တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။
- ဆီးအိမ် သေးတယ်ဆိုတာ အခြား ဆီးအိမ်တွေနဲ့ ယှဉ်ရင် အရွယ်အစား အရမ်းသေးနေတာကို ပြောတာမဟုတ်ပါဘူး။ ဆီးလေးနည်းနည်းလေးပြည့်လာတာနဲ့ ဆီးကို မထိန်းနိုင်တော့ဘဲ ဆီးသွားချင်တာကို ပြောတာဖြစ်ပါတယ်။
ဆီးအိမ်ကြွက်သားများ အလုပ်ပိုလုပ်ခြင်း ။ ။
- ဆီးအိမ်က ကြွက်သားတွေဖြစ်တဲ့ Detrusor ကြွက်သားတွေဟာ ဆီးသွားချင်ရင် ကျုံလာရပြီး ဆီးတွေသိုလှောင်ထားတဲ့အချိန်ဆို ကြွက်သားတွေ ဆန့်လာရပါတယ်။ ဒီကြွက်သားတွေ အချိန်မှားပြီး အလုပ်လုပ်တဲ့အခါမျိုးဆို ဆီးမထိန်းနိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကို overactive bladder လို့ခေါ်ပါတယ်။ ဒီဝေဒနာ ခံစားနေရတဲ့သူတွေအနေနဲ့ ညဘက်အိပ်ရာထဲ ဆီးသွားတတ်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ။ ။
- ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီးအိမ်ထဲက ကြွက်သားတွေ ရောင်ပြီး ဆီးနည်းနည်းကိုပဲ သိုလှောင်နိုင်တော့တာကြောင့် ညဘက် ဆီးမထိန်းနိုင်တာ၊ အိပ်ရာထဲ ဆီးသွားတာမျိုးတွေကို ပိုဖြစ်စေပါတယ်။ ။
အိပ်ခါနီးရေအများကြီးသောက်မိခြင်း ။
- အိပ်ခါနီးမှာ ရေတွေအများကြီးသောက်မိတာ၊ ဘီယာတွေ သောက်ထားပြီး မူးပြီး အိပ်ပျော်သွားတဲ့သူတွေ က ညဘက် အိပ်ရာထဲ ဆီးသွားနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ ။
ကဲ ဒီစာကိုဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာရော ခုလို ညဘက် အိပ်နေရင်း အိပ်ရာထဲ ဆီးသွားမိတာ မျိုးတွေ ဖြစ်ဖူလား။ ၂ လလောက်မှတစ်ခါ ဖြစ်ရင်တော့ သိပ်ကိစ္စမရှိဘူးလို့ ပြောလို့ရပေမယ့် အကြိမ်အရေအတွက် စိပ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သေချာသွားပြပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို အဖြေရှာရမယ့်အချိန်ဖြစ်နေပါပြီ။ ။