တစ်နေကုန်သွားလာပြီး ညနေနားချိန်များရောက်ပြီဆိုရင် ဖနောင့်တွေထဲက နာလိုက်တာဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးမှာပါနော်။
ဒါတွေကြောင့် ဖနောင့်နာရတာပါ
ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာပါ။ ဒီတော့ တစ်နေ့တာလှုပ်ရှားလိုက်တိုင်းမှာ အဓိက ဝန်ထမ်းထားရတာပေါ့။ ဒီတော့ သတ်မှတ်ထားတဲ့အခြေအနေထက်ပိုလုပ်ရတဲ့အခါခြေဖနောင့်ကနာလာနိုင်ပါတယ်။
- ခြေထောက်က ပုံမှန်မဟုတ်တာ
- ဒေါက်မြင့်ဖိနပ်တွေစီးတာ
- ခြေထောက်နဲ့မကိုက်တဲ့ ဖိနပ်စီးတာ
- အဝလွန်နေတာ
- ကိုယ်ဝန်ဆောင်ေနရတာ
- အလေးအပင်တွေ တစ်ချိန်လုံး သယ်ပိုးထားတာတွေကြောင့် ဖနောင့်နာလာနိုင်ပါတယ်နော်။
ဘယ်လိုသက်သာအောင်လုပ်မလဲ
ဖနောင့်နာတာကို သက်သာစေဖို့ ဒီနည်းလေးတွေက အသုံးဝင်မှာပါနော်။
အနားယူပါ -ခြေထောက်နာတဲ့အခါ မနိုင်ဝန်ထမ်းတာမျိုး မလုပ်ပါနဲ့။ခြေဖနောင့်လေးကို သက်သောင့်သက်ဖြစ်စေဖို့အတွက် အနားယူပေးပါ။
ရေနွေးစိမ်ပေးပါ -ရေနွေးနွေးလေးထဲကို ဆားကြမ်းထည့်ပြီးရေနွေးစိမ်ပေးတာကလည်း ဖနောင့်နာတာကို သက်သာစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးစိမ်ပေးပါနော်။
ရေခဲကပ်ပေးပါ – ဖနောင့်နာတာကို သက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကရေခဲဝတ်ကပ်ပေးတာပါ။ရေခဲကို တဘက်စလေးထဲမှာထည့်လို့ ဖနောင့်နာတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်ပေးလိုက်ပါ။ ဖနောင့်နာတာကို သက်သာစေမှာအသေအချာပါ။
သင့်တော်တဲ့ ဖိနပ်ဝတ်ပေးပါ – ဖိနပ်ကလည်း ဖနောင့်နာတာအပေါ်တော်တော်လေးထိရောက်မှုရှိပါတယ်နော်။ ဒါကြောင့် ဖိနပ်ကိုခြေထောက်နဲ့ အသင့်တော်ဆုံးကိုသေချာရွေးဝယ်ပါနော်။
ခြေထောက်ကို ညတိုင်း အနားပေးပါ – အိပ်တဲ့အခါခြေထောက်ကို ခပ်မြင့်မြင့်လေးထားအိပ်ပေးပါ။ခြေထောက်ကို ဆန့်ဆန့်လေးထားဖို့လည်း မမေ့ပါနဲ့နော်။ ဒီလိုပုံမှန်လုပ်ပေးတာကခြေထောက်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ ဒီတော့ ဖနောင့်မနာစေဖို့အတွက် ဒီအချက်လေးတွေနဲ့ ကြိုတင်ကာကွယ်လိုက်ပါ။
- ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
- ဖိနပ်အမြင့်တွေမစီးပါနဲ့။
- ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်မျိုးကိုရွေးပါ။
- တစ်ချိန်လုံး မတ်တတ်ရပ်တာကိုရှောင်ပါ။
- ညအိပ်ရာမဝင်ခင်ခြေထောက်ကိုနှိပ်နယ်ပေးပါ။
- အားကစားမလုပ်ခင်သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။
- ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။
- ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ မမေ့ပါနဲ့။
ဒီလိုအခြေအနေဆိုရင် ဆရာဝန်နဲ့ သွားပြပါ
- အနာက မသက်သာဘဲ ပိုပြင်းထန်လာမယ်
- ရုတ်တရက် စူးစူးဝါးဝါးနာလာမယ်
- ဖနောင့်ကနီရဲနေမယ်
- ခြေဖနောင့်မှာရောင်နေမယ်
- လမ်းလျှောက်လို့ မရအောင်နာနေမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ပြသကြည့်ပြီး ကုသမှုကို ခံယူပေးပါ။
[embed-health-tool-bmi]