backup og meta

ရုတ်တရက်ထပြီး ဗိုက်နာ ၊ မအောင့်မအည်းနိုင်ဖြစ်ဖူးလား

ရုတ်တရက်ထပြီး ဗိုက်နာ ၊ မအောင့်မအည်းနိုင်ဖြစ်ဖူးလား

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း(IBS) ဆိုတာ အဖြစ်များတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်ပါတယ်။ သူ့လက္ခဏာတွေက များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာတာ၊ ဗိုက်အောင့်တာလေပွတာ၊ ဝမ်းလျှောတာ၊ ဝမ်းကိုက်သလို ‌မကြာခဏ အိမ်သာသွားရတာ၊ ဝမ်းချုပ်တာတို့ ဖြစ်တတ်တယ်။

သူ့ရဲ့ လက္ခဏာတွေက

များသောအားဖြင့် ဗိုက်နာ ခြင်းနှင့် နောက်ဖေးသွားတဲ့ အလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာ တာက များသောအားဖြင့် စားပြီးချိန်မှာ ပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးရင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့ –

  • ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း
  • လေပွခြင်း၊ ဖောခြင်း
  • ဝမ်းမနိုင်ခြင်း
  • ဝမ်းကျန်နေသလိုခံစားရခြင်း
  • ဝမ်းသွားရင် ချွဲပါခြင်း

IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူတွေရဲ့လုပ်ဆောင်ချက် မူမမှန်ဖြစ်ပြီး အစာခြေခြင်းမှာပြဿနာရှိတယ်လို့ယူဆကြပါတယ်။ အူလမ်းကြောင်းမှာ အစာတွေရွေ့လျားမှု နှေးတာ၊ မြန်တာကြောင့် ဝမ်းချုပ်တာလည်းဖြစ်နိုင်သလို၊ ဝမ်းသွားတာလည်းဖြစ်နိုင်ပါတယ်။

IBS လက္ခဏာတွေသက်သာစေဖို့ –

  • ပုံမှန်ပမာဏပဲစားပါ၊ ဖြေးဖြေးစားပါ။
  • အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့။
  • အရည် အထူးသဖြင့် ရေ၊ လက်ဖက်ရည်ကြမ်း တစ်နေ့ကို အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။
  • ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။
  • အယ်လ်ကိုဟော၊ ဂက်စ်ပါတဲ့ သောက်စရာတွေ လျှော့ပါ။
  • အစာကြေဖို့ မလွယ်တဲ့ ကစီဓာတ်များတဲ့စားစရာတွေ လျှော့စားပါ။
  • လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ။
  • သကြားလုံး၊ သောက်စရာတွေ ၊ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူတွေအတွက်ထုတ်တဲ့ sugar-free မုန့်တွေမှာပါတတ်တဲ့ သကြားအတု sorbitol ကို ရှောင်ပါ။
  • လေပွတတ်တယ်ဆိုရင် အုတ်ဂျုံဖြင့်ပြုလုပ်ထားတာတွေ စားကြည့်ပါ။
  • အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။

အူတွေလှုပ်ရှားပြီးချိန်၊ ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်တယ်။ နာတာရှည်ဖြစ်တတ်တယ်ဆိုပေမယ့် သေချာထိန်းသိမ်းနေထိုင်တတ်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://www.nhs.uk/Conditions/Irritable-bowel-syndrome/Pages/Introduction.aspx

Accessed Date Jan-16, 2020.

http://www.webmd.com/ibs/guide/irritable-bowel-syndrome-symptoms-types

Accessed Date Jan-16, 2020.

http://www.mayoclinic.org/diseases-conditions/irritable-bowel-syndrome/basics/definition/con-20024578

Accessed Date Jan-16, 2020.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတဲ့အခါ မြန်မြန်သက်သာစေဖို့ ဒါတွေဂရုစိုက်ပါ

အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement