backup og meta

ကော်လာဂျင် Collagen အကြောင်း သိကောင်းစရာ

ကော်လာဂျင် Collagen အကြောင်း သိကောင်းစရာ

နိဒါန်း

Collagen ကို အမျှင်တစ်ရှူးတွေဖြစ်တဲ့ အရေပြား၊ အရွတ်နဲ့ အရိုးတွေ၊ သွေးကြောတွေ၊ မျက်ကြည်လွှာနဲ့ အူတွေထဲမှာ တွေ့ရတတ်ပါတယ်။

Collagen ဟာ သွေးကြောတွေ သန်မာစေဖို့၊ အရေပြားကျုံ့နိုင်စွမ်းအားရှိဖို့နဲ့ အားအင်ပြည့်ဖို့အတွက် အရေးကြီးပါတယ်။ Collagen နည်းပါးခြင်းဟာ အရေးအကြောင်းတွေ ဖြစ်ပွားစေပြီးတော့ အခြားအရေပြား ပြဿနာတွေကိုလဲ ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် Collagen ဟာ အသက်ကြီးတဲ့ လူတွေမှာ သူ့ရဲ့ အရေပြားကို ကုသပေးတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်သုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။

စာကိုယ်

Collagen(ကော်လာဂျင်) ဆိုတာဘာလဲ။

Collagen ဆိုတာဟာ နို့တိုက်သတ္တဝါတွေမှာ ပမာဏ အများဆုံးတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓါတစ်ခုလုံးမှာ ရှိတဲ့ ပရိုတင်းတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာ Collagen တွေ ဖြစ်ပါတယ်။ သူ့ကို ကိုယ်ခန္ဓါတစ်ခုလုံးကို တွယ်ကပ်ပေးထားတဲ့ ကော် အဖြစ်လည်း တင်စားပြောဆိုကြပါတယ်။

Collagen ရဲ့ ဂုဏ်သတ္တိများ

Collagen ဟာ သုံးပင်လိမ် သဏ္ဍာန်ရှိပါတယ်။

Collagen ဟာ ဆန့်နိုင်အား အလွန်ကောင်းမွန်ပြီး ကိုယ်ခန္ဓါတစ်ရှူး အများစုကို အထောက်အပံ့ ပေးပြီး ဆဲလ်တွေရဲ့ ပုံပန်းသဏ္ဍာန်ကို အပြင်ကနေ ပေးစွမ်းတဲ့ ရှည်လျားပြီး အမျှင်ပုံစံရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။

Amino acid တစ်မျိုးဖြစ်တဲ့ အလျောက် Collagen က Amine နဲ့ carboxylic acid တွေကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ Collagen မှာ ပါဝင်တဲ့ အရာတွေကတော့ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နဲ့ ကာဗွန် တို့ဖြစ်ပါတယ်။

Collagen ဟာ သုံးပင်လိမ် သဏ္ဍာန် ရှိပါတယ်။ Amino acid သုံးမျိုးဖြစ်တဲ့ glycine, proline, hydroxyproline တို့က သူ့ရဲ့ သုံးပင်လိမ် ပုံစံကို ပေးစွမ်းပါတယ်။

Collagen ရဲ့ ပေါင်းစပ်မှုဟာ hydroxyproline အများအပြားပါဝင်တာကြောင့် ထူးခြားတဲ့ ပုံစံမျိုး ရှိပါတယ်။

Collagen ရဲ့ လုပ်ငန်းဆောင်တာ

Collagen အမျိုးအစားပေါင်း ၂၈ မျိုးလောက် ရှိပါတယ်။

Collagen အမျှင်တွေဟာ ကိုယ်ခန္ဓါအနှံ့အပြားက အစိတ်အပိုင်းတွေကို အားအင်နဲ့ ပုံသဏ္ဍာန် ပေးစွမ်းပါတယ်။ သူဟာ လူနဲ့ အခြားနို့တိုက်သတ္တဝါတွေမှာ တွယ်ဆက်တစ်ရှူးတွေကို ဖြစ်စေတဲ့ extracellular matrix ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Collagen ဟာ အရေပြားရဲ့ နုပျိုမှုနဲ့ အရေအကြောင်းတွေ ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ သူဟာ အရေပြားရဲ့ တွယ်ဆက်တစ်ရှူး တွေကို အခြားတစ်ရှူးတွေအား ထိခိုက်ခြင်းမရှိဘဲ ကျုံ့ဆန့်နိုင်ဖို့အတွက်လည်း မရှိမဖြစ်ပဲဖြစ်ပါတယ်။

Collagen နဲ့ အသက်ကြီးခြင်း

အသက်ကြီးလာတာနဲ့ အမျှ Collagen ထုတ်လုပ်မှုဟာ ကျဆင်းလာပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဆဲလ်ပုံစံတွေဟာလည်း သူတို့ရဲ့ အားအင်တွေ ပျောက်ဆုံးလာပြီး ပျက်ယွင်းလာတတ်ပါတယ်။

ဒါ့ကြောင့် အရေပြားဟာ ပိုပြီးတော့ အထိမခံဖြစ်လာတယ်၊ ကျုံ့ဆန့်နိုင်စွမ်း နည်းပါးလာတယ်၊ ပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတယ်။ ဒါ့ပြင် ဆံပင်မွှေးတွေဟာလည်း သူ့ရဲ့ အရောင်၊ ပျော့ပျောင်းမှု ပျောက်ဆုံးလာပြီး အရိုးတွေဟာလည်း စတင် ပျက်ဆီးလာပါတယ်။

လူတွေဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်လာတဲ့အခါမှာ Collagen ထုတ်လုပ်မှုကို အားပေးတဲ့ နည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။

ထိုးဆေးတွေကိုတော့ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ပျောက်စေဖို့ အလွန်အသုံးများလာကြပါတယ်။

အရေပြားသုတေသနလေ့လာမှုတစ်ခုအရ Dermal fillers လို့ ခေါ်တဲ့ ထိုးဆေးတွေဟာ hyaluronic acid ပါဝင်ပြီး Collagen ထုတ်လုပ်မှုကို အားပေးကာ ပျက်စီးနေတဲ့ အရေပြားရဲ့ ပုံသဏ္ဍာန်ကို ပြန်လည် ထိန်းသိမ်းပေးပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဆေးပညာ တိုးတက်မှုများ

နှလုံးရောဂါ ကုသမှု – သိပ္ပံပညာရှင်တွေက Collagen ဟာ သူ့ရဲ့ မာကျောတဲ့ ပုံစံကို ပျော့ပြောင်းတဲ့ ပုံစံအဖြစ်ပြောင်းလဲ နိုင်ပြီး နောက်တစ်ကြိမ်မာကျောပုံစံ ပြန်လည် ပြောင်းလဲနိုင်ပါတယ် လို့ ဆိုပါတယ်။ သူတု့ိရဲ့ တွေ့ရှိမှုတွေက သွေးလွှတ်ကြောမှာ ပိတ်ဆို့နေတဲ့ Collagen တွေကို ပေါက်ထွက်သွားခြင်းမှ ကာကွယ်ပေးပြီး နှလုံးရပ်ခြင်းကို လျှော့ချပေးနိုင်တဲ့ ဆေးတွေ တီထွင်မှုကို ဖြစ်နိုင်စေခဲ့ပါတယ်။

သွားဖုံး ကုသမှု – Bovine collagen ကို အသုံးပြုတဲ့ နည်းလမ်းတစ်ခုက သွားဖုံး ကုသမှုကို အားပေးတယ်လို့ ဦးခေါင်းနဲ့မျက်နှာကျန်းမာရေးဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဆစ်ရောင်ခြင်း – လူသားတွေရဲ့ Collagen နဲ့ သဏ္ဍာန်တူတဲ့ သန်မာပြီး တည်ငြိမ်တဲ့ အစားထိုး တစ်ခုကို Wisonsin-Madison တက္ကသိုလ် ရဲ့ သုတေသီတစ်စုက အဆစ်ရောင်ခြင်းလိုမျိုး Collagen ပျက်ဆီးမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့ တီထွင်ခဲ့ကြပါတယ်။

နိဂုံး

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement