ဒါ့အပြင် ကလေးတွေက ရေသေချာမကူးတတ်သေးတဲ့အခါ ညစ်ပတ်နေတဲ့ ရေတွေကို မျိုချမိလိုက်တာ၊ နှာခေါင်းကနေ အသက်ရှူမိပြီး ရေဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေကူးပြီး ရေသေချာမဆေးကြောဘဲ အဝတ်အစားဝတ်လိုက်တဲ့အခါမှာလည်း ဘက်တီးရီးယား သို့မဟုတ် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ရနိုင်ပါတယ်။
ကလိုရင်းခတ်ထားရင်ရော ရေကန်မသန့်နိုင်ဘူးလား။
ကလေးရေကူးကန်တွေဟာ လူကြီးကန်တွေထက် ပိုညစ်ပတ်တဲ့အတွက် ကလိုရင်းကို ပိုခတ်ပေးသင့်ပါတယ်။ ဒါမှပဲ ရေထဲမှာ ရှိနေသလောက် ရောဂါပိုးမွှားတွေ၊ ကပ်ပါးပိုးကောင်တွေကို သေစေနိုင်မှာပါ။ ကလိုရင်းကို လုံလောက်တဲ့ပမာဏအတိုင်း မခတ်ရင်တော့ ရေထဲမှာ ရောဂါပိုးမွှားတွေ ကျန်နေဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကလိုရင်းသည် ဓာတုဗေဒပစ္စည်း ဖြစ်တဲ့အတွက် ကလေးတွေရဲ့ အရေပြားကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အရေပြားနီပြီး ယားယံတာ၊ ပွန်းပဲ့တာ၊ အင်ပျဉ်ထတာမျိုးအပြင် ကလိုရင်းရေတွေ မျိုချလိုက်မိတဲ့အခါ ကလိုရင်းအဆိပ်သင့်တဲ့အထိ အန္တရာယ်ကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။