backup og meta

သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ

    သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ

    လေ့လာမှုတွေအရ multiple sclerosis ရောဂါခံစားနေရသူတွေရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းဟာ သူတို့အသက် ၁၆ မပြည့်ခင်တည်းက ရောဂါရဲ့ပထမဆုံးလက္ခဏာကို ခံစားခဲ့ရသူတွေပါ။ သင့်အနေနဲ့သင့်ကလေးမှာ ဒီရောဂါရှိမှန်း စောစောကြိုသိပါက ဒီရောဂါကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေကို ပြုလုပ်နိုင်ပါတယ်။

    Multiple sclerosis ဆိုတာက အားပျော့မသန်မစွမ်းဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါက ဦးနှောက်ကနေ ခြေလက်တွေကို ပို့တဲ့ဆက်သွယ်မှုတွေကို နှောင့်ယှက်ပါတယ်။ များသောအားဖြင့် ကိုယ်ခံစနစ်ကအာရုံကြောကို ကာကွယ်ထားတဲ့တစ်ရှူးတွေကို တိုက်ခိုက်မိသောကြောင့် ဖြစ်ပါတယ်။ ဒီရောဂါက အလွန်အမင်းနာကျင်မှုကိုဖြစ်စေပြီး သင့်ကလေးရဲ့ကြွက်သားတွေကို မသန်မစွမ်းဖြစ်စေပါတယ်။

    Multiple sclerosis ရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ ။

    ကလေးတွေမှာဖြစ်တဲ့ multiple sclerosis ဟာလူကြီးတွေမှာဖြစ်တဲ့ multiple sclerosis နဲ့ လက္ခဏာချင်းမတူပါဘူး။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

    • ဆီးဝမ်းနဲ့ပတ်သက်ပြီးပြဿနာရှိခြင်း

    • စကားပြော လေးလံခြင်း

    • ခေါင်းမူးခြင်းပင်ပန်းနွမ်းနယ်ခြင်း

    • တက်ခြင်း

    • ကိုယ်တစ်ခြမ်းအားနည်းထုံကျဉ်ခြင်း

    • လမ်းလျှောက်ရခက်ခဲခြင်း

    • မျက်စိတစ်ဖက်အမြင်အာရုံချို့ယွင်းခြင်းမျက်လုံးနာခြင်း

    • အကြောဆွဲခြင်း

    • အာရုံခံစားမှု ပြောင်းလဲခြင်းလည်ပင်းလှုပ်သောအခါဓါတ်လိုက်သလိုကျဉ်နေခြင်း အထူးသဖြင့် လည်ပင်းကိုအရှေ့ကုန်းသောအခါကျဉ်ခြင်း

    ကလေးတွေမှာဖြစ်တဲ့ Multiple sclerosis ရောဂါရဲ့လက္ခဏာတွေက အရွယ်ရောက်ပြီးသူတွေထက် အခြေအနေဆိုးတာနှေးပါတယ်။ ဒါပေမယ့် သင့်ကလေးကို မသန်မစွမ်းဖြစ်တဲ့ထိ ဆိုးလာနိုင်ပါတယ်။ ဆယ်ကျော်သက်လိုမျိုး သူတို့ရဲ့အခြေအနေကို နားလည်နိုင်တဲ့အရွယ်တွေက ဒီရောဂါဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ကျောင်းစာတွေကိုမလိုက်နိုင်ခြင်းအပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပျောက်လာနိုင်ပါတယ်။ တချို့ကလေးတွေဆို ဒီရောဂါကြောင့် စိတ်ကျရောဂါပါဖြစ်လာနိုင်ပါတယ်။

    ဘယ်အရာတွေကကျွန်တော့ကလေးအတွက် Multiple sclerosis ဖြစ်နိုင်ချေများလာနိုင်စေပါသလဲ။

    အရွယ်ရောက်ပြီးသားသူတွေအတွက် multiple sclerosis ဖြစ်စေတဲ့အကြောင်းအရင်းခံတွေကတော့ အများကြီးပါ။ ရောဂါပိုးကူးစက်ခြင်းနဲ့ autoimmune disease (ကိုယ်ခံစနစ်က သင့်ရဲ့ကိုယ်ထဲက ကျန်းမာတဲ့ဆဲလ်တွေကို ပြင်ပကအရာထင်ပြီး မှားယွင်းတိုက်ထုတ်သည့်ရောဂါ)တွေကလည်း Multiple sclerosis ကိုဖြစ်လာစေပါတယ်။ ကလေးငယ်တွေမှာတော့ multiple sclerosis ရောဂါနဲ့ ရောဂါပိုးကူးစက်ခြင်းတို့ရဲ့ကြားကဆက်နွယ်မှုကို လေ့လာမှုတွေလုပ်ထားကြပါတယ်။ လေ့လာမှုတွေအရ ကလေးတွေဟာ အရွယ်ရောက်သူတွေလောက် ရောဂါပိုးနဲ့ထိတွေ့မှုမများပါဘူး။ တချို့ရောဂါပိုးကူးစက်ခံရသူတွေက Epstein – Barr ဗိုင်းရပ်စ်ပိုး နဲ့ဆက်နွယ်နေလေ့ရှိပါတယ်။

    တချို့သောအာရုံကြောချို့ယွင်းမှုတွေကလည်း သင့်ကလေးကို Multiple sclerosis ဖြစ်နိုင်ချေ ပိုမြင့်လာစေပါတယ်။ Acute disseminated encephalomyelitis (ADEM) (ကြီးမားသော ဦးနှောက်အမြှေးပါးရောင်ရမ်းမှုကြောင့် အာရုံကြောပျက်စီးခြင်းရောဂါတစ်မျိုး)ရဲ့လက္ခဏာတွေကလည်း multiple sclerosis နဲ့ လာတူနေပါတယ်။ ဥပမာ – ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ကိုမာ (Coma)ဝင်ခြင်း၊ အဖျားတက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း။ တချို့အခြေအနေတွေမှာ ဒီလက္ခဏာတွေ အားလုံးက ပျောက်သွားနိုင်ပေမယ့် ပြန်ပေါ်လာတာမျိုးလည်း ရှိပါတယ်။

    ကလေးတွေကို Multiple sclerosis ဖြစ်စေတဲ့ တခြားအကြောင်းခံတွေကတော့ ဆေးလိပ်နံ့ရှူခြင်းနဲ့ မျိုးရိုးလိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

    တကယ်လို့ ကလေးတွေဟာ Multiple sclerosis ရောဂါတစ်ခါဖြစ်ပြီးရင် ရောဂါပြန်ထကြိမ်နှုန်းက အရွယ်ရောက်သူတွေထက် များပါတယ်။ Multiple sclerosis အတွက် အပြီးအပြတ်ကုသရန်ဆေးလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် multiple sclerosis ရောဂါနဲ့ ကလေးငယ်တွေကို ကုသတဲ့အခါမှာ ပန်းတိုင်ကြီးသုံးခုရှိပါတယ်။ လက်ရှိရောဂါကိုပြုစုကုသဖို့၊ နောင်ရောဂါပြန်မထအောင်ကြိုတင်ကာကွယ်ဖို့နဲ့ ရောဂါလက္ခဏာတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။

    ကလေးတွေမှာဖြစ်တဲ့ Multiple sclerosis ကို ပြုစုကုသနည်းက အရွယ်ရောက်သူတွေမှာဖြစ်တဲ့ multiple sclerosis ကုသနည်းအပေါ် အခြေခံထားတာပါ။ အဲဒီကုသမှုတွေမှာcorticosteroid (steroid အမျိုးအစားတစ်မျိုး)ကို အသုံးပြုပြီး ဦးနှောက်ရောင်ရမ်းခြင်းတွေကို လျှော့ချပါတယ်။ တကယ်လို့ ဒီကုသမှုနဲ့ မလုံလောက်ဘူးဆိုရင်ဆရာဝန်က သင့်ကလေးကို တခြားလိုအပ်တဲ့ကုသမှုတွေ ခံယူဖို့ပြောပါလိမ့်မယ်။ ဥပမာ – သွေးရည်ကြည်လဲခြင်း။

    ကလေးအများစုက Corticosteroids တွေကို ခံနိုင်ရည်ရှိပေမယ့် တချို့ကလေးတွေကတော့ စိတ်ခံစားလွယ်လာခြင်း အပြုအမူပြောင်းလာခြင်း၊ သွေးဖိအားတိုးလာခြင်း၊

    သွေးချိုတိုးလာခြင်း၊ အစာအိမ်နာခြင်း အစကဲ့သို့ သက်ရောက်မှုရှိနိုင်ပါတယ်။ ကလေးအထူးကုကလည်း ကုသမှုလုပ်နေစဉ်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကိုလည်း ကုသပေးမှာဖြစ်ပါတယ်။

    ကျွန်တော့်ကေလေးငယ်အတွက်Multiple sclerosis ရဲ့တိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ရမလဲ ။ ရောဂါလကဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ ။

    သင့်ကလေးရဲ့ဆရာဝန်က ဒီရောဂါရဲ့ထိုးနှက်မှုတွေကို ကာကွယ်ဖို့ဆေးနည်းတွေနည်းလမ်းတွေကို ပြောပြပါလိမ့်မယ်။ ဆေးနည်းတွေမှာတော့

    • Interferon beta – 1a

    • Interferon beta – 1b

    • Glatiramer acetate စတဲ့ဆေးတွေပါဝင်နိုင်ပါတယ်။

    ဒီဆေးတွေက သင့်ကလေးရဲ့အသားထဲကို ဒါမှမဟုတ်အရေပြားအောက်ကို ထိုးသွင်းရမှာပါ။ လေ့လာမှုအနည်းငယ်မှာတော့ ဒီဆေးတွေရဲ့ဆိုးကျိုးရှိကြောင်း ပြပေမယ့် တချို့မှာတော့ ဆိုးကျိုးမရှိကြောင်းပြပါတယ်။ သင့်ကလေးငယ်အနေနဲ့ ဆေးရဲ့ဆိုးကျိုးအနည်းငယ်ကို ခံစားရနိုင်ပေမယ့် ဒါတွေကလည်း ကုသလို့ရပါတယ်။ ဆိုးကျိုးတချို့ကတော့ အဖျားတက်ခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပမာဏလျှော့ချခြင်းဖြင့် ဆိုးကျိုးတွေကို လျော့နည်းစေပါတယ်။ ဒါမှမဟုတ် တခြားကုသနည်းတွေသုံးပြီးတော့လည်း ဆိုးကျိုးတွေကို လျှော့ချနိုင်ပါတယ်။

    Multiple sclerosis ရဲ့တခြားရောဂါလက္ခဏာတွေကတော့ စိတ်ကျခြင်း၊ပင်ပန်းခြင်း၊ဆီးဝမ်းမထိန်းနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါတွေကိုတော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီးတခြားဆေးတွေနဲ့ကုသလို့ရပါတယ်။

    အရွယ်ရောက်သူတွေတောင် multiple sclerosis ကြောင့်နေထိုင်ရခက်ခဲချိန်မှာ ကလေးတွေအတွက်ဆိုရင် ပိုပြီးတောင်ခက်ခဲမှာဖြစ်ပါတယ်။ သင်ဟာ ဒီရောဂါအကြောင်းကို လေ့လာပြီး ဆရာဝန်နဲ့တိုင်ပင်ကာ သင့်ကလေးအတွက် ထိရောက်တဲ့ထာက်ပံ့မှုတွေကို ပေးလိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement