backup og meta

ကျိုးသွားတဲ့အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ။

ကျိုးသွားတဲ့အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ။

အရိုးကျိုးသွားတဲ့ပြဿနာဟာ လှုပ်ရှားလို့လည်းမရ သွားလို့လာလို့လည်းမကောင်း တစ်ပတ် ၂ ပတ်နဲ့ ပြန်သက်သာတာမျိုးတွေ မဟုတ်တော့ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုအချိန်တွေဆို ဘယ်တော့ ပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုပြီး ထိုင်တွေးနေရုံမှအခြား ဘာမှ လုပ်လို့မရဘူးလေ.။ ဒါပေမယ့် အရိုးမြန်မြန်ပြန်ဆက်စေဖို့ကိုယ်တွေဘက်က လုပ်ပေးနိုင်တာ လေးတွေ ရှိတယ်ဆိုရင် အံ့သြသွားမလား။ ဘာမှမလုပ်တာထက်စာရင် ဒါလေးတွေ လိုက်နာပြီ းလုပ်ပေးတော့ စိတ်သက်သာတာပေါ့။

ကျိုးသွားတဲ့ အရိုးကို မြန်မြန်ပြန်ဆက်စေချင်ရင် ဒါတွေလိုက်နာပါ။

အရိုးကျိုးနေတဲ့အချိန် အဓိက လုပ်ရမှာကတော့ ကျိုးသွား ဒဏ်ရာရသွားတဲ့အရိုးကို ဘာမှမလုပ်ဘဲ နားနေဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့

ပရိုတင်း ြဖည့်စွက်အားဆေးတွေသောက်ပါ။

အရိုးဖွဲ့စည်းမှုတစ်ခုမှာအဓိက အရေးအကြီးဆုံးနဲ့ အများဆုံးက ပရိုတင်းတွေပဲ ဖြစ်တာကြောင့် အရိုးပြန်သန်မာစေဖို့နဲ့ မြန်မြန်ပြန်ဆက်စေဖို့ ပရိုတင်းဖြည့်စွက်အားဆေးတွေ များများသောက်ပေးဖို့လိုပါတယ်။

ဓါတ်တိုးဆန့်ကျင့်ပစ္စည်းကြွယ်ဝတာတွေစားပါ။

တစ်ရှူးတွေထိခိုက်မိရာကနေ ထွက်လာတဲ့ ဓါတ်တိုးပစ္စည်းတွေကြောင့် အရိုးပြန်ဆက်တဲ့နေရာမှာ အချိန်ကြန့်ကြာသွားနိုင်တာကြောင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidants ကြွယ်ဝတာတွေစားပေးဖို့လိုပါတယ်။ ဗီတာမင် A C E ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အခြား အစိမ်းရောင် အသီးအရွက်တွေက ဓါတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အစားအစာတွေပါ။

သတ္တုဓါတ်ကြွယ်ဝတဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း မေ့ထားလို့ မရသေးပါဘူး။

အရိုးတစ်ခုဖွဲ့စည်းထားတဲ့နေရာမှာ ကယ်လ်ဆီယမ်၊ ဆီလီကွန်နဲ့ မဂ္ဂနီဆီယမ် ၊ဖော့စဖောရက်စ်နဲ့ ဇင့်ဓါတ်တို့ ပါဝင်နေပါတယ်။ ဒီတော့ ကျိုးသွားတဲ့ အရိုးမြန်မြန်ပြန်ဆက်စေဖို့ ခုပြောခဲ့တဲ့ ဓါတ်တွေ ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဒါမှ soft callus လို့ခေါ်တဲ့အရိုးကျီးပေါင်း မြန်မြန်တက်ပြီး အ ရိုးပြန်ဆက်ချိန် မြန်မှာပါ။

ဗီတာမင် ကြွယ်ဝတာတွေစားပါ။

ဗီတာမင်တွေက အရိုးဆဲလ်အသစ်တွေထွက်စေတဲ့နေရာမှာ အားပေးတာကြောင့် အရိုးကျိုးတာ မြန်မြန်ပြန်ဆက်ဖို့ဆို ဗီတာမင် C D Kကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ပါဆိုပေမယ့် ဒါဟာ အရိုးပြန်ဆက်နေတဲ့အချိန်မှာ လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ အရိုးပြန်ဆက်သွားပြီလို့ ယူဆရတဲ့အခါကျမှသာ တစ်ချိန်လုံ းအနားပေးထားတဲ့ အရိုးပြန်သန်မာအောင်လို လေ့ကျင့်ခန်းလုပ်ရမှာ ဖြစ်ပါတယ်။

ဆေးလိပ် ရှောင်ပါ။

ဆေးလိပ်ဆိုတာ အနာကျက်နှေးခြင်းကို ဖြစ်စေတဲ့အဓိက တရားခံပါ။ ကိုယ်က အရိုးလည်းကျိုးနေသေး ဆေးလိပ်လည်းဆက်သောက်နေသေးတယ်ဆိုရင်တော့ သေချာပါတယ်။ အရိုးပြန်ဆက်ဖို့ အချိန်တော်တော် ယူရပါလိမ့်မယ်။

နောက်ပြီး ဆရာဝန်ချိန်းတဲ့အတိုင်း ပြန်သွားပြီး ဓါတ်မှန်ပုံမှန်ရိုက်ပါ။ ဒါမှ ကိုယ့်အရိုးကပြန်ဆက်လား မဆက်ဘူးလား ။ နေရာတကျရောဖြစ်ရဲ့လား၊ ခွဲစိတ်ဖို့လိုလား မလိုဘူးလားသိမှာ ဖြစ်ပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/322419.php

Accessed Date 13.9.2019

https://www.medicalnewstoday.com/articles/326285.php

Accessed Date 13.9.2019

ယခုပုံစံ

29/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ

အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement