ယောကျာ်းမယူသေးဘူးလား။ မိန်းမ မယူသေးဘူးလားလို့ မကြာခဏအမေးခံနေရလား။ ဒါမှမဟုတ် မင်္ဂလာဆောင်မှာဖြစ်ဖြစ် အလှူတွေဘာတွေပဲဖြစ်ဖြစ် အသိအကျွမ်းတွေနဲ့ဆုံမိတဲ့အခါ ဘယ်နေ့စားရမှာလဲလို့ ပြုံးစိစိမေးတာတွေကို စိတ်ကုန်နေပြီလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ယောကျာ်းမယူသေးဘူးလား။ မိန်းမ မယူသေးဘူးလားလို့ မကြာခဏအမေးခံနေရလား။ ဒါမှမဟုတ် မင်္ဂလာဆောင်မှာဖြစ်ဖြစ် အလှူတွေဘာတွေပဲဖြစ်ဖြစ် အသိအကျွမ်းတွေနဲ့ဆုံမိတဲ့အခါ ဘယ်နေ့စားရမှာလဲလို့ ပြုံးစိစိမေးတာတွေကို စိတ်ကုန်နေပြီလား။
ဒီလူတွေကို တန်ပြန်ဖို့ အချိန်တန်ပြီလေ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ ကောင်းတဲ့အချက်တွေအများကြီးဆိုတာ သူတို့သိအောင် အချက်ကျကျ ပြောလိုက်ရအောင်။
ဘယ်သူ့ကိုမှ စောင့်နေစရာမလိုဘဲ ဘယ်သူ့ဝန်ထုပ်ဝန်ပိုးကိုမှ ထမ်းနေစရာမလိုဘဲ ဘယ်သွားချင်လဲ ခုချက်ချင်းထသွားလို့ရတယ်။ ဘာလုပ်ချင်လဲ ခုချက်ချင်းထလုပ်လို့ရတယ်။ ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူး။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လွတ်လွတ်လပ်လပ်အချိန်ဖြုန်းနိုင်တယ်။ ပြန်မလာသေးဘူးလားဆိုပြီး ဆူပူမာန်မဲမယ့်သူမရှိဘူး။ ဒီအချိန်ကလေးထိန်းရမှာမို့လို့ပါဆိုပြီး စောစောထပြန်လာစရာမလိုဘူး။
ကလေးတစ်ဘက်နဲ့မို့၊ ကလေးနေမကောင်းလို့၊ မိန်းမနဲ့ အပြင်သွားရမှာမို့၊ ယောက်ျားအလုပ်ပွဲရှိလို့စသဖြင့် သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ သာရေးနာရေးပွဲတွေကို အများဆုံးပျက်ကွက်တတ်တာ ဘယ်သူတွေလို့ထင်ပါသလဲ။
တစ်ယောက်တည်းသမားတွေကတော့ ဒီဝန်တွေကင်းတယ်၊ ဒုက္ခတွေမရှိတဲ့အတွက် ဆရာကန်တော့ပွဲဆိုလည်းလာနိုင်တယ်၊ သူငယ်ချင်းမွေးနေ့လည်းလာနိုင်တယ်၊ အလှူဆိုလည်း ထိပ်ဆုံးကပဲ။ တစ်ယောက်တည်းသမားတွေ ပိုချစ်ဖို့မကောင်းပေဘူးလား။
အိမ်ထောင်သည်ဖြစ်သွားပြီးတဲ့နောက် ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ ကိုယ့်သူငယ်ချင်းတွေကို မြင်ဖူးတယ်ဆိုရင် ဒီအချက်က သိပ်ပြီး အငြင်းပွားစရာမရှိပါဘူး။ ကလေးထိန်းနေတဲ့အချိန်အစား လေ့ကျင့်ခန်းလုပ်ချိန်ရတယ်လေ။ Gym ကို ဒိုးလိုက်ကြဦးစို့။
စုံတွဲတွေနဲ့ အိမ်ထောင်သည်တွေကိုမေးကြည့်ပါဦး။ သူများစိတ်နဲ့ လိုက်နေပေးနေရတာ မပင်ပန်းဘူးလားလို့။ တစ်ယောက်တည်းသမားဆိုရင်တော့ လှောင်အိမ်မရှိတဲ့ ငှက်လိုပဲလေ။ ကိုယ့်ဘာသာအရာရာ ဆုံးဖြတ်နိုင်တယ်။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ အေးရာအေးကြောင်းပဲ။
ပင်လယ်ထဲမှာ ငါးတွေအများကြီးပဲ။ ဘာလို့ ငါးတစ်ကောင်တည်းကို တွယ်ကပ်နေမလဲ။ အိမ်ထောင်သည်ဆိုရင်တော့ တခြားမိန်းကလေးတစ်ယောက်ကိုကြည့်မိတာနဲ့ အနည်းဆုံးတော့ ဗိုက်ခေါက်ဆွဲလိမ်ခံရမှာသေချာတယ်။
စကားပြောဖို့ဆိုတာ ဟိုးအဝေးကြီးမှာ။ သတိနဲ့ ကြည့်ကြပေါ့ကိုယ့်လူတို့။ ပစ်မှတ်ကိုလည်းကြည့် ဘေးပတ်ဝန်းကျင်လည်း သတိပြုပေါ့လေ။ တစ်ယောက်တည်းသမားဆိုရင်တော့ “အန်ကယ်ကတော့ YES ပါ”။ ကိုယ်ကြိုက်တာကိုယ်ကြည့်မှာပဲ။ ကြိုက်တဲ့သူနဲ့စကားပြောမှာပဲ။
“ရှင့်ပုံကို Love reaction ပေးထားတဲ့ ဟိုမိန်းမကို ဘလော့လုပ်ပေး” “မင်းကို စကားလာလာပြောနေတဲ့ကောင်က ဘယ်ကကောင်တုန်း၊ ဘယ်သူတုန်း။ အခုချက်ချင်း ပရိုဖိုင်ကို နှစ်ယောက်တွဲပုံတင်”
ဒါမျိုးလေးတွေများ ရင်းနှီးကြလားမသိဘူးနော်။ ကဲကဲ။ ဖေ့ဘွတ်တိုက်ပွဲကျဆုံးသွားကြရှာတဲ့ အိမ်ထောင်သည်တွေနဲ့ RS တွေအတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးလိုက်ကြရအောင်။
စောစောထပြီး ယောက်ျားအတွက် ထမင်းချိုင့်ပြင်ပေးရတာ။ ညတုန်းက ကလေးငိုနေလို့ တစ်ညလုံးမအိပ်ရဘဲ မနက်အလုပ်သွားရတာ။ ထမင်းဟင်းချက်၊ အဝတ်အစားတွေလျှော်ဖွပ်မီးပူတိုက်၊ ကလေးထိန်း စသဖြင့် စသဖြင့် အိပ်လို့မပျော်တဲ့ညများကို တစ်ယောက်တည်းသမားတွေက တာ့တာပါတဲ့။ အိပ်ချင်တဲ့အချိန်အိပ်ပြီး မနက်ကို ထချင်တဲ့အချိန်ထလို့ရနေတဲ့ တစ်ယောက်တည်းသမားတွေအားလုံး ချီးယားစ်ပါဗျား။
တကယ်တော့ တစ်ကိုယ်တည်းသမားပဲဖြစ်ဖြစ် စုံတွဲရှိတဲ့သူ၊ အိမ်ထောင်သည်ဖြစ်ဖြစ် ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားရဖို့က အဓိက အရေးကြီးတာပါ။ တစ်ယောက်တည်းနေတာ ပျော်ရွှင်တယ်ဆိုရင် တစ်ယောက်တည်းနေပါ။
အိမ်ထောင်ပြုလိုက်မှ သာယာမယ်ထင်ရင်လည်း အိမ်ထောင်ပြုပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကလွဲပြီး ဘယ်သူ့ဖိအားကြောင့်၊ တိုက်တွန်းမှုမှကြောင့်တော့ ကိုယ့်ဘဝကို မရွေးချယ်ပါစေနဲ့။ တစ်ကိုယ်တည်းသမားဖြစ်ဖြစ် အိမ်ထောင်သည်တွေပဲဖြစ်ဖြစ် ပျော်ရွှင်သာယာတဲ့ ဘဝကို ရနိုင်ကြပါစေ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။