brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သေစာနဲ့ ဆေးဝါးများဟာ တစ်ခါတစ်ရံမှာ ယှဉ်တွဲသောက်သုံးမိရင် အန္တရာယ်များပါတယ်။ ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ အရက်သေစာကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက တိုက်တွန်းတတ် ပါတယ်။ ဆေးဝါးများ သုံးစွဲပြီးချိန် အရက်သောက်တဲ့အခါ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမို မြင့်တက်လာတတ် ပါတယ်။ အထူးသဖြင့်တော့ အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ က မသေးလှပါဘူး။

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သောက်သုံးချိန်မှာ ပဋိဇီဝဆေးတွေ သုံးစွဲသင့်လား

ယေဘုယျအားဖြင့် အရက်သောက်ခြင်းကြောင့် ပဋိဇီဝဆေးတွေရဲ့ အာနိသင်လျော့ပါးမသွားပေမယ့် ဘေးထွက်ဆိုးကျိုးအချို့ကိုတော့ ပိုမိုမြင့်တက်လာစေပါတယ်။

အောက်ပါဆေးဝါးတွေကတော့ အရက်သေစာနဲ့ တွဲဖက်မသုံးစွဲသင့်တဲ့ ပဋိဇီဝဆေးတွေပဲ ဖြစ်ပါတယ်။

• cefoperazone

• cefotetan

• doxycycline

• erythromycin

• metronidazole

• tinidazole

• ketoconazole

• isoniazid

• linezolid

• griseofulvin

အထက်ပါဆေးဝါးများကို အရက်သေစာနဲ့ တွဲဖက်သုံးစွဲမိရင် အန္တရာယ်များပါတယ်။

Metronidazole, tinidazole, cefoperazone, cefotetan, and ketoconazole စတဲ့ဆေးဝါးတွေဟာ အရက်သေစာနဲ့ ပေါင်းစပ်မိရင် အောက်ပါပြဿနာများ ဖြစ်ပေါ်စေပါတယ်။

ပျို့တက်ခြင်း

• အန်ခြင်း

• မျက်နှာနီမြန်းခြင်း

ခေါင်းကိုက်ခြင်း

• နှလုံးခုန်မြန်ခြင်း

• အစာအိမ်အောင့်ခြင်း

အဆိုပါဆေးဝါးတွေ မသောက်သုံးမီနဲ့ သောက်သုံးအပြီး ၃ရက်အတွင်း အရက်မသောက်သင့်ပါဘူး။

Griseofulvin ဆေးကို အရက်နဲ့သောက်မိရင်တော့ မျက်နှာနဲ့ အသားအရေ နီမြန်းခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Isoniazid နဲ့ linezolid ကို အရက်နဲ့တွဲပြီး သုံးစွဲမိရင်တော့ အသည်းပျက်စီးခြင်းသွေးတိုးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ Doxycycline and erythromycin ကို အရက်နဲ့တွဲသုံးမိရင် ဆေးဝါးများရဲ့ အာနိသင်ကို လျော့ပါးစေပါတယ်။

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ က ဆေးတစ်မျိုးချင်းစီအလိုက် ဘေးထွက်ဆိုးကျိုးကွာခြားနိုင်ပေမယ့် တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ပျို့တက်ခြင်း

– အိပ်ငိုက်ခြင်း

– မူးဝေခြင်း

– သတိလစ်ချင်သလိုဖြစ်ခြင်း

ဝမ်းပျက်ခြင်း

အရက်သေစာတစ်မျိုးတည်းနဲ့တင် အစာအိမ်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ထိခိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

များသောအားဖြင့် ဘေးထွက်ဆိုးကျိုးများဟာ သူ့ဘာသာ ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေ ကြုံလာရင်တော့ ဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူသင့်ပါတယ်

အခြားဆက်နွယ်မှု

တစ်ခါတစ်လေ အရက်သောက်ခြင်းကြောင့် ပဋိဇီဝဆေးရဲ့ အာနိသင်ကို တိုက်ရိုက်မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် တခြားသောနည်းလမ်းနဲ့ သက်ရောက်ခြင်းတွေ ရှိပါတယ်။ ဥပမာ ဖျားနာနေခြင်းကနေ သက်သာစေဖို့ အစာအာဟာရ ကောင်းကောင်းလိုပါတယ်။ အရက်သေစာဟာ ကိုယ်ခန္ဓာကနေ အာဟာရဓာတ် ကောင်းစွာမရအောင် တားဆီးစေပါတယ်။

ဒါ့အပြင် အိပ်စက်ခြင်းပုံစံကိုလည်း ပြောင်းလဲစေတတ်လို့ ကျန်းမာရေးကို ပျက်ယွင်းစေပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင် ဒဏ်ရာအနာကျက်အောင် ကိုယ်ခန္ဓာက တုံ့ပြန်မှုဖြစ်စဉ်များကို အရက်သေစာက နှေးကွေးသွားစေလို့ ပဋိဇိဝဆေးများကိုပါ အာနိသင်လျော့သွားသလို ဖြစ်စေပါတယ်။

ဘာလုပ်သင့်သလဲ

ပဋိဇီဝဆေးဝါးတွေ ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲပါ။ ဆေးဝါးပေါ်မှာ ရေးထားတဲ့ အညွှန်းစာတွေကို သေချာဖတ်ပါ။ မသေချာတဲ့ အချက်အလက်တွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။ အရက်ကို ပုံမှန်သောက်သုံးနေသူတစ်ဦးဆိုရင် ဆရာဝန်ကို ဖွင့်ပြောပါ။ ရံဖန်ရံခါမှသာ သောက်သုံးတတ်သူဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ သုံးစွဲနေတဲ့ ဆေးအမျိုးအစား စတာတွေပေါ် မူတည်ပါတယ်။

ဆရာဝန်က အရက်သောက်ခြင်းကို ရပ်ထားခိုင်းရင် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ များသောအားဖြင့် ၇၂ နာရီလောက် အချိန်ခြားထားရတတ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။