စက်တင်ဘာ ၂၄ကနေ အောက်တိုဘာ ၂၃ကြား မွေးဖွားသူတွေက Libra တွေပဲ ဖြစ်ကြပါတယ်။ ဒီ zodiac sign ပိုင်ရှင်တွေက အလုပ်ကြိုးကြိုးစားစား လုပ်တတ်ကြသလို အလုပ်ဖိအားဒဏ်ကိုလည်း ခံရပါတယ်။ တစ်ခါတလေတော့ အသွက်လွန်ပြီး ဂဏှာမငြိမ်တာတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်းတာကြောင့် အားနည်းပြီး အာရုံကြောပြဿနာတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်ကြိုးစားလွန်းတဲ့ Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။
Libra တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ
Libra တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခါး၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း၊ အစာအိမ်၊ အရေပြားစတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ မပေါ့ဆသင့်ပါဘူး။
အထူးသဖြင့် အလုပ်ကြိုးစားလွန်းတဲ့ Libra လေးတွေက အထိုင်များပြီး ခါးနာတာ၊ ဆီးအောင့်ထားပြီး အလုပ်လုပ်တတ်တာကြောင့် ဆီးလမ်းကြောင်းပြဿနာတွေကို ခံစားရတတ်ပါတယ်။
Libra တွေ ကျန်းမာဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ကို သေချာ ခွဲခြားထားဖို့ပါပဲ။
Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
Libra တွေက သူတို့ လွှမ်းမိုးရာနေရာတွေမှာ
- ခါးနာတာ
- ကျောက်ကပ်ပြဿနာ
- ဆီးလမ်းကြောင်း ပြဿနာ (ဥပမာ ဆီးပိုးဝင်တာ)
- အစာခြေစနစ်ပြဿနာ
- အရေပြားရောဂါ
- စိုးရိမ်စိတ်များတာ စတာတွေ ဖြစ်တတ်ပါတယ်။
Libraတို့ ကျန်းမာစေဖို့
- အလုပ်လုပ်ချိန်နဲ့ နားချိန်ကို သေချာခွဲထားပါ။
Libra တွေရဲ့ ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေတဲ့အချက်က အလုပ်သရဲလေးတွေ ဖြစ်နေတာကြောင့်ပါ။ နားချိန်မှာ သေချာ မနားတဲ့အပြင် အလုပ်ရဲ့ ဖိစီးဒဏ်တွေကို ခံရတဲ့အခါ ကျန်းမာရေးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် Libraလေးတွေကို အလုပ်လုပ်ချိန်မှာလုပ်၊ နားချိန်မှာနားဖို့ အကြံပေးလိုပါတယ်။ျ
- လေ့ကျင့်ခန်း လုပ်ပါ။
Libraတွေက အထိုင်များတာကြောင့် ခါးနာတတ်ပါတယ်။ ခဏခဏလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခါးတစ်ဝိုက် ကြွက်သားတွေ သန်မာစေမယ့် လေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အထိုင်မများပါစေနဲ့။
- ဆီးမအောင့်ထားပါနဲ့။
ဆီးအောင့်ထားတာကြောင့် ဆီးကျင်တာ၊ ဆီးပိုးဝင်တာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် Libra တို့ကို အကြံပေးချင်တာက ဆီးမအောင့်ထားပါနဲ့။ ရေများများသောက်ပါ။ ဆီးလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။