ဇူလိုင် ၂၃ရက်ကနေ သြဂုတ် ၂၁ရက်နေ့ မွေးတဲ့သူတွေက ခြင်္သေ့ Leo လေးတွေ ဖြစ်ကြပါသတဲ့။ ဒီ Zodiac sign ပိုင်ရှင်တွေက ခြင်္သေ့တစ်ကောင်လို မာကြောတဲ့ စိတ်ရှိပေမယ့် နှလုံးသားကတော့ အင်မတန် နုနယ်ပြီး သဘောထားကြီးကြသူတွေပဲ ဖြစ်ပါတယ်။ Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာလဲ။ ဘယ်လို ကျန်းမာအောင် နေထိုင်ကြမလဲဆိုတာကို မျှဝေပေးလိုပါတယ်။
Leo တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ
Leoတွေက စိတ်ဓာတ်မာကျောပြတ်သားကြသူတွေ ဖြစ်ပြီး အလုပ်ထဲမှာဆိုရင်လည်း တိတိကျကျ လုပ်တတ်သူတွေ၊ စည်းကမ်းတင်းကျပ်သူတွေ ဖြစ်ကြပါတယ်။ အပြင်ပန်းက မာကျောတယ်လို့ ထင်ရပေမယ့် အတွင်းစိတ်က နူးညံ့ကြသူတွေပါ။
ဒီလိုမျိုး စည်းကမ်းတင်းကျပ်ပြီး တိတိကျကျ လုပ်တတ်တဲ့သူတွေ ဖြစ်တာကြောင့် မကြာခဏဆိုသလို စိတ်ဖိစီးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကြောင့်လည်း သူတို့လည်း လွှမ်းမိုးရာ နှလုံးကို ထိခိုက်တတ်ပါတယ်။
Leo တွေ လွှမ်းမိုးထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ နှလုံး၊ ကျောရိုး၊ နောက်ကျော၊ သွေး စတာတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက များသောအားဖြင့် ခံနိုင်ရည်ရှိပြီး နေမကောင်းဖြစ်ခဲ့ရင်တောင် နာလန်ထတာ မြန်ပါတယ်။
စိတ်ဓာတ်ပြတ်သားသူတွေ ဖြစ်တာကြောင့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်လည်း ဇွဲရှိရှိနဲ့ လုပ်တတ်ကြပါတယ်။ ဒါကြောင့်လည်း အများစုက ကျန်းမာကြတာပါ။ ဒါပေမယ့် နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုတော့ Leoတွေ အထူးသတိထားရပါမယ်။
Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
Leoတွေက တော်ရုံနေမကောင်း ဖြစ်ခဲတယ်ဆိုပေမယ့် သူတို့ရဲ့ အမူအကျင့်ကြောင့်
- သွေးတိုးတာ
- သွေးကြောပိတ်တာ
- ရင်တုန်တာ
- နှလုံးရောဂါ
- မတော်တဆ ထိခိုက်တာ
- ခါးနာတာ
- ကျောရိုးထိခိုက်တာ
- သွေးရောဂါ စတာတွေ ဖြစ်တတ်ပါတယ်။
Leoတို့ ကျန်းမာစေဖို့
- စိတ်အေးအေးထားပါ။
တစ်ခုခုကို ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်ရမယ်ဆိုပြီး စိတ်ကိုတင်းထားတာကြောင့် စိတ်ဖိစီးမှု ပြဿနာတွေ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် တချို့ကိစ္စတွေကို ခေါင်းအေးအေးထား ဖြေရှင်းပါ။ အရာအားလုံးကို ကိုယ်မစွမ်းနိုင်ဘူးဆိုတာကို လက်ခံထားပါ။ စိတ်ရောကိုယ်ပါ အနားယူဖို့လည်း မမေ့ပါနဲ့။
- တရားမှတ်ပါ။
စိတ်တင်းအား များတဲ့ Leo တို့အတွက် နောက်ထပ် နည်းလမ်းကောင်းက တရားမှတ်တာပါ။ ဒါမှမဟုတ် mindfulness ဖြစ်စေမယ့် အလုပ်တစ်ခုခု (ဥပမာ ချည်ထိုးတာ၊ ဆေးရောင်ခြယ်တာ) လုပ်နေလည်း ရပါတယ်။ လိုရင်းက စိတ်ကို တည်ငြိမ်စေဖို့၊ နှလုံးကို ကျန်းမာစေဖို့ပါပဲ။
တကယ်လို့ ဒီနည်းတွေနဲ့လည်း ကိုယ့်စိတ်ကို ကိုယ်ထိန်းရခက်နေရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့ အကြံပေးပါရစေ။