backup og meta

ယောဂသင်တန်းအပြီးမှာ သင်မလုပ်သင့်သော အရာများ

တကယ်လို့ သင်က ယောဂီတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့နည်းပြက ယောဂသင်တန်းမစမီနဲ့ ပြီးဆုံးတဲ့အချိန်အတွင်း ဘာတွေလုပ်ရမယ်ဆိုတာက စိတ်နဲ့ ခန္ဓါအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြဖူးပြီလို့ ထင်ပါတယ်။ ယောဂသင်တန်းမစမီ လုပ်လိုက်တဲ့အရာတွေက သင်တန်းချိန်အတွင်းသင့်ရဲ့ လုပ်ဆောငမှုတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး သင်တန်းချိန်နောက်ပိုင်းမှာ လုပ်လိုက်တာတွေက ပိုလို့တောင်အရေးကြီးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကပဲ သင့်အတွက် တကယ်ရလာမယ့် အကျိုးကျေးဇူးကို ဆုံးဖြတ်ပေးနိုင်မှာမို့ပါ။

၁။ အရက်နဲ့ သကြားပါဝင်တဲ့ သောက်စရာတွေကို မသောက်ပါနဲ့။

ယောဂဟာ အသိမ်မွေ့ဆုံးနဲ့ မပင်ပန်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် သင့်ကိုတော့ ချွေးထွက်စေနိုင်သေးတာပါပဲ။ သင့်ခန္ဓါကိုယ်အတွင်းပိုင်းက အပူတွေကို တိုက်ထုတ်နိုင်ဖို့ ဆိုဒါ သို့မဟုတ် ဘီယာကို ရွေးချယ်လိုက်ချင်စရာပါ။ ဒါပေမဲ့ ဒါဟာ ကျန်းမာရေးအတွက်တော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ချွေးထွက်များတဲ့ ယောဂသင်တန်းချိန်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်အတွက် သင်ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဖန်ခွက်အကြီးကြီးနဲ့ ရေတစ်ခွက်သောက်တာပါပဲ။ ဒါက သင့်ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓါတ်ကိုပြန်ဖြည့်ပေးနိုင်ပါတယ်။

ဘယ်လိုအားကစားကိုပဲလုပ်လုပ် ရေဓါတ်ပြည့်နေဖို့က အဓိကပါပဲ။ တကယ်လို့များ ရေသောက်ရတာက နွေရက်တွေမှာ အရမ်းကိုပျင်းစရာကောင်းနေတယ်ဆိုရင် အသီးဖြတ်ပိုင်းလေးတွေ ဥပမာ သခွားသီး၊ သစ်တော်သီး၊ လိမ္မော်သီး နဲ့ ဘယ်ရီသီးတွေကို လှီးထည့်ပြီး အရသာဖြည့်နိုင်ပါတယ်။ သင်လိုချင်သလိုဖန်တီးပါ၊ ရောနှောပါ။ ရေသောက်ရတာ ပျော်စရာကောင်းလာဖို့ စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။

၂။ အဆီများတာတွေ မစားပါနဲ့။

လေ့ကျင့်မှုရဲ့ ရည်မှန်းချက်ဟာ အဆီတွေလျှော့ဖို့နဲ့ သင့်ကို ပိန်သွားစေဖို့ပါ။ သင်တန်းချိန်ပြီးသွားရင်လည်း အဆီနည်းတဲ့ အစာတွေကို စားခြင်းက သင်ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ အကျိုးရလဒ်တွေကို ဖြုန်းတီးရာ မကျတော့ပါဘူး။ သင်ဘယ်လိုပဲ ပင်ပန်းပင်ပန်း အသင့်စား အစားအစာတွေနဲ့ အကြော်တွေကို ဝေးဝေးက ရှောင်ပါ။ ဘာဂါအကြီးကြီးက ဆွဲဆောင်မှုသိပ်ရှိပါတယ်။ ဒါပေမဲ့ ဒါကပဲ အဆီတွေကို သင့်ခန္ဓါကိုယ်ထဲရောက်အောင် ဆွဲဆောင်နေပါလိမ့်မယ်။

သင့်ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်ပါတဲ့ စားစရာတွေ ဥပမာ ကန်စွန်းဥတွေနဲ့ အသီးအရွက်တွေ၊ ပရိုတိန်းတွေကို နှစ်သက်နေမှာပါ။ ပရိုတိန်းဟာ သင့်ခန္ဓါကိုယ်ရဲ့ ကြွက်သားတွေ ကြီးထွားလာဖို့နဲ့ ဒဏ်ရာတွေ ပျောက်ကင်းဖို့ မရှိမဖြစ်ပါပဲ။ ပရိုတိန်းတွေကို အဆီထုတ်ထားတဲ့ အသားတွေ၊ ဥတွေနဲ့ ခွံမာသီးတွေကနေ ရယူပါ။ အသီးအနှံတွေစားဖို့လည်း မမေ့ပါနဲ့။ ဒါတွေကိုတော့ အချိုပွဲအနေနဲ့စားလို့လည်း ရပါတယ် ဒါမှမဟုတ်လည်း စိတ်ကျေနပ်သွားစေဖို့ အသီးတွေ ရောထည့်ပြီး စားလို့လည်း ရပါတယ်။

ယောဂသင်တန်းအပြီးမှာ သင်ဘာလုပ်လိုက်တယ်ဆိုတာက သင့်ရဲ့ ရလဒ်ကို ကြီးကြီးမားမား ပြောင်းလဲစေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းနဲ့ တွေးခေါ် ပြောင်းလဲပြီးဖြစ်လာမှာတွေကိုကြိုစဉ်းစားဖို့ လိုတာပါ။ အထက်ပါ အကြံဉာဏ်တွေကနေပြီး သင့်ယောဂသင်တန်းကရလာမယ့် အကျိုးကျေးဇူးတွေကို အမြင့်ဆုံးထိရနိုင်ဖို့ ဘာတွေကို ရှောင်ရှားရမယ်ဆိုတဲ့ အသိအချို့သင်ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

AFTER THE ASANA. http://www.yogabasics.com/connect/yoga-blog/after-the-asana-tips-for-eating-after-yoga/ Assessed October 22, 2016

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement