အလှတရား ဆိုတာ ဘုရားကပေးတယ်ပဲဆိုဆို၊ မိဘနှစ်ပါးဆီက အမွေရတယ်ပဲဆိုဆို ဒါဟာ သင့်အတွက် အထူးသီးသန့်ရှိနေတဲ့ အရာတစ်ခုပါ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ဝိသေသတစ်ခုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မတူညီခြင်းကပဲ ရောင်စုံအလှတရားတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်တဲ့အလှတရားကို တန်ဖိုးထားပါ။