backup og meta

တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း

    တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ တစ်နေ့လျှင် အချိုကဲသော အမြုပ်ထသည့် အချိုရည် ၂ ခွက်သောက်လျှင် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါတို့ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါသည်။

    တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း

    ဟားဗတ်လေ့လာမှုတစ်ခုတွင် အချိုရည်များ သောက်သုံးမှုနှင့် ပတ်သက်၍ ပြည့်စုံသော လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ တစ်နေ့လျှင် အချိုရည် ၁ ခွက်မှ ၂ ခွက်သောက်သုံးလျှင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၂၆% ထိ တိုးစေသည်။ နှလုံးရုတ်တရက် ဖောက်ပြန်ခြင်းနှင့် နှလုံးရောဂါကို ၃၅% အထိ ၊ လေဖြတ်ရောဂါကို ၁၆% ထိ အန္တရာယ်တိုးမြင့်စေပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူများက အချိုရည်သောက်သုံးမှုကို လျှော့ချရန် အရေးပေါ်လုပ်ငန်းတစ်ခု ပြုလုပ်ရန် အရေးဆိုခဲ့ကြသည်။

    သုတေသနတစ်ခုက တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းက အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါ တို့ဖြစ်နိုင်ခြေကို သိသာစွာတိုးမြင့်စေကြောင်းဖော်ပြခဲ့ပါသည်။ ထို့ကြောင့် သုတေသီများက သုတေသနရလဒ် ထွက်ပေါ်လာသောအခါ အချိုဓာတ် လွန်ကဲစွာပါဝင်သော အချိုရည်များ (ဥပမာ- Fructose နှင့် Sucrose သကြားများပါဝင်မှုများသောအချိုရည်များ) သောက်သုံးခြင်းကို လျှော့ချရန် အစီအစဉ်ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါသည်။ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းမှ ပါမောက္ခ Frank Huက  ကျွန်ုပ်တို့အနေဖြင့် Fructose သကြားဓာတ်ကို သီးသန့်စားသုံးခြင်းထက် သကြားဓာတ်ကို လိုအပ်သည်ထက် ပိုမိုဖြည့်စွက်ထားသော အချိုရည်များ သောက်သုံးခြင်းက ပိုမိုရရှိသည်ဟု ဆိုထားသည်။

    ကျွန်ုပ်တို့၏ တွေ့ရှိချက်များသည် အချိုရည်သောက်သုံးခြင်းကို လျှော့ချရန် အရေးပေါ်ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုပြုလုပ်ရန် နှိုးဆော်နေသကဲ့သို့ ရှိပါသည်။

    မကြာခင်က လူအမြောက်အမြားကို ပြုလုပ်ထားသော သုတေသနများနှင့် ထိုသုတေသနများမှ တွေ့ရှိချက်များကို အချက်အလက်ပြုစုတွေ့ရှိချက်များအရ တစ်နေ့လျှင် အချိုရည် ၁ ခွက်မှ ၂ ခွက်သောက်သုံးလျှင်

    • အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၂၆ %
    • ရုတ်တရက်နှလုံးဖောက်ခြင်း နှင့် နှလုံးရောဂါကို ၃၅ %
    • လေဖြတ်ခြင်း ကို ၁၆ % ထိ အန္တရာယ် တိုးမြင့်စေပါသည်။

    အမေရိကန်ပြည်ထောင်စုတွင် Sucrose သကြားအစား ပြောင်းဖူး၏ ကစီဓာတ်မှ ထုတ်လုပ်သော Fructose သကြားကို အချိုဓာတ်ဖြည့်အစားအစာအဖြစ်အဓိကအသုံးပြုသည်။ လွန်ခဲ့သောဆယ်စုနှစ်က သကြားဓာတ်ဖြည့်ထားသော အချိုရည်များသောက်သုံးမှု လျော့ကျခဲ့သော်လည်း ထို Fructose သကြားပါသော အချိုရည်များသောက်သုံးမှုမှာမူ မြင့်တက်နေသေးသည်။ အမေရိကန်ပြည်သူတစ်ဝက်ခန့်မှာ ထိုကဲ့သို့သော အချိုရည်များ နေ့စဉ်သောက်သုံးလျက်ရှိပြီး ထိုလူများ၏ လေးပုံတစ်ပုံသည် အချိုရည်သောက်သုံးခြင်းမှ အနည်းဆုံး ကယ်လိုရီ ၂၀၀ ကိုရရှိသည်။ ထိုလူများ၏ တစ်ဝက်ခန့်မှာမူ အချိုရည်သောက်သုံးခြင်းမှ ကယ်လိုရီ ၅၀၀ ခန့်အထိရရှိနေပြီး ထိုပမာဏသည် ဆိုဒါပါသောအချိုရည် ၄ ခွက်နှင့်ညီမျှသည်။

    လေ့လာချက်တွင် ဖော်ပြထားသည်မှာ အချိုရည်သောက်သုံးခြင်းကြောင့် ကိုယ်အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်းသည် အခြားသောဖော်ပြထားပြီး လေ့လာချက်များနှင့် တူညီသည့်အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပါမောက္ခ Hu ကဆိုပါသည်။ အချိုရည်များက ကိုယ်အလေးချိန်တိုးမြင့်စေနိုင်ခြင်းမှာ အချိုရည် သောက်သုံးခြင်းဖြင့် ဗိုက်ပြည့်သည်ဟု မခံစားရသဖြင့် အခြားအစားအစာများကို လျှော့၍ မစားသုံးမိခြင်းကြောင့် ဖြစ်သည်။

    သုတေသနမှတစ်ဆင့် Fructose သကြားကို ခန္ဓာကိုယ်တွင် မည်ကဲ့သို့ချေဖျက်သည်ကိုပါ သိရှိရပြီး ထိုသကြားဓာတ်၏ ကိုယ်အလေးချိန်တိုးစေသော အာနိသင်၊ ဇီဝကမ္မဖြစ်စဉ် နှင့် နှလုံး၏ လုပ်ငန်းဆောင်တာများ ဆက်စပ်မှုကိုပါ သိရှိရသည်။ Fructose သကြားဓာတ်၏ ခန္ဓာကိုယ်တွင်းပြုမှုပုံသည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပါမောက္ခ Hu က အခိုင်အမာ ပြောထားပါသည်။

    ဂလူးကိုစ့် (Glucose) ဟုခေါ်သော သကြားဓာတ်ကို အစာအိမ်နှင့် အူလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်ပြီး အင်ဆူလင်ဟော်မုန်း၏ အာနိသင်ကြောင့် ခန္ဓာကိုယ်ဆဲလ်များက ထိုသကြားဓာတ်ကို စွမ်းအင်အဖြစ် အသုံးပြုနိုင်သည်။ သို့သော် Fructose မှာမူ အသည်းတွင်ချေဖျက်ပီးသောအခါ အဆီဓာတ်ပေါင်းများအဖြစ် ပြောင်းလဲ၍ Triglycerides ဟုခေါ်သော အဆီဓာတ်များ ဖြစ်လာပါသည်။

    ထိုအဆီဓာတ်များက အသည်းအဆီဖုံးခြင်းနှင့် အင်ဆူလင်ဟော်မုန်း၏ အာနိသင်ကို လျော့ကျစေခြင်းဖြင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါ တို့ကိုဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ Fructose သကြားကို လွန်ကဲစွာစားသုံးပါက သွေးတွင်းရှိ ယူရစ်အက်စစ်ကို မြင့်တတ်စေသည့်အတွက် ဂေါက်အဆစ်ရောင်ရောဂါကိုပါ ခံစားရစေနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement