backup og meta

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့် တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးရင် ဒီအလေ့အထတွေကို လုပ်မိနေလား…………… ဒါဆိုရင်တော့ ပြင်ဆင်ဖို့ လိုနေပါပြီ။

အိပ်တာ

အားလပ်ရက် နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလို အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီး ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။

ဆေးလိပ်သောက်တာ

အစားတစ်ခုခု စားပြီးရင် ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်လေး တစ်လိပ်လောက် သောက်လိုက်ရမှ စိတ်ကျေနပ်တယ် ဆိုရင်တော့ ဒီအလေ့အကျင့်ကို ဖျောက်ဖို့ပြောပါရစေနော်။ အကြောင်းကတော့ အစားစားပြီးချိန်မှာ ဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာဆေးလိပ်သောက်တာထက် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေ ၁၀ ဆလောက် ပိုများနေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။

ရေချိုးတာ

အစားတစ်ခုခု စားပြီးမှ ရေချိုးတာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို နှေးသွားစေနိုင်ပါတယ်။ အကြောင်းကတော့ ရေချိုးချလိုက်တဲ့အခါ အစာအိမ်ဆီကိုရောက်ရှိရမယ့် သွေးတွေက အစာခြေစနစ်ကို မရောက်ရှိဘဲ ခန္ဓာကိုယ် အပူချိန်ကိုထိန်းညှိဖို့အတွက် ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်တာကြောင့်ပါ။

သစ်သီးစားတာ

အစားအစာ တစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်ရဲ့ အစာခြေမှု အရှိန်ကလည်း ကွာခြားပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက အစာကြေစေဖို့ လွယ်ကူနိုင်စေပေမယ့် အစားစားပြီးစမှာ သစ်သီးစားတာကတော့ အစာခြေစနစ်ကို နှေးသွားစေနိုင်ပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။

ရေနွေးကြမ်း သောက်တာ

အစားတစ်ခုခု စားပြီးတိုင်း ရေနွေးကြမ်းသောက်ရတာကို သဘောကျတယ် ဆိုရင်တော့ ဒီအချက်လေးကို သေချာဖတ်ကြည့်ဖို့ လိုမှာပါ။ စားလိုက်တဲ့ အစားအစာထဲမှာ ပရိုတင်း ပါဝင်နေပြီး ထမင်းစားပြီးချိန်မှာရေနွေးကြမ်း သောက်သုံးတာက ပရိုတင်းကို ချေဖျက်နိုင်စွမ်းကျဆင်းစေနိုင်သလို ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရေနွေးကြမ်း ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး တစ်နာရီကြာမှ သောက်စေချင်ပါတယ်။

လေ့ကျင့်ခန်း လုပ်တာ

ဒါကတော့ အထွေအထူး ပြောနေစရာ မလိုအောင်ပါ။ အစားတစ်ခုခုကို ပြည့်ပြည့်ဝဝ စားပြီး လေ့ကျင့်ခန်း လုပ်တာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေပြီး အော့အန်တာ၊ ဗိုက်အောင့်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အစားတစ်ခုခုစားပြီးလို့ ၂ နာရီကနေ ၃နာရီလောက်ကြာမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

လမ်းလျှောက်တာ

အများက လက်ခံထားတာက အစားတစ်ခုခု စားပြီးလို့ လမ်းလျှောက်လိုက်ရင် ရင်ချောင်သွားမယ်၊ အစာကြေသွားမယ်လို့ပေါ့။ တကယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ အစား စားပြီးပြီးချင်း လမ်းလျှောက်တာက စားချဉ့်ရည်တွေကို ပြန်ဆန်တက်စေနိုင်ပြီး အစာမကြေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးလို့ ၁ နာရီ ၁ နာရီခွဲလောက်နေမှ လမ်းလျှောက်ပေးပါ။ ဒါမှ အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေ ကင်းစေမှာပါ။

ကဲ ….. အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ က ဘာတွေလဲဆိုတာကို သိသွားပြီဆိုတော့ ပြင်ဆင်လိုက်စို့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Things You Shouldn’t Do After a Full Mealhttps://www.healthxchange.sg/food-nutrition/food-tips/things-shouldnt-do-after-meal Accessed Date 6 August 2019

7 Unhealthy Things You Should Never Do after a Mealhttps://www.onlymyhealth.com/health-slideshow/7-unhealthy-things-you-should-never-do-after-a-meal-1422450226.htmlAccessed Date 6 August 2019

ယခုပုံစံ

10/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ