backup og meta

အဆီကျစေမယ့် အမူအကျင့် (၄) ခု

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျစေမယ့် အမူအကျင့် (၄) ခု

    ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းပထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

    ကိုယ်အလေးအချိန်လျှော့ဖို့ သင်အသုံးပြုတဲ့နည်းလမ်းတွေက ကိုယ်ခန္ဓါကိုယ်နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး ပိုမိုကျန်းမာတဲ့ ခန္ဓါကိုယ်ဖြစ်စေဖို့ဆိုတာ မမေ့ပါနဲ့။

    ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းတာက ရေရှည်လုပ်ဖို့တော့လိုပါတယ်။ မဟုတ်ရင် ခဏပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လိုပါတယ်။

    အလားတူပဲ ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်းကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်း(၄)ခုအကြောင်း ဖြစ်ပါတယ်။

    နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

    တစ်နေ့ကို ၁၅ -၂၀ မိနစ်ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကိုယ်ခံအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အလှည့်ကျလုပ်ဆောင်ပါ။

    အိပ်ရာကနေ မိနစ် ၂၀ လောက်စောထပြီးလုပ်ပါ ဒါမှမဟုတ် နေ့လည်ခင်းအချိန်မှာလည်း လုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုပဲ ရွေးချယ်ပါစေ နေ့တိုင်းအချိန်မှန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ လက်မောင်းလေ့ကျင့်ခန်း၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင် စတဲ့ ရိုးရှင်းတာလေးတွေကို သင်အိပ်ယာထ ရေမချိုးခင်မှာ လုပ်နိုင်ပါတယ်။ အချိန်ရရင် အနီးနားက လေကောင်းလေးသန့်ရတဲ့ ပန်းခြံထဲမှာလည်း လုပ်နိုင်ပါသေးတယ်။

    ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလုပ်တာက သင့်ခန္ဓါကိုယ်အချိုးအစားနဲ့ ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက နှလုံး၊ စိတ်နဲ့ ခန္ဓါကိုယ်ကို အလုပ်ပေးထားတဲ့ သဘောပါပဲ။ မနက်ခင်းလေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို အထောက်အကူဖြစ်စေပြီး တနေကုန်လန်းဆန်းတက်ကြွစေနိုင်တဲ့ အန်ဒိုဖင်ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလာပြီး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်မြန်ဆန်စေပါတယ်။ ဒီလိုမြန်ဆန်လာတာနဲ့အမျှ ကိုယ်စားမယ့် အစားအသောက်တွေကို ချင့်ချိန်စရာလည်း သိပ်မလိုတော့ပါဘူး။

    အကျိုးရှိတဲ့အစားအစားကို စားပါ။

    ဒါက သင့်ရဲ့ လက်ကိုင်ဆောင်ပုဒ်တောင် ဖြစ်သင့်ပါတယ်။ အသီးအရွက်တွေစားပြီး ဝနေတဲ့လူရယ်လို့ သင်ကြားဖူးမှာမဟုတ်ပါဘူး။ သဘာဝကပေးတဲ့ အကျိုးရှိတဲ့အစားပါ။ အနောက်နိုင်ငံတွေမှာရှိတဲ့ လူ ၆၆ ရာခိုင်နှုန်းလောက်က အဝလွန်နေကြတဲ့အတွက် သူတို့နိုင်ငံတွေမှာ တကယ့်အသီးအရွက်တွေစားဖို့တောင် လှုံဆော်နေကြရပါတယ်။ ဒါကြောင့် သင်အစားစားတဲ့အချိန်တိုင်းမှာ ခန္ဓါကိုယ်အတွက် တကယ်အကျိုးရှိသလားဆိုတာ သင့်ကိုယ်သင်မေးပါ။

    တစ်နပ်လောက်ဖြစ်ဖြစ် လျှော့စားတာမျိုးမလုပ်ပါနှင့်။

    သင်ဘယ်အချိန် အစာအစားသလဲဆိုတာက သင်ဘာတွေစားသလဲဆိုတာလောက်ကို အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်က လောင်စာလိုအပ်တာဖြစ်တဲ့အတွက် သင်တစ်နပ်လောက်လျှော့ခဲ့ရင် ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးသွားပါတယ်။ အချိန်မှန်မှန်စားတာက သင့်ကိုယ်တွင်းသကြားဓါတ်ကို ညီမျှစေပြီး ရုတ်တရက်အားနည်းသွားတာမျိုးကနေ ကာကွယ်နိုင်ပါတယ်။

    အချိုဓါတ်နည်းတဲ့မနက်စာက ကိုယ်တွင်းအဆီလျှော့ချမှုကို ကူညီပေးနိုင်ပါတယ်။

    အိပ်ရေးဝဝအိပ်ပါ။

    အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နောက်အရေးကြီးတဲ့အရာတွေကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်စားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အကောင်းမြင်စိတ်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလေးချက်ကို သင်မေ့ထားတာက သင့်ကို ကုသပေးနေတဲ့ ဆရာဝန်နာမည်ကို မေ့နေသလိုဖြစ်နေမှာပါ။

    နေ့တိုင်း အချိန်မှန်မှန်အိပ်ပါ။ ၈ နာရီပြည့်အောင် ကြိုးစားအိပ်ပါ။ ဒါမှသာ ခန္ဓါကိုယ်က သဘာဝအတိုင်းလုပ်ဆောင်တဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ စနစ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement