backup og meta

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကဘာလဲ။

အဒီနိုဆင်းဒီအမိုင်းနေ့စ် ချို့တဲ့ခြင်းဟာ မျိုးရိုးဗီဇ ချို့ယွင်းမှု တခုဖြစ်ပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဆိုးရွားစွာပေါင်းစပ်တဲ့ ကိုယ်ခံအားချို့တဲ့ခြင်း (SCID)ကို ဖြစ်ပေါ်စေပါတယ်။ SCID ရှိသူများဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုစွဲပြသနာတွေအတွက် ကိုယ်ခံအားမရှိသလို ထင်ရပါတယ်။ ဆိုးရွားပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါပိုးဝင်ခြင်းတွေ ထပ်တလဲလဲ ဖြစ်လွယ်စေပါတယ်။ အဲဒီရောဂါပိုးကူးစက်မှုများဟာ ပုံမှန်ကိုယ်ခံအား ရှိသူတွေမှာ မဝင်ရောက်နိုင်တဲ့ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဒီနိုဆင်းဒီအမိုင်းနေ့စ် ချို့တဲ့ခြင်းဟာ အင်မတန်ရှားပါးပါတယ်။ ကမ္ဘာတဝှမ်းက မွေးကင်းစကလေး ၂သိန်းကနေ တသန်းမှာမှ တယောက်ပဲ အများဆုံး ဖြစ်တတ်တယ်လို့ ခန့်မှန်းထားပါတယ်။ SCID ပြသနာတွေရဲ့ ၁၅%မှာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာများစွာ ရှိပါတယ်။ အဓိကလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အဆုတ်ရောင်ခြင်း
  • ကြာရှည်ဝမ်းလျှောခြင်း
  • အရေပြားတွင် အနာများဖြစ်ခြင်း

ရောဂါဖြစ်တဲ့ ကလေးများဟာ အခြားကလေးတွေထက် ဖွံ့ဖြိုးကြီးထွားမှု နောက်ကျပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဒီနိုဆင်းဒီအမိုင်းနေ့စ်အင်ဇိုင်းရဲ့ တာဝန်ဟာ ဒီအန်အေပျက်စိးချိန်မှာ ဖြစ်ပေါ်တဲ့ ဒီအောက်ဆီအဒီနိုဆင်းကို ဖယ်ထုတ်ဖို့ ဖြစ်ပါတယ်။ အဒီနိုဆင်းဒီအမိုင်းနေ့စ်ဟာ လင်ဖိုဆိုက်ကို အန္တရာယ်ဖြစ်စေတဲ့ ဒီအောက်ဆီအဒီနိုဆင်းကို အန္တရာယ်မဖြစ်စေတဲ့ ဒီအောက်ဆီနိုဆင်းအနေနဲ့ ပြောင်းလဲပေးပါတယ်။

အဒီနိုဆင်းဒီအမိုင်းနေ့စ် ချို့တဲ့ခြင်းဟာ ADAဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီဗီဇဟာ အဒီနိုဆင်းဒီအမိုင်းနေ့စ်အင်ဇိုင်း ထုတ်လုပ်ဖို့ ညွှန်ကြားချက် ပေးပါတယ်။ ဒီအင်ဇိုင်းကို ကိုယ်ခန္ဓါတခုလုံးမှာ တွေ့ရပေမယ့် လင်ဖိုဆိုက်ခေါ် သွေးဖြူဥမှာ အများဆုံးတွေ့ရပါတယ်။

ဖြစ်နိုင်ခြေများ

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • မိသားစုတွင်းမှာ ဖြစ်တတ်ပြီး ဒီရောဂါရှိတဲ့ ကလေးကို မွေးဖွားဖူးတဲ့ ရာဇဝင်ရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ဖြစ်နိုင်ခြေများတဲ့ အချက်မရှိခြင်းဆိုတာ ရောဂါမဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဖြစ်နိုင်ခြေ အချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးရပါမယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

ရောဂါရှာဖွေခြင်းမှာ သွေးထဲမှာ အဒီနိုဆင်းဒီအမိုင်းနေ့စ် ပမာဏကျဆင်းခြင်းနဲ့ ရောဂါလက္ခဏာတွေဟာ အထောက်အကူပြုပါတယ်။

SCID ကို များသောအားဖြင့် အသက် ၆လမှာတွေ့ရပြီး တနှစ်အရွယ်မှာလည်း တွေ့နိုင်ပါတယ်။ အဲဒီပြသနာလောက် မဆိုးတဲ့ CID ပြသနာကိုတော့ အသက်၁နှစ်နဲ့ ၁၀နှစ်ကြားထဲမှာ တွေ့ရပါတယ်။

သွေးစစ်ဆေးမှု၊ ဓါတ်မှန် စတာတွေဟာ ဒီအခြေအနေကို သိနိုင်ဖို့ အထောက်အကူပြုပါတယ်။

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်ပါကုထုံး ၃မျိုးရှိပါတယ်။

  • ရိုးတွင်းချဉ်ဆီအစားထိုးခြင်း။ ဒီကုသမှုမှာ ပျက်စီးနေတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှူဒါန်းသူဆီက ကောင်းမွန်တဲ့ဆဲလ်တွေနဲ့ အစားထိုးခြင်း ပါဝင်ပါတယ်။
  • အင်ဇိုင်းအစားထိုးခြင်း လျော့နည်းနေတဲ့ ADA အင်ဇိုင်းတွေနေရာမှာ အစားထိုးပြီး ကိုယ်ခံအားစနစ်ကို ပုံမှန်အလုပ်လုပ်စေပါတယ်။
  • မျိုးရိုးဗီဇကုထုံး။ ချို့ယွင်းချက်ရှိတဲ့ ဗီဇတွေနေရာမှာ ပြုပြင်ထားတဲ့ ဗီဇတွေ အစားထိုးပြီး ADA အင်ဇိုင်းပမာဏကို မြင့်တက်စေပါတယ်။

ဒီပြသနာဟာ အလွန်ရှားပါးတာကြောင့် ရေးဆွဲပြီး ကုသမှုလမ်းညွှန်ချက်တွေ မရှိပါဘူး။ အကောင်းဆုံးကုသမှုကတော့ တဦးချင်းစီအပေါ် မူတည်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူအျားစုကတော့ ရိုးတွင်းချဉ်ဆီအစားထိုးခြင်းဟာ အကောင်းဆုံးရွေးချယ်မှုလို့ သဘောတူလက်ခံ ထားကြပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်းအတွက် အထောက်အကူ ပြုသလဲ

သင့်မှာ ဒီရောဂါရှိရင် သင့်ကလေးမှာ ဒီဗီဇကို လက်ခံနိုင်ခြေရှိပါတယ်။ မျီုးရိုးဗီဇနဲ့ပတ်သက်လို့ ဆွေးနွေးခြင်းဟာ ရောဂါရှိတဲ့ကလေး ရနိုင်ခြေ ရှိမရှိ သိရအောင် အထောက်အကူပြုပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Adenosine deaminase severe combined immunodeficiency. http://www.adagen.com/approaches_to_treatments.html . Accessed June 10, 2017.
Adenosine deaminase severe combined immunodeficiency. https://ghr.nlm.nih.gov/condition/adenosine-deaminase-deficiency . Accessed June 10, 2017.
Adenosine deaminase severe combined immunodeficiency. http://www.webmd.com/a-to-z-guides/adenosine-deaminase-severe-combined-immunodeficiency . Accessed June 10, 2017

ယခုပုံစံ

04/12/2019

Dr. Thant Zin မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Thant Zin မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement