အရက်သေစာနဲ့ ဆေးဝါးများဟာ တစ်ခါတစ်ရံမှာ ယှဉ်တွဲသောက်သုံးမိရင် အန္တရာယ်များပါတယ်။ ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ အရက်သေစာကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက တိုက်တွန်းတတ် ပါတယ်။ ဆေးဝါးများ သုံးစွဲပြီးချိန် အရက်သောက်တဲ့အခါ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမို မြင့်တက်လာတတ် ပါတယ်။