backup og meta

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကဘာလဲ။

နားထင်သွေးလွှေတ်ကြောများ ရောင်ခြင်းပျက်စီးခြင်းဖြစ်ပါတယ်။ ဦေးခါင်းနဲ့ဦးနှောက်ကို ထောက်ပံ့ပေးတဲ့သွေးကြောတွေ ဖြစ်ပါတယ်။

နားထင်သွေးလွှတ်ကြောတွေမှာ အဓိကဖြစ်တတ်ပေမယ့် အခြားသွေးလွှတ်ကြောအရွယ်အစားအလယ်အလတ်ကနေ အကြီးအထိ အကုန်လုံးနီးပါးမှာ ဖြစ်နိုင်ပါတယ်။

နားထင်သွေးလွျှွှ်ကြောရောင်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ဦးခေါင်းခွံအရေပြား ဦေးရတင်းခြင်း၊ မေးရိုးနာကျင်ခြင်းနဲ့ အမြင်အာရုံပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် လေဖြတ်ခြင်း၊ မျက်စိကန်းခြင်းအမြင်အာရုံဆုံးရှုံးခြင်းတွေ ဖြစ်နိုင်ပါတယ။

သွေးကြောရောင်ခြင်းလက္ခဏာတွေကို သက်သာဖို့နဲ့ အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ဖို့ ကော်တီကိုစတီးရွိုက်ဆေးတွေနဲ့ ချက်ချင်ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကုသမှုစပြီး ရက်အနည်းငယ်တွင်းမှာ ပြန်သက်သာလာနုငိပါတယ်။ ကုသမှုပေးလျက်နဲ့တောင်မှ ပြန်ဖောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သင့်မှာ နားထင်သွေးလွှတ်ကြောရြောင်နေပြီလို့ သံသယရှိနေမယ်ဆိုရင် ဆရာဝန်မနဲ့တတ်နိင်သမျှမြန်မြန်ပြသသင့်ပါတယ်။ အလွန်ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေ ဖြ်စန်ုငပေမယ့်လည်း ချက်ချင်းကုသမှုပေးခြင်းက နောက်ဆက်တွဲတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နားထင်သွေးလွှတ်ကြောရောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အမြင်နှစ်ထပ်ဖြစ်ခြင်း

ရုတ်တရက် မျက်လုံးတစ်ဖက်အမြင်ဆုံးရှုံးခြင်း

မောပန်းနွမ်းနယ်ခြင်း

အားနည်းခြင်း

အစားစားလိုစိတ်မရှိခြင်း

အစားဝါးတဲ့အခါမျိုးမှာ မေးရိုးနာကျြင်ခင်း

ဖျားခြင်း

မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

ပခုံးနာခြင်း၊ တင်ပါးရိုးနာခြင်းတောင့်ခြင်း

ဦးရေတင်းခြင်း နားထင်တင်းခြင်း

polymyalgia rheumaticaရဲ့အဓိကလက္ခဏာတွေဖြစ်တဲ့ လည်ပင်း၊ ပခုံး၊ တင်းပါးရိုးများ နာကျင်တောင့်တင်းနေခြင်း

နားထင်သွေးကြောရောင်လူနာ၅၀ရာနှုန်းမှာ polymyalgia rheumaticaလည်း ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လူနာတွေမှာ သွေးကြောနံရံတွေ ရော်ငရမ်းနေပါတယ်။ ရောင်ရမ်းခြင်းကေန ဖောင်းလာနိုင်ပါတယ်။ ဒီလိုမျိုးအဖုဖြစ်လာခြင်က သွေးကြောတွေကျဉ်းလာပြီး သွေးပမာဏကိုနည်းစေပါတယ်။ အောက်ဆီဂျင်နဲ့ အရေးပါတဲ့အာဟာရတွေ ခန္ဓါကိုယ်တစ်ရှူးတွေဆီ ရောက်ရှိမှုနည်းသွားပါတယ်။

သွေးကြောအရွယ်အစားအလယ်အလတ်ကနေ အရွယ်အစားကြိးကြိး အားလုံးနီးပါးကိုသက်ရောက်နိုင်ပေမယ့် အဖုအခဲကတော့ နားထင်မှာရှိတဲ့သွေးကြောတွေမှာပဲ အများဆုံးဖြစ်လေ့ရှိပါတယ်။ နားအရှေ့ဘက်ကပ်လျက်မှာရှိပြီး ဦးခေါင်းထဲကိုဆက်စီးသွားပါတယ်။ ပုံမှန်သွေးကြောတွေရဲ့ တစ်စိတ်တစ်ပိုင်ေးလာက်ကိုပဲ အဖုအခဲတွေ့၇တတ်ပါတယ်။

ဖြစ်ရေတဲ့အကြောင်းရင်းကိုမသိပေမယ့် အချို့သောမျိုးရိုးဗီဇနဲ့မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှုတွက ဖြစ်ပွားနိုင်ချေကိုများစေပါတယ်။

ဖြစ်နိုင်ခြေများ

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ်- အရွယ်ရောက်ပြီးသူတွေမှာသက်ေရောက်လေ့ရျိပြီး အသက်၅၀အောက်မှာ စြဖ်လေ့ဖြစ်ထနည်းပါတယ်။ လူနာအများစုက အသက်၇၀နဲ့၈၀ကြားမှာ ပထမဆု့းလက္ခဏာတွေ စပြပါတယ်။

အမျိုးသားအမျိုးသမီး- အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ၂ဆပိုများပါတယ်။

လူမျိုးနဲ့နေထိုင်ရာဒေသ- မြောက်ပိုင်းဥရောပလူဖြူများသို့ စကန်ဒီနာဗီယန်မျိုးနွယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။

polymyalgia rheumatic- ဒီလူနာမှာ သွေးကြောရောင်နိုင်ချေပိုများပါတယ်။

မိသားစုရာဇဝင်- တစ်ခါတစ်လေမှာ မျိုးရိုးလိုက်တ်တ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးအတွင်း ဟီမိုဂလိုဘင်သို့ အောက်ဆီဂျင်သယ်ေပေးတဲ့ပရိုတိန်းပမာဏကို တိုင်းတာခြင်း

သွေးနီဥဆဲလ်ရာခိုင်နှုန်းကို တိုင်းတာခြင်း

အသည်းကောင်းကောင်းအလုပ်လုပ်မလုပ်စစ်ဆေးခြင်း

အချိန်တစ်နာရီကျော်ကြာပြီးနောက် စမ်းသပ်ဖန်ပြွန်အောက်ခြေမှာ သွေးနီဥတွေဘယ်လောက်မြန်မြန်အနည်ထိုင်လာလဲဆိုတာကို တိုင်းတာခြင်းဖြစ်ပါတယ်။ အီအက်စ်အာဂဏန်းမြင့်နေခြင်းက ခန္ဓါကိုယ်အတွင်းရောင်ရမ်းခြင်းရှိနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။

အသည်းကနေထုတ်လုပ်တဲ့ ပရိုတိန်းကို တိုင်းတာခြင်းဖြစ်ပါတယ်။ တစ်ရှူးတွေထိခိုက်ပျက်စိးတဲ့အခါမှာ သွေးထဲကိုရောက်လာပါတယ်။ ပမာဏများနေခြင်းက ခန္ဓါကိုယအတွင်း ရောင်ရမ်းခြင်းရှိနေပြီလို့ ရည်ညွှန်းပါတယ်။

အသားစထုတ်ယူခြင်း-အကောင်းဆုံးနည်းလမ်းကတော့ နားထင်သွေးလွှတ်ကြောအသားစယူခြင်း ဖြစ်ပါတယ်။

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒိအခြေအနေကြောင့် သွေးစီးဆင်းမှုမလုံလောက်ခြင်းကနေ တစ်ရှူးတွေပျက်စီးခြ်ငးကိ ုလျှော့ချနိုင်ဖို့နည်းနိုင်သမျှနည်းနိုင်အောင်သာ ရည်ရွယ်ပါတယ်။

သံသယရှိနေမယ်ဆိုရင် ရောဂါအဖြေရှည်အတည်ပြုမရသေးဘဲနဲ့တောင် ကုသမှုကချက်ချင်းစသင့်ါပတယ်။ အဖြေရှာအတည်ပြုပြီးပြီဆိုရင် ကော်တီကိုစတီးရွိုက်သောက်ဆေးပေးသင့်ပါတယ်။

ကော်တီကိုစတီးရွိုက်ကြောင့် အောက်ပါအခြေအနေ ကျန်းမာရေးူပြဿနာတွေဖြစ်စေနိုင်ပါတယ်

အရိုးပါးခြင်းအရိုးပွခြင်း

သွေးတိုးခြင်း

ကြွက်သားအားနည်းခြင်း

ရေတိမ်

အတွင်းတိမ်

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်ခြင်း

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

ပုံမှန်ကျန်းမားရေးစစ်ဆေးမှုခံယူခြင်း- ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတေနဲ့ နောက်ဆက်တွဲပြဿနာတွေကို စစ်ဆေးဖို့ ဆရာဝန်နဲပတွေ့ဆုံသင့်ပါတယ်။

အက်စပရင်- အက်စပရင်၇၅ကနေ၁၅၀မီလီဂရမ်အကြားနေ့စဉ် မှီဝဲခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ နေ့စဉ်အက်စပရင်ပမာဏနည်းနည်းမှီဝဲခြင်းက မျက်လုံးကန်းခြင်းနဲ့လေသင်တုန်းဖြတ်ြင်းဖြစ်နိုင်ချေကို နည်းစေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Temporal arteritis http://www.healthline.com/health/temporal-arteritis?s_con_rec=false&r=00. Accessed March 20, 2017
Giant cell arteritis http://www.mayoclinic.org/diseases-conditions/giant-cell-arteritis/basics/lifestyle-home-remedies/con-20023109. Accessed March 20, 2017
Giant Cell Arteritis (Temporal Arteritis) http://emedicine.medscape.com/article/332483-overview#a3. Accessed March 20, 2017

ယခုပုံစံ

22/02/2018

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement