brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

ဂက်စ်မီးဖိုက မီတာစား သက်သာတယ်။ မြန်မြန်ဆန်ဆန် ကြော်လှော်ချက်ပြုတ်နိုင်တယ်ဆိုပေမဲ့ မသုံးတတ်ရင် ဘေးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ ဆိုတာကို လေ့လာထားသင့်ပါတယ်။

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

စနစ်တကျတပ်ဆင်ထားမယ်၊ လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊ သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာ ဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့ အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓာတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

ကာဗွန်မိုနောက်ဆိုဒ်ဟာ အလုံပိတ်နေရာတစ်ခုအတွင်းမှာဆိုရင် လူတွေကို သေစေနိုင်တဲ့အထိပြင်းထန်တဲ့ အရောင်မဲ့၊ အနံ့မဲ့တဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂက်စ်မီးဖို အသုံးပြုချက်ပြုတ်နေတယ်ဆိုရင် မီးဖိုခန်းနဲ့ အိမ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။

အထူးသဖြင့် ဂတ်စ်မီးဖိုတွေ၊ ဂတ်စ်အိုးတွေကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိဘူးဆိုရင် ကာဗွန်မိုနောက်ဆိုဒ်တွေ စိမ့်ထွက်နေမှာဖြစ်ပြီး လေဝင်လေထွက်ပါ မကောင်းဘူးဆိုရင်တော့ အသုံးပြုတဲ့သူတွေကို ဘေးဖြစ်စေမှာပါ။

ဒါကြောင့် ဂတ်စ်မီးဖိုအသုံးပြုပြီးတိုင်းမှာ‌ သေချာပြန်ပိတ်ဖို့ လိုပါတယ်။

  • ဂက်စ်ယိုစိမ့်မှု

Stanford studyက အိမ် ၅၃လုံးမှာရှိတဲ့ ဂတ်စ်မီးဖိုတွေကို လေ့လာခဲ့တဲ့အခါ အိမ်တိုင်းကနေ မီသိန်းဓာတ်‌ငွေ့တွေ စိမ့်ထွက်တာကို တွေ့ခဲ့ရပါတယ်တဲ့။ ဒါကြောင့် ဂတ်စ်မီးဖိုက ပိတ်ထားတာပါ။ မီသိန်းတို့၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တို့ဆိုတာက ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။

  • အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။

ဂတ်စ်မီးဖိုနဲ့ ချက်တဲ့အခါ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေက လူကြီးမှာရော ကလေးမှာပါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီကနေ ထွက်လာတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်နဲ့ PM2.5တွေက အဆုတ်ကို မသက်မသာ ဖြစ်‌စေပါတယ်။

အန္တရာယ်နည်းအောင် ဘယ်လိုလုပ်ရမလဲ

  • ဂက်စ်မီးဖိုသုံးပြီး ချက်ပြုတ်နေတဲ့အခါ အိမ်ရှေ့ပိုင်းမှာ (မီးဖိုနဲ့အဝေးမှာ) ပန်ကာဖွင့်ထားပါ။ သို့မဟုတ် လေဝင်လေထွက်ကောင်းအောင် လုပ်ထားပါ။ (ဥပမာ ပြတင်းပေါက် ဖွင့်ထားတာမျိုး။)
  • မီးတောက်က ပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ။
  • ဂက်စ်မီးဖိုနဲ့ ဂက်စ်အိုးရဲ့ အခြေအနေကို စနစ်တကျ ပုံမှန်စစ်ဆေးသင့်ပါတယ်။
  • အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။