backup og meta

Prebiotic နဲ့ Probiotic ဘာကွာလဲ

သားသမီး ဆိုတာ ရတနာလေးတွေလို့ ပြောရင် မေမေတို့ အပြည့်အဝထောက်ခံကြမှာပဲ။ မိဘတွေဆိုတာ ကိုယ့်ကလေးတွေ ကျန်းမာနေမှ၊ သူများနဲ့ယှဉ်ရင် အားပြည့် ဖွံ့ဖြိုးနေမှ၊ ထွားနေမှ ၊ ဉာဏ်ကောင်း ထက်မြက်နေမှာ ပျော်ရွှင်နိုင်တာမလား။ ဒီကလေးတွေရဲ့ အနာဂတ်သာလျှင် ကိုယ့်ရဲ့ဘဝကြီး၊ ကိုယ့်ရဲ့ကမ္ဘာကြီး ပေါ့လေ။

Prebiotic နဲ့ Probiotic ဘာကွာလဲ

ကလေးတွေကို ဒီလိုပြည့်စုံစေဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရမျိုးစုံကို ရရှိနိုင်မှ ဖြစ်မှာကိုလည်း သိထားပြီးသား မဟုတ်လား။ ဒါပေမယ့် အဲဒီအာဟာရတွေကို မေမေတို့ ဘယ်လောက်ကျွေးကျွေး ကလေးရဲ့အစာခြေစနစ်(အစာအိမ်နဲ့အူလမ်းကြောင်း)က မကျန်းမာရင် ဘယ်လိုမှ မစုပ်ယူနိုင်၊ အသုံးမချနိုင်ပါဘူးနော်။

အစာခြေစနစ်အတွက် အရေးကြီးတဲ့ Prebiotic နဲ့ Probiotic

Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့ အမျှင်ဓာတ်တစ်မျိုး ဖြစ်ပြီး အကျိုးပြုဘက်တီးရီးယား တွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ် ကျန်းမာရေး အတွက် တကယ်ကို ကောင်းပါတယ်။ သူ့ကို –

Probiotics ဆိုတာက အစာခြေစနစ် (အထူးသဖြင့် အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။

Probiotic ပုံမှန်ရရှိတဲ့ ကလေးဟာ ကိုယ်ခံအားစနစ် ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ပိုကျန်းမာလာပြီး ရောဂါပိုးတွေကို ခုခံနိုင်စွမ်းပိုကောင်းလာပါလိမ့်မယ်။ အူတွင်းဘက်တီးရီးယားတွေ လုံလောက်တဲ့ပမာဏရှိနေတာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သူတို့က ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ ကလေးရဲ့ဦးနှောက်ကျန်းမာရေးကိုထောက်ပံ့ပေးတယ်။

အစာကြေလွယ်စေပြီး ကလေးရဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ‌တွေကို အူလမ်းကြောင်းက အပြည့်အဝစုပ်ယူနိုင်ဖို့ ကူညီပေးတယ်။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေ ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

Probiotics ကြွယ်ဝတဲ့ အစားအစာတွေကတော့ –

  • ဒိန်ချဉ်
  • ကီဖာ
  • အချဉ်ဖောက်ထားတဲ့ စားစရာတွေ
  • ပန်းသီးရှာလကာရည်
  • ချိစ်
  • Probiotics ဖြည့်စွက်ထားတဲ့ အစားအစာတွေထဲမှာ ပါဝင်နေပါတယ်။

Prebiotic နဲ့ Probiotic ကြားက အရေးပါဆုံး ချိတ်ဆက်မှုကတော့ Prebiotic အမျှင်ဓာတ်တွေဟာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့ Probiotic အတွက် အားဖြည့်ပေးတဲ့အာဟာရ ဖြစ်နေတာပါပဲ။

ဒါ့ကြောင့် မေမေတို့ရေ။ သားသားမီးမီးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွံ့ဖြိုးနိုင်ဖို့ ဒီအာဟာရတွေကို အားဖြည့်ပေးဖို့ ဂရုစိုက်ပေးပါနော်။ ဒါမှ အစာခြေစနစ် ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးမှု တွေ၊ ထက်မြက်သွက်လက်မှုတွေ အတွက် အာဟာရဓာတ်အားလုံးကို ရယူနိုင်ပါလိမ့်မယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/children/news/20101128/children-may-benefit-from-probiotics-prebiotics#1

https://www.healthline.com/health/parenting/probiotics-for-children

ယခုပုံစံ

15/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ

ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ