

မေ့ဆေးသည် ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိသည်။ သွေးပေါင်ကျနိုင်သည့်အပြင် လူနာသည် နိုးနေနိုင်ပြီး သူ့ဘေးတွင် ဖြစ်ပျက်သမျှကို သိနေနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များတွင် သေချာစွာ စောင့်ကြည့်နေရန်လိုအပ်ပါသည်။

သွားဆေးခန်းတွင် နာကျင်မှုနှင့် စိုးရမ်မှုကို ထိန်းချုပ်နိုင်ရန် အရေးကြီးပါသည်။ ၎င်းသည် သွားကုသမှုကို အောင်မြင်နိုင်ရန် အထောက်အကူပြုသည်။ ဆရာဝန်သည် မေ့ဆေးအသုံးပြုခြင်းအတွက် ကျွမ်းကျင်ရန်လိုအပ်ပြီး မမျှော်လင့်သော် အဖြစ်အပျက်များအတွက် ထိန်းသိမ်းပေးနိုင်ရန်လိုအပ်ပါသည်။ ကုသခြင်းနှင့်ပတ်သတ်၍ အရာအားလုံးသည် ထိန်းချုပ်မှုအာက်တွင်ရှိမည်ဖြစ်သဖြင့် လူနာများသည် ဆေးကုသခြင်းအတွက် စိတ်ပူနေရန် မလိုပါ။

Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Controlling Dental Pain. http://www.webmd.com/oral-health/controlling-dental-pain#1. Accessed October 14, 2016.

American Dental Association. 2007. Guidelines for Teaching Pain Control and Sedation to Dentists and Dental Students.

Sascha Zuger. 4 Steps to a Pain-Free Dentist Visit. http://www.webmd.com/oral-health/features/4-steps-to-a-pain-free-dentist-visit#1. Accessed October 14, 2016.

Sedation Dentistry: Can You Really Relax in the Dentist’s Chair?. http://www.webmd.com/oral-health/sedation-dentistry-can-you-really-relax-in-the-dentists-chair#1. Accessed October 14, 2016.

ယခုပုံစံ

14/11/2019

Dr. Su Sandy မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement