backup og meta

အရိုးကိုက်ခြင်းကိုကုသသည့်ဆေးများ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးကိုက်ခြင်းကိုကုသသည့်ဆေးများ

    အရိုးကိုက်ခြင်းဝေဒနာခံစားရသူတွေဟာ ကုသနည်းအမျိုးမျိုးလမ်းညွှန်ခံရတတ်ပါတယ်။ ထိုအခါမှာ ဘယ်နည်းသုံးရမလဲဝေခွဲမရဖြစ်တတ်တယ်။ သင့်ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ဆရာဝန်က သင်နဲ့သင့်တော်တဲ့ဆေးတစ်မျိုးမျိုးပေးပါလိမ့်မယ်။

    ဘာကြောင့်အရိုးကိုက်ရသလဲ

    အရိုးကိုက်ခြင်း၊ နာခြင်းဟာ အရိုးကျိုးခြင်း ဒါမှမဟုတ် အရိုးကိုထိခိုက်စေတဲ့ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်လာရတယ်။ ဥပမာ-

    • ဒဏ်ရာရခြင်း
    • ကျိုးခြင်း
    • အရိုးအဆစ်များအသုံးများခြင်း
    • ကင်ဆာ
    • သွေးထောက်ပံ့မှုမလုံလောက်ခြင်း
    • အရိုးတွင်ရောဂါပိုးဝင်ခြင်း
    • သွေးကင်ဆာ
    • လိုအပ်သောသတ္ထုဓါတ်များနည်းခြင်း ( အရိုးပါးခြင်း)

    အရိုးကိုက်ခဲနာကျင်ခြင်းဟာ အရိုးတွေဆုံးရှုံးခြင်း၊ ကယ်လ်စီယမ်ဓါတ်နည်းခြင်း တို့ဆီကိုလည်းဦးတည်သွားနိုင်ပါတယ်။

    ကုသနည်း

    အရိုးကိုက်ခြင်းအတွက်သုံးလေ့ရှိတဲ့ဆေးတချို့ကတော့-

    ပဋိဇီဝပိုးသတ်ဆေး – အရိုးမှာရောဂါပိုးဝင်ခြင်းကြောင့် ကိုက်ခဲရပါက ပိုးသတ်ဆေးသုံးနိုင်ပါတယ်။ ပိုးသတ်ဆေးကို သောက်နိုင်သလို၊ အကြောဆေးအနေနဲ့လည်းသွင်းနိုင်တယ်။ ဒါပေမယ့်ဆေးယဉ်ပါးခြင်းကိုရှောင်ရှားဖို့အတွက် အညွှန်းအတိုင်းကုန်အောင်မှီဝဲရပါမယ်။

    သုံးလေ့ရှိသော ပဋိဇီဝပိုးသတ်ဆေးများ – neomycin, polymyxin B, pramoxine

    အတက်ကျဆေး – အတက်ကျဆေးတွေက အာရုံကြောရဲ့ နာကျင်မှုကိုတုံ့ပြန်ခြင်းကိုလျှော့ချပေးတယ်။ နာကျင်မှုခံစားရတဲ့အခါ သင့်အာရုံကြောတွေက နာကျင်ခြင်းခံစားချက်ကိုသယ်ဆောင်ပါတယ်။ နာကျင်မှုအသိ၊ နာကျင်ခြင်းကိုလက်ခံသော အာရုံကြောများလေလေဖြစ်ပြီး ပိုပြီးနာကျင်လေလေဖြစ်တယ်။ အတက်ကျဆေးတွေကို လူကြီးတွေမှာ အာရုံကြောဆိုင်ရာပြဿနာတွေကြောင့် နာတာရှည်နာကျင်မှုတွေခံစားရတဲ့အခါသုံးလေ့ရှိပါတယ်။ တခါတရံမှာ အာနိသင်ပိုထိရောက်ဖို့အတွက် တခြားလိုအပ်တဲ့ဆေးတွေနဲ့တွဲသုံးလေ့ရှိတယ်။

    သုံးတတ်သောအတက်ကျဆေးများ – carbamazepine (Epitol, Tegretol), gabapentin (Gralise, Neurontin), oxcarbazepine (Trileptal), pregabalin (Lyrica), topiramate (Topamax)

    စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ

    ထိုဆေးတွေကလည်း အာရုံကြောတွေမှာ အလုပ်လုပ်ပြီး နာတာရှည်နာကျင်မှုခံစားရသောကြောင့် စိတ်ဓါတ်ကျသောလူနာများမှာသုံးတတ်ပါတယ်။ နာကျင်မှုနဲ့ စိတ်ဓါတ်ကျခြင်းတွေကိုသယ်ပို့ပေးပြီး နာကျင်မှုကိုပိုဆိုးစေတတ်တဲ့ serotonin နဲ့ norepinephrine တွေရဲ့ လုပ်ဆောင်ချက်ကိုတားဆီးပိတ်ပင်ခြင်းအားဖြင့် အလုပ်လုပ်တယ်။

    အသုံးများတဲ့ဆေးတွေကတော့ – amitriptyline, imipramine (Tofranil), clomipramine (Anafranil), doxepin, nortriptyline (Pamelor), desipramine (Norpramin)

    Bisphosphonates

    အရိုးပျက်စီးခြင်းတွေအတွက်သုံးပါတယ်။ အရိုးကျိုးခြင်းနဲ့ ကင်ဆာ၊ အကျိတ်တွေကြောင့်အရိုးပျက်စီးခြင်းတွေအတွက်သုံးတယ်။ ကယ်လ်စီယမ်များခြင်းကိုကုရန်လည်းသုံးလေ့ရှိတယ်။

    သုံးလေ့ရှိတဲ့ တွေကတော့ – alendronate (Fosamax), ibandronate (Boniva), risedronate (Actonel, Atelvia), zoledronic acid (Reclast)

    Corticosteroids

    Corticosteroids တွေဟာ ခန္ဓါကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကိုကုသရာမှာ နာမည်ကြီးတဲ့ဆေးတစ်မျိုးဖြစ်တယ်။ ကင်ဆာ၊ ဒါမှမဟုတ် အလုံးအဖုတွေကြောင့် နာကျင်မယ်ဆိုရင် Corticosteroids သုံးသင့်ပါတယ်။ Corticosteroids တွေဟာ သွေးဖြူဥတွေကို ရောင်ရမ်းသောနေရာများဆီသွားခြင်းကို တားဆီးထားပါတယ်။

    အသုံးများသော Corticosteroids – dexamethasone (Decadron), methylprednisolone (Depo-Medrol, Medrol), prednisolone, prednisone, triamcinolone (Aristospan)

    Narcotics

    Narcotics တွေကနာကျင်မှုကိုထုံသွားပြီး ချက်ခြင်းခေတ္တ နာကျင်မှုမှသက်သာရာရစေပါတယ်။ နာကျင်မှုလှုံ့ဆော်ခြင်းတွေကို ပိတ်ပင်ပြီး နာကျင်ခြင်းကိုသက်သာစေတယ်။ ဒါပေမယ့် တခါတရံမှာ ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါယ် – ဝမ်းချုပ်ခြင်း၊ ေဝဝါးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း တို့ဖြစ်တယ်။

    အသုံးများသော Narcotics တွေကတော့ – codeine (only available in generic form), fentanyl (Actiq, Duragesic, Fentora), hydrocodone (Hysingla ER, Zohydro ER), hydrocodone/acetaminophen (Lorcet, Lortab, Norco, Vicodin), hydromorphone (Dilaudid, Exalgo), meperidine (Demerol), methadone (Dolophine, Methadose), morphine (Astramorph, Avinza, Kadian, MS Contin, Ora-Morph SR), oxycodone (OxyContin, Oxecta, Roxicodone), oxycodone and acetaminophen (Percocet, Endocet, Roxicet), oxycodone and naloxone (Targiniq ER)

    NSAID –

    နောက်ထပ်အသုံးများတဲ့ဆေးတစ်မျိုးကတော့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် ကဲ့သို့ NSAID ဖြစ်တယ်။ ထိုဆေးတွေက ကြွက်သားနဲ့ အရိုးတွေနာကျင်မှုအတွက်သုံးလေ့ရှိပါတယ်။ တခြားသောလက္ခဏာတွေအတွက်လည်းသုံးနိုင်တယ်။

    သုံးလေ့ရှိသော NSAID များ – ibuprofen (Advil, Motrin), naproxen (Aleve), celecoxib (Celebrex), diclofenac (Voltaren), ketoprofen, naproxen (Anaprox), piroxicam (Feldene), sulindac (Clinoril)

    မည်သည့်ဆေးကိုမှီဝဲသည်ဖြစ်စေ ရုတ်တရတ်မရပ်လိုက်ပါနဲ့။ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မည်သည့်ကုသနည်းအဆင်ပြေသလဲ ဆရာဝန်မှသေချာချင့်ချိန်ပြီးပေးပါလိမ့်မယ်။ ဆေးတစ်ခုရဲ့ လုပ်ဆောင်ချက်၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိုဘေးထွက်ဆိုးကျိုးတွေကိုဘယ်လိုကာကွယ်မလဲကို နှိုင်းယှဉ်စဉ်းစားချင့်ချိန်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement