backup og meta

အဆစ်ရောင်ရောဂါရှိသည့် မိဘများကို ယောဂလေ့ကျင့်ရန် ကူညီပေးခြင်း

အဆစ်ရောင်ရောဂါရှိသည့် မိဘများကို ယောဂလေ့ကျင့်ရန် ကူညီပေးခြင်း

ညင်သာသည့်ယောဂပုံစံများသည် အဆစ်ရောင်ရောဂါလူနာများအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံပညာရှင်တို့က ဆိုထားကြသည်။ ယောဂသည် အဆစ်သန်မာမှုနှင့် ပျော့ပျောင်းမှုကို တိုးမြှင့်ပေးနိုင်ပါသည်။ ထို့အပြင် ကိုယ်ဟန်ကိုမျှတစေပြီး နာကျင်မှုကိုလျော့နည်းစေကာ စွမ်းအားကိုပိုပြည့်စေသလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါသည်။

အောက်တွင် ယောဂစလုပ်မည့် သင့်မိဘများအတွက် အကူအညီမပေးခင် သင်သိထားသင့်သည်များကို ဖော်ပြထားပါသည်။

မစတင်ခင် ဆရာဝန်နှင့်ဆွေးနွေးပါ

လေ့ကျင့်ခန်းလုပ်ရန် သင့်တော်မတော်သိရန်၊ ယောဂလုပ်မှ ပိုဆိုးလာနိုင်သည့်အခြေအနေများ ရှိမရှိသိရန် ဆရာဝန်နှင့်အရင်ပြသရန် လိုအပ်ပါသည်။ ထို့အပြင် မိဘများအတွက် အဆစ်နာမှုကို သက်သာစေသည့် အကျိုးများသော လေ့ကျင့်ခန်းအစီအစဉ်များကိုလည်း ဆရာဝန်မှ အကြံပြုနိုင်မည်ဖြစ်သည်။

ကျွမ်းကျင်သည့်နည်းပြနှင့်သာ အမြဲလေ့ကျင့်ပါ

ကျွမ်းကျင်သည့် နည်းပြကိုသာ ရွေးချယ်သင့်ပါသည်။ ထိုမှသာ အဆစ်ရောင်လူနာများအတွက် အကျိုးများနိုင်သည့် အသိပညာနှင့် ပြည့်စုံမည်ဖြစ်သည်။ ထို့အပြင် သင့်မိဘများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ်လိုက်ကာ ယောဂပုံစံများကို ပြုပြင်ပြောင်းလဲပေးနိုင်ပါမည်။ လူနည်းသည့် သင်တန်းမျိုးကိုသာ ရွေးချယ်လုပ်ရန် အကြံပေးပါ။ သင်တန်းသားနည်းလေလေ ဆရာမှ လူအားလုံးအပေါ် အာရုံကောင်းကောင်းစိုက်ပေးနိုင်လေလေဖြစ်ပါမည်။

အထောက်အကူပစ္စည်များသုံးရန် မကြောက်ပါနှင့်

အတုံးများ၊ ဖျာများ၊ တဘက်များ၊ ကုလားထိုင်များလို အထောက်အကူပြုပစ္စည်းများကို သုံးခြင်းဖြင့် ကိုယ်ဟန်ပုံစံများကို တိတိကျကျလုပ်နိုင်ပါလိမ့်မည်။ တစ်ချို့သင်တန်းများက အခမဲ့ပေးသုံးသော်လည်း တစ်ချို့ကတော့ ပေးမသုံးပါ။ အထောက်အကူပစ္စည်းများမရပါ သင့်မိဘများအတွက် သင်ကပင် စီစဉ်ပေးပါ။

အလွန်အကျွံလုပ်ခြင်းကို ရှောင်ပါ

အဆစ်ရောင်နေသည့်လူများသည် များသောအားဖြင့် ကိုယ့် limit ကို ကိုယ်ကောင်းကောင်းသိကြ၏။ ထို့ကြောင့် သင့်မိဘများမှလည်း သူတို့အတွက် ခက်ခဲသည့် သက်တောင့်သက်သာမရှိသည့် လှုပ်ရှားမှုများကို သိပါလိမ့်မည်။ ထို့ကဲ့သို့ ခံစားရပါက ဆက်မလုပ်ဖို့ ပြောထားပါ။ “အနာခံမှ အသာစံရ” ဆိုသည်မှာ ဤအခြေအနေနှင့် မသက်ဆိုင်ပါ။

ဇွတ်လုပ်လျှင် ရောဂါကိုပိုဆိုးသွားစေပါလိမ့်မည်။ လေ့ကျင့်ရာတွင်လည်း ငြင်ငြင်သာသာလုပ်ကြရန် အရေးကြီး၏။ အထူးသဖြင့်ခုမှစလုပ်မည့်သူများတွင် ပိုအရေးကြီးသည်။ ရက်အနည်းငယ်ကြာသည်အထိ နာကျင်မှုကိုမခံစားရလျှင် ကိုယ်ဟန်အနေအထားပုံစံကို တဖြည်းဖြည်းတိုးလုပ်နိုင်ပါသည်။ ယောဂလုပ်ရာမှ မအီမသာခံစားရခြင်း သို့မဟုတ် နာကျင်ခြင်းများရှိပါက ဆရာဝန်၊ နည်းပြနှင့် တိုင်ပင်ဆွေးနွေးပါ။

အချိန်ပေးပြီး သင့်မိဘများနှင့်လိုက်လုပ်ကြည့်ပါ

ပထမတွင် ယောဂလုပ်ရသည်မှာ မလွယ်ကူတတ်ပါ။ သူတို့ရောဂါသည် စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးနေတတ်ပါသည်။ ထို့အပြင် တစ်ချို့ယောဂပုံစံများတွင်လည်း ရောဂါကြောင့် လိုက်လုပ်ဖို့ခက်နေပါလိမ့်မည်။ သင်သာသူတို့နှင့်အတူ လိုက်လုပ်ပါက သူတို့အတွက် အားတက်စေသလို ယောဂဆက်လုပ်ချင်စိတ် တိုးစေနိုင်ပါသည်။

ယောဂသည် အဆစ်ရောင်ခြင်းအများစုကို အထောက်အကူပြုနိုင်ပါသည်။ စိတ်ပြေလျော့မှုကို တိုးစေသည်သာမကပဲ လူတိုင်းကို ခံစားမှုပိုကောင်းစေသည်။ မအီမသာဖြစ်မှုများကို လျော့ပါးစေရန် ကူညီ၏။ အချိန်ကြာသည်နှင့် ကြွက်သားများ၏ခွန်အားကိုပါ တိုးလာစေပါသည်။ သို့သော် သက်တောင့်သက်သာရှိမှုထက် ဘယ်တော့မှပိုမလုပ်နှင့်ဆိုသည့် စည်းကမ်းကို မှတ်ထားပါ။

အချုပ်အားဖြင့် ဖြည်းဖြည်းမှန်မှန်ယောဂကျင့်ခြင်းသည် သင့်မိဘများကို ပျော်ရွှင်ကျန်းမာစေသည့် ဘဝတစ်ခု ပိုင်ဆိုင်စေပါလိမ့်မည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Patient information: Arthritis and exercise (Beyond the Basics). http://www.uptodate.com/contents/arthritis-and-exercise-beyond-the-basics. Accessed August 25, 2016

6 Tips to Use Yoga for Arthritis. http://www.doyouyoga.com/6-tips-to-use-yoga-for-arthritis-16419/. Accessed August 25, 2016

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုဝေဒနာရှင်တို့အတွက် ယောဂကျင့်စဉ်များ

အိမ်မှာယောဂကျင့်မည့် သင့်ဇနီးကို ကူညီပေးခြင်း



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement