မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ခါးရိုးထုံဆေးတွင် ထုံးဆေးနှင့် တခြားအနာသက်သာဆေးများကို ကျောရိုးအာရုံကြောမအနီးရှိ ဂျူရယ်အပေါ်လွှာဆီသို့ ထိုးသွင်းခြင်းဖြစ်သည်။ ထိုမှနေ၍ ခန္ဓါကိုယ်ရှိ နာကျင်မှုကိုသယ်ဆောင်ပေးသော အာရုံကြောများအား ထုံသွားစေနိုင်ပါသည်။
ခါရိုးထုံဆေးအား သူချည်းလဲသုံးနိုင်သလို မေ့ဆေး အိပ်ဆေးများနှင့်လည်း အသုံးပြုနိုင်ပါသည်။ ခွဲစိတ်ပြီးနောက် အနာသက်သာစေရန်လည်း ခါရိုးထုံးဆေးကို သုံးနိုင်ပါ၏။
ခါရိုးထုံဆေးအာနိသင်တောက်လျှောက်ရစေရန် အပိုဆောင်းဆေးပမာဏထိုးခြင်း သို့မဟုတ် ဆေးပမာဏနည်းနည်းကို တောက်လျှောက်သွင်းနေခြင်း ပြုလုပ်နိုင်ပါသည်။
အောက်ပါအခြေအနေများတွင် အနာသက်သာစေရန် ခါးရိုးထုံဆေးကို သုံးနိုင်ပါသည်။
ခါရိုးထုံဆေးအား သုံးလာသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ခွဲစိတ်ပြီးနောက် နှင့် ကလေးမွေးစဉ် အနာသက်သာစေရန် ထိရောက်သည့်နည်းတစ်ခုဖြစ်ကြောင်း လက်ခံထားကြပါသည်။ သို့သော် တခြားနည်းလမ်းများကဲ့သိုပင် အန္တရာယ်များ ရှိနိုင်ပါသည်။ မပြင်းထန်ဟုဆိုသော်လည်း ထုံဆေးထိုးမထိုး ဆုံးဖြတ်ရန်အတွက် သိထားသင့်၏။
တခြားမေ့ဆေးထုံဆေးများလို ခါရိုးထုံဆေးသည်လည်း မှန်ကန်စွာ မထိုးတတ်ပါက အန္တရာယ်များ ရှိသည်သာပင်။
ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။
မေ့ဆေးဆရာဝန်မှ သင့်ကျန်းမာရေးနှင့် ပါတ်သတ်ပြီး မေးပါလိမ့်မည်။ ထုံဆေးမထိုးခင် လက်ရှိကျန်းမာရေးပြဿနာများကို ပြောပြပါ။ ထိုမှ ထုံဆေးနှင့်တည့်မတည့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
မေ့ဆေးဆရာဝန်သည် ထုံဆေးပြွန်ကို ဆေးထိုးအပ်သုံးပြီး သွင်းပါမည်။ ပြွန်မှတစ်ဆင့် ထုံဆေးအနည်းငယ်ထိုးကြည့်မည်။ ထိုးရပြီဆိုပါမှ အာနိသင်ပြမည့်ပမာဏကို ထိုးမည်ဖြစ်သည်။
ပေးသည့်ဆေးအမျိုးအစား ပမာဏပေါ်မူတည်ပြီး ထုံဆေးအာနိသင် ကွာခြားနိုင်ပါသည်။
စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။
ခါးရိုးထုံဆေးထိုးပြီးနောက် လှဲနေသည့်ပုံစံ သို့မဟုတ် ထိုင်လျက်ဖြင့် ခြေထောက်များကို ပြန်ခံစားနိုင်သည်အထိ အနားယူရန် အကြံပေးပါလိမ့်မည်။ ထိုသိုပြန်ခံစားနိုင်ရန် နာရီအနည်းငယ် ကြာနိုင်ပါသည်။ ထုံဆေးပြယ်သည်နှင့် အရေပြားများကျင်သလို စတင်ခံစားရမည်ဖြစ်သည်။
နာကျင်မှုကိုခံစားရပါက ဆရာဝန် သို့ သူနာပြုကို ပြောပါ။ နာကျင်မှုသက်သာစေရန် ဆေးပေးပါလိမ့်မည်။ ခါးရိုးထုံဆေးထိုးပြီးနောက် ကလေးကို နို့တိုက်နိုင်ပါသည်။
Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။