အဓိပ္ပါယ်ဖွင့်ဆိုချက်
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ကဘာလဲ။
- သွေးကြောဖောင်းဆိုတာ ခန္ဓါကိုယ်ရဲ့အဓိကသွေးကြောမကြီးဖြစ်တဲ့ အေအောတားဆိုသော သွေးကြောကြီးဖောင်းထွက်နေတာပါ။ သွေးကြောမကြီးအလုပ်ကတော့ အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ခန္ဓါကိုယ်အနှံ့ပို့ဆောင်ပေးရတာပါ။ ယင်းသွေးကြောက ဆွဲဆန့်ခံထားရပြီး လျော့ရဲ့နေတဲ့အစိတ်အပိုင်းတွေရှိတာကြောင့် ပေါက်ထွက်နိုင်ပါတယ်။ သွေးကြောမကြီးပေါက်ကွဲသွားမယ်ဆိုရင် သေစေနိုင်လောက်တဲ့ သွေးထွက်ခြင်းမျိုးကြုံတွေ့ရမှာပါ။
- သွေးကြောမကွဲတယ် (Aortic dissection) ဆိုတာ နှလုံးကနဲ့ထွက်နေတဲ့ သွေးကြောမကြီးစုတ်ပြဲသွားတာကိုခေါ်တာပါ။ သွေးတွေဟာ သွေးကြောမကြီးရဲ့ စုတ်ပြဲနေတဲ့နေရာကနေ ဒလဟောထွက်နေပြီး အတွင်းနဲ့အလယ်လွှာတွေကို ကွဲထွက်သွားစေပါတယ်။ အပြင်လွှာကိုပါထပ်ဖောက်ထွက်သွားမယ်ဆိုရင်တော့ သေဖို့များသွားပါပြီ။
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ယင်းအခြေအနေကသိပ်တော့ အဖြစ်မများလှပါဘူး။ အများဆုံးဖြစ်တာကတော့ အသက်၆၀နဲ့၇၀၀န်းကျင်ယောက်ျားတွေမှာပါ။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
လက္ခဏာများ
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
သွေးကြောကွဲခြင်းလက္ခဏာတွေက နှလုံးသွေးကြောပိတ်ခြင်းလိုမျိုး နှလုံးရောဂါလက္ခဏာတွေနဲ့ ခွဲဖို့ခက်ခဲပါတယ်။ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- ရုတ်တရက်ဆွဲဖြဲထားသလိုမျိုး ပြင်းထန်သော ရင်ဘတ်နဲ့ကျောအောင့်ခြင်းမျိုးဖြစ်ကာ လည်ပင်းနဲ့ခါးတို့ကို ပျံ့နှံ့သွားခြင်း
- သတိလစ်ခြင်း
- အသက်ရှုရခက်ခဲခြင်း
- ရုတ်တရက် စကားပြောရခက်ခဲသွားခြင်း၊ အမြင်မကောင်းတော့ခြင်း၊ လေဖြတ်သလို ကိုယ်တစ်ခြမ်းအားနည်းသွားခြင်း ဒါမှမဟုတ် အကြောသေသွားခြင်း
- လက်တစ်ဖက်က အခြားတစ်ဖက်ထက် သွေးခုန်နှုန်းအားနည်းနေခြင်း
အထက်တွင်မဖာ်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ လက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူကြပါဘူး။ ကိုယ့်အခြအနေအတွေက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ
- သွေးကြောမကြီးနံရံက ပုံမှန်အားဖြင့် ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိပါတယ်။ သွေးစီးဆင်းမှုပေါ်လိုက်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်လည်း သွေးတိုးနဲ့ သွေးကြောကျဉ်းခြင်းလိုမျိုး ပြဿနာအချို့ကတော့ သွေးကြောနံရံတွေကို အားနည်းစေပါတယ်။ ထိုပြဿနာတွေက အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ စုတ်ပြဲခြင်းတွေနဲ့ ပေါင်းပြီး သွေးကြောနံရံတွေလျော့ရဲကာ အပြင်သို့ဖေါင်းထွက်လာပါတော့တယ်။
- သွေးကြောမကြီးကွဲထွက်ခြင်းကို ကွဲတဲ့အစိတ်အပိုင်းပေါ်မှာ မူတည်ပြီး အုပ်စုနှစ်ခု ခွဲခြားထားပါတယ်။
- အမျိုးအစားအေ။ နှလုံးအနီးအနားရှိ အတက်သွေးကြောမကြီးမှာ ကွဲတာဖြစ်ပြီး ပိုအဖြစ်များပါတယ်။ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားနိုင်ပါတယ်။
- အမျိုးအစားဘီ။ အဆင်းသွေးကြောမကြီးမှာ ဖြစ်တာပါ။ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားနိုင်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်းအန္တရယ်မြင့်မားစေသော အချက်များစွာရှိပါတယ်။ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- မထိန်းချုပ်ထားသော သွေးတိုးရှိခြင်း
- သွေးကြောကျဉ်းခြင်း
- သွေးကြောနံရံလျော့ရဲပြီး ဖောင်းထွက်နေခြင်း
- သွေးကြောမကြီးအဆို့ရှင်မကောင်းခြင်း
- မွေးရာပါသွေးကြောမကြီးကျဉ်းနေခြင်း
- လိင်။ ယောက်က်ျားတွေမှာဖြစ်နိုင်ခြေ၂ဆပိုများပါတယ်
- အသက်။ အသက်၆၀နဲ့၈၀၀န်းကျင်တွေမှာ ဖြစ်နိုင်ခြေအမြင့်ဆုံးပါ။
- ကိုကင်းအသုံးပြုခြင်း။ သွေးပေါင်ချိန်ကိုခဏတာမြင့်တက်စေတာကြောင့် အန္တရယ်ရှိတာပါ။
- ကိုယ်ဝန်ရှိခြင်း။ သွေးကြောမကြီးကွဲခြင်းက ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တွေမှာလည်း ရှားရှားပါးပါးဖြစ်တတ်ပါတယ်။
- ဝိတ်တန်းမြင့်အလေးမခြင်း။ ထိုအားကစားနဲ့ အခြားသော အားအလွန်သုံးရတဲ့ အားကစားတွေက သွေးပေါင်ချိန်မြင့်တက်စေခြင်းအားဖြင့် သွေးကြောမကြီးကွဲခြင်းအန္တရယ်ကို မြင့်မားစေပါတယ်။
- Turner’s syndrome (သွေးတိုး၊ နှလုံးရောဂါနှင့် အခြားရောဂါများ)၊ Marfan syndrome (တစ်ကိုယ်လုံးကိုထောက်ပံ့ပေးနေသော တွယ်ဆက်တစ်ရှုးအားနည်းသည့်ရောဂါ) ကဲ့သို့ မျိုးရိုးဗီဇရောဂါများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အသုံးများတဲ့ ပုံရိပ်ဖော်နည်းပညာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- အစာရေမျိုပြွန်မှအက်ခိုးရိုက်ခြင်း (TEE)။ ထိုနည်းလမ်းကတော့ အသံလှိုင်းအမြင့်ဖြင့် နှလုံးပုံစံဖော်တာပါ။
- စီတီစကင်ရိုက်ခြင်း။ စတီရိုက်ခြင်း ခန္ဓါကိုယ်ရဲ့ ဖြတ်ပိုင်းဓါတ်မှန်ပုံကို ရရှိစေပါတယ်။ နှလုံး၊ သွေးကြောမကြီးနဲ့ အခြားသွေးကြောတွေကို ပိုမြင်ရအောင် လုပ်လို့ရပါတယ်။
- သံလိုက်လှိုင်းဖြင့်သွေးကြောပုံရိပ်ဖော်ခြင်းနည်းပညာ (MRA)။ MRI က သံလိုက်လှိုင်းတွေနဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပုံရိပ်ဖော်တာပါ။ MRA ကတော့ ယင်းနည်းပညာဖြင့် သွေးကြောတွေကို ပုံရိပ်ဖော်တာပါ။
Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ကို ဘယ်လိုကုသပါသလဲ
- ကုသနည်းက သွေးကြောဖောင်းဘယ်လောက်ကြီးတယ်၊ ဘယ်လောက်မြန်မြန်ကြီးနေတယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ ခွဲစိတ်ကုသဖို့လိုအပ်နိုင်ပါတယ်။ ဆရာဝန်က ခန္ဓါကိုယ်တွင်းသို့ ထိုးဖောက်မှုအနည်းဆုံးဖြင့် ပျက်စီးနေတဲ့ သွေးကြောအစိတ်အပိုင်းကို ပြင်ဆင်ပေးပါလိမ့်မယ်။
- သွေးကြောဖောင်းသေးသေးလေးတွေက ကွဲနိုင်ခြေနည်းပြီး ဘီတာဘလော့ကာလိုမျိုး သွေးတိုးကျဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ယင်းဆေးဝါးတွေက သွေးပေါင်ချိန်ကျစေပြီး သွေးကြောနံရံပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကို သက်သာစေပါတယ်။ ခွဲစိတ်ကုသဖို့မလိုသေးတဲ့အချိန်မှာ အယ်ထရာဆောင်းပုံမှန်ရိုက်ခြင်းက ရုတ်တရက်ဖြစ်လာမယ့် အန္တရယ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
သွေးကြောဖောင်းခြင်း၊ကွဲခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက သွေးကြောဖောင်းခြင်း၊ကွဲခြင်းကို ရင်ဆိုင်နိုင်စေရန်ကူညီပေးပါလိမ့်မယ်။
- သွေးတိုးကိုထိန်းချုပ်ထားပါ
- ဆေးလိပ်မသောက်ပါနှင့်။
- ပုံမှန်အလေးချိန်ကိုထိန်းသိမ်းထားပါ။
- လုံခြုံရေးခါးပတ် ပတ်ပါ။ ထိုသို့ပြုလုပ်ခြင်းက ရင်ဘတ်တစ်ဝိုက်ကို မထိခိုက်မိအောင် ကာကွယ်ပေးပါလိမ့်မယ်။
- ဆရာဝန်ဖြင့် စောစီးစွာပြသပါ။ မိသားစုထဲမှာ သွေးကြောမကြီးကွဲခြင်း၊ တွယ်ဆက်တစ်ရှုးပြဿနာတွေ၊ အဆို့ရှင်ပြဿနာတွေရှိမယ်ဆိုရင် ဆရာဝန်အား ပြောပြထားပါ။ သွေးကြောမကြီးဖောင်းနေမယ်ဆိုရင် စစ်ဆေးမှုတွေကို ဘယ်လောက်ခဏခဏလုပ်ရမယ်ဆိုတာနဲ့ ခွဲစိတ်မှုလိုလားမလိုဘူးလားဆိုတာကို သိအောင်လုပ်ထားပါ။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းတွေကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]