backup og meta

အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

အေရိုးဗစ်လေ့ကျင့်ခန်းတွေကလူ့ခန္ဓါကိုယ်ကိုဘယ်လိုကူညီလဲ

အေရိုးဗစ်လေ့ကျင့်ခန်းတွေကသင့်ကိုယ်ထဲကအင်ဆူလင်တွေကို ကောင်းကောင်းအသုံးပြုနိုင်အောင်ကူညီပေးပါတယ်။ ဒါ့အပြင်သင့်ရဲ့နှလုံးနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင်စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ဒါကြောင့် သွေးချိုနဲ့ သွေးတိုးကျစေပြီးသင့်ကိုနှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေပါတယ်။

တစ်ပတ်မှာငါးရက်၊တစ်ရက်မှာအနည်းဆုံးမိနစ်၃၀မိနစ်ဒါမှမဟုတ်တစ်ပတ်မိနစ်၁၅၀ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင့်ရဲ့လေ့ကျင့်ခန်းကိုတစ်ပတ်မှာ၃ရက်ထက်ပိုလုပ်သင့်ပြီး၂ရက်ထက်ပိုပြီးနားတာမျိုးမဖြစ်ပါစေနဲ့။

မှတ်ချက်။ ။ အလယ်အလတ်လေ့ကျင့်ခန်းဆိုတာက လေ့ကျင့်ခန်းလုပ်နေစဉ်သင်စကားပြောနိုင်ပေမယ့်သီချင်းမဆိုနိုင်တဲ့အနေအထားဖြစ်ပါတယ်။ အပြင်းစားလေ့ကျင့်ခန်းဆိုတာကလေ့ကျင့်ခန်းလုပ်နေစဉ်သင်ခဏမနား၊အသက်မရှူဘဲနဲ့စကားအများကြီးမပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်။

စတင်ခြင်း

သင်မကြာသေးခင်ကသိပ်မလှုပ်ရှားဖြစ်ဘူးဆိုရင်အစပိုင်းတစ်ရက်ကို၅မိနစ်ကနေ၁၀မိနစ်လောက်ကနေပဲစတင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့တစ်ပတ်ချင်းစီမိနစ်အနည်းငယ်တိုးတိုးလုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှသင်လေ့ကျင့်ခန်းလုပ်တာကတိုးတက်မှုရှိတာကိုတွေ့ရပြီးသင်ပိုပိုပြီးလုပ်နိုင်လာတာလည်းတွေ့မြင်လာမှာပါ။

အချိန်ရအောင်ယူပါ

တကယ်လို့သင်ကအရမ်းအလုပ်များပြီးတစ်ရက်မိနစ်၃၀အချိန်မပေးနိုင်ဘူးဆိုရင်၁၀မိနစ်စီခွဲလုပ်လို့ရပါတယ်။ လေ့လာမှုတွေအရဒီလိုခွဲလုပ်တာကလည်းဆက်တိုက်လုပ်တာနဲ့အကျိုးသက်ရောက်မှုတူတယ်ဆိုတာ တွေ့ရပါတယ်။

ဥပမာ – အစာစားပြီးတိုင်း၁၀မိနစ်အမြန်လမ်းလျှောက်ခြင်း၊ဒါမှမဟုတ်အလုပ်မသွားခင် လေ့ကျင့်ခန်း၁၅မိနစ်အလုပ်ကပြန်လာရင်၁၅မိနစ်လုပ်ခြင်း စသည်ဖြင့်ခွဲလုပ်လို့ရပါတယ်။

တကယ်လို့သင်ကဝိတ်ချနေတယ်ဆိုရင်တော့တစ်ရက်ကိုလေ့ကျင့်ခန်းမိနစ်၆၀နီးပါးလုပ်ရပါမယ်။

အောက်မှာပြထားတာတွေကတော့လေ့ကျင့်ခန်းဥပမာတွေပါ။

• အမြန်လမ်းလျှောက်ခြင်း

• စက်ဘီးစီးခြင်း

• ကခြင်း

• အေရိုးဗစ်အပျော့စား

• ရေကူးခြင်း/ ရေထဲအေရိုးဗစ်ကစားခြင်း

• တင်းနစ်ကစားခြင်း

• လှေကားတက်ခြင်း

• ပြေးခြင်း

• တောင်တက်ခြင်း

• လှေလှော်ခြင်း

• ရေခဲပြင်စကိတ်စီးခြင်း

• စကိတ်စီးခြင်း

• ဥယျာဉ်စိုက်ခြင်း

ခွန်အားလေ့ကျင့်ခြင်း

ခွန်အားလေ့ကျင့်ခြင်း/ခံနိုင်ရည်အားလေ့ကျင့်ခြင်းကသင့်ရဲ့ခန္ဓါကိုယ်က အင်ဆူလင်ကို ပိုတုံ့ပြန်စေပြီး သွေးတွင်းသကြားဓါတ်ကို ကျစေပါတယ်။ ခွန်အားလေ့ကျင့်ခြင်းကသင့်ကြွက်သားနဲ့အရိုးတွေကိုတည်ဆောက်ထိန်းသိမ်းပေးပြီးသင့်ကိုအဆစ်ရောင်ခြင်းနဲ့အရိုးအက်ခြင်းမှကာကွယ်ပေးပါတယ်။

သင့်မှာကြွက်သားများလေလေသင့်ရဲ့ကယ်လိုရီများများလောင်ကျွမ်းလေပါဘဲ။ အနားယူချိန်မှာတောင်လောင်ကျွမ်းပါတယ်။

ကြွက်သားတွေဆုံးရှုံးမှုမဖြစ်အောင်ခွန်အားလေ့ကျင့်ပေးခြင်းကသင့်နေထိုင်မှုပုံစံကိုပိုအဆင်ပြေစေတဲ့အပြင်အသက်ကြီးလာရင်လည်းအကျိုးကျေးဇူးတွေရစေပါတယ်။

အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင်ခွန်အားလေ့ကျင့်ခြင်းတစ်မျိုးမျိုးကိုပါတစ်ပတ်အနည်းဆုံး၂ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

အောက်ဖော်ပြပါတွေကတော့ခွန်အားလေ့ကျင့်နည်းဥပမာတွေပါ။

• Gym မှာရှိတဲ့အလေးမစက်တွေမှာအလေးမခြင်း

• ခပ်ပေါ့ပေါ့အရာတွေကို‘မ’ခြင်း၊အိမ်မှာရေသန့်ဘူးတွေ ‘မ’ခြင်း

• ဒိုက်ထိုးခြင်း၊ထိုင်ထလုပ်ခြင်းစတဲ့မိမိကိုယ်လက်တွေကိုပဲအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခြင်း

• ပြင်းထန်တဲ့ဥယျာဉ်စိုက်ပျိုးခြင်းလိုမျိုးတခြားလှုပ်ရှားမှုများ

ဒါ့အပြင်သင်ပြုလုပ်နိုင်တဲ့ အခြားသောလေ့ကျင့်ခန်းတွေလည်းအများကြီးကျန်ရှိပါသေးတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(diabetes.org)

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သက်ကြီးရွယ်အိုများအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement