backup og meta

အဆီကျဖို့အတွက် သင်ကိုယ်သင်မေးသင့်တဲ့ မေးခွန်း ၄ ခု

အဆီကျဖို့ ကိုယ်ရည်စစ်ဖို့အတွက်က ကျန်းမာရေးအကြောင်း သင်ဘယ်လောက်သိသလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သင်သိထားတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။

လူတော်တော်များများက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ရွေးစားသင့်တယ်ဆိုတာ နားလည်ထားကြပါတယ်။ ပိုပြီး နားလည်တဲ့သူက ကိုယ်ခန္ဓါကိုယ်ကို ပိုပြီးကျန်းမာကြံခိုင်အောင် လုပ်နိုင်ဖို့ လွယ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားယွင်းတဲ့ဇီဝကမ္မ ဖြစ်စဉ်တွေမရှိဘဲ ဟိုမုန်းမညီမျှမှုတွေမရှိဘဲနဲ့ ကျန်းမာနေတယ်ဆိုရင်တော့ ဒါ ကံကောင်းတာပါပဲ။

ခန္ဓါဗေဒနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ အားသိပ်မစိုက်ရတဲ့ လွယ်ကူပြီးရိုးရှင်းတဲ့ ဆောင်ရွက်ချက်လေးတွေလုပ်ရုံနဲ့ အကျိုးရှိမယ့်မရာတွေကို ရှာဖွေနေခဲ့ပါတယ်။ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ မိမိအစာစားမယ် ဒါမှမဟုတ် စားဖို့ပြင်ဆင်နေအချိန်မှာ မေးခွန်းလေးတွေ မေးဖို့ပဲ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေမေးခြင်းအားဖြင့် ကိုယ်စားမယ့် အစားအသောက်က ကိုယ့်ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှု ရှိစေလဲဆိုတာ သိနိုင်မှာဖြစ်ပြီး စားသင့်မစားသင့် ဆုံးဖြတ်ချိန်ရမှာလည်း ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်တွေရဖို့ မေးခွန်းအတွက် ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက်တွေ စဉ်းစားထားဖို့လိုအပ်ပြီး ဒီမေးခွန်းတွေကနေတဆင့် ဖြစ်နိုင်ချေအရှိဆုံး အကောင်းဆုံး အပြုအမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မေးခွန်း (၁) ကိုယ့်အတွက် အကျိုးရှိမယ့် အစားတွေစားနေတာလား။

ဒါက အရေးကြီးတဲ့ မေးခွန်းပါပဲ။ ကယ်လိုရီတွေက ညီညီမျှမျှ ဖြစ်နေတာပါ။ အစားမှားရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်တတ်ပါတယ်။ ရှင်းလင်းမှန်ကန်တဲ့ အစားတွေစားရင် ကိုယ်ခန္ဓါရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး ကယ်လိုရီနဲ့ အဆီကို ချေဖျက်ရာမှာလည်း ပိုလွယ်ပါတယ်။ အစာပိုတွေကို လျှော့ပါ။ မူလအခြေအနေအတိုင်း မဟုတ်ဘဲ ပြန်လည်ပြုပြင်ထားတဲ့ အစားအသောက်မှန်သမျှ ကန့်သတ်ပြီး စားပါ။

မေးခွန်း (၂) အသားဓါတ်ပါသလားမေးပါ။

အသားဓါတ်က သင့်အဆီကျဖို့နဲ့ ကြွက်သားတိုးပွားဖို့ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်စားတဲ့အထဲမှာ အသားဓါတ်ပါပါစေ။

မေးခန်း (၃) အစားထဲမှာ ကစီဓါတ်နဲ့ သကြားဓါတ်တွေများနေလား။

သကြားဓါတ်နဲ့ ကစီဓါတ်များများပါတာက သင့်အဆီကျဖို့ ခက်ခဲစေတဲ့အပြင် ပိုလို့တောင် တက်စေနိုင်ပါတယ်။ သကြားဓါတ်က လက်ပတင်ဟိုမုန်းရဲ့ အလုပ်တွေကို ဟန့်တားပေးပြီး ဗိုက်ဝနေတယ်လို့ မခံစားရအောင် လုပ်ပေးပါတယ်။

ခန္ဓါကိုယ်မှာ သကြားဓါတ် ကစီဓါတ်တွေ ပြည့်နေပြီ ဆိုတဲ့အကြောင်း လက်ပတင်ဟိုမုန်းက ဦးနှောက်ဆီ အချက်ပြတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒါကြောင့် သကြားဓါတ်တွေ အများကြီးဝင်သွားတဲ့အခါမှာ လက်ပတင်ဟော်မုန်း မထွက်တော့ဘဲ ဗိုက်ပြည့်တယ်လို့ ခံစားရတော့မှာ မဟုတ်တာကြောင့် သင့်အနေနဲ့ အများအပြား စားမိနေပါလိမ့်မယ်။

ကစီဓါတ်အမျိုးမျိုးရှိပါတယ် ဥပမာ ပေါင်မုန့်နဲ့ ဂျုံခေါက်ဆွဲ။ စားသောက်တဲ့နေရာမှာ ဘယ်လောက်ပမာဏ စားသင့်တယ်၊ ဘယ်အချိန်စားသင့်တယ်၊ ဆိုတာတွေက သင့်ကိုယ်သင် မေးသင့်တဲ့မေးခွန်းတွေပါပဲ။

မေးခွန်း (၄) အသီးအရွက်တွေ လုံလုံလောက်လောက်စားရဲ့လား။

အရောင်စုံတဲ့ အသီးအရွက်တွေစားတာက ရောဂါကာကွယ်ပေးတဲ့ ဓါတုပစ္စည်းတွေ ရနိုင်ပါတယ်။ ဒီဓါတ်က အပင်တွေကသာ ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ အပင်စားတဲ့သတ္တဝါတွေကို စားခြင်းဖြင့်လည်း ဒီဓါတ်အနည်းငယ်ရရှိနိုင်ပါတယ်။

အပင်တွေထုတ်ပေးတဲ့ ဒီဓါတ်က ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်စေတဲ့ ဒြပ်ပေါင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တဲ့သဘောပါပဲ။ ဒါကြောင့် အသီအရွက်တွေစားတာက ကျန်းမာတဲ့ဆဲလ်တွေကို ဒိုင်းနဲ့ကာကွယ်ထားသလိုပါပဲ။ ကံကောင်းတာကတော့ အပင်ကနေရတဲ့ ဒီဓါတ်က အပင်မှာ အလုပ်လုပ်တဲ့အတိုင်း ကျွန်တော်တို့ ခန္ဓါကိုယ်မှာလည်း အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးအတွက် အပင်တွေကနေ ခဏငှားပြီး သုံးတဲ့သဘောပါပဲ။

အသီးအရွက်စားတာက အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓါတ်နဲ့ ဗီတာမင်တွေလည်း ရရှိစေပါတယ်။ ဒီတစ်ခါ မေးသင့်တဲ့မေးခွန်းကတော့ ဘယ်လောက်များများ စားဖို့လိုတာလဲနဲ့ လတ်ဆတ်ပြီး အရည်အသွေးမီတဲ့ အသီးအရွက်တွေစားလို့ အဆီများလာတဲ့သူအကြောင်း သင်နောက်ဆုံးဘယ်အချိန်က ကြားဖူးခဲ့လဲ ဆိုတာပါပဲ။

ဒီလိုမေးခွန်းတွေကို သင့်ကိုယ်ပိုင်ဖန်တီးပုံဖော်ပြီး ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ ရည်မှန်းချက်ဆီကို အမှန်တကယ် ဦးတည်နေသလားဆိုတာ အမြဲတမ်းမေးခွန်းထုတ်ဖို့ လိုပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: Phil is a health practitioner and expert in body transformation. His services are available at Star Fitness (starfitnesssaigon.com), online or at your home. Contact him though his website phil-kelly.com or Facebook.com/kiwifitness.philkelly.

ယခုပုံစံ

30/03/2022

Dr. Phio Thiha မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနှင့် statins (အဆီကျ) ဆေးဝါးများ

တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement