backup og meta

ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ

ဗိုက်အောင့်နေရင် အလုပ်လုပ်ဖို့မပြောနဲ့ တစ်ခါတလေ ထိုင်နေလို့တောင်အဆင်မပြေဘူး။ လှဲအိပ်နေရတာမျိုး။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။

ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ

ဗိုက်အောင့်စေတဲ့ အကြောင်းအရင်းက အများကြီးရှိနိုင်ပါတယ်။ ဥပမာ ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေတာတွေ ဖြစ်နိုင်ပါတယ်။

ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက –

  • ဝမ်းချုပ်တာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ ၊အော့အန်တာ၊ စိတ်ဖိစီးမှုများတာ နဲ့အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင် ပိုပြင်းထန်ရင်တော့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ၊သည်းခြေအိတ်ကျောက်တည်တာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။

ဒါဆို အစာအိမ်ကြောင့်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းကို အစာအိမ်သမားတွေ ကောင်းကောင်းသိပါတယ်။ ခံစားရနေကျကိုး။ ဗိုက်အောင့်ဝေဒနာနဲ့အတူ –

  • လေပွနေတာလေလည်တာ
  • လေထိုးလေအောင့်ဖြစ်နေတာ
  • ရင်ခေါင်းအောင့်ရင်ခေါင်းတောင့်တာ
  • ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း)
  • မအီမသာနဲ့ ပျို့အန်ချင်တာ
  • ခဏခဏပူလောင်ပြီးဆာတာ
  • အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။

အစာအိမ်ကြောင့်ဗိုက်အောင့်ပြီဆိုရင်တော့ အပူအစပ်တွေရှောင်၊ အစာအိမ်အက်စစ်ပိုထွက်စေမယ့် အစားအသောက်တွေကိုလျှော့စား၊ အစားကို အချိန်မှန်အောင်စားပါ။ နောက်ထပ် ဗိုက်မအောင့်ရအောင် ဒီအချက်တွေကို ဂရုစိုက်ပါ –

(၁) အစာစားတိုင်းမှာ သင့်လျော်တဲ့ပမာဏကိုသာစားပါ။

(၂) အစာမကြေဖြစ်တတ်ရင် ညအိပ်ချိန်နီးမှ အစားမစားပါနဲ့။

(၃) ရင်ပူစေတဲ့ အစပ်စာ၊ အဆီများတဲ့ အစားတွေကို ရှောင်ပါ။

(၄) ဖြည်းဖြည်း စားပါ။

(၅) ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်လျှော့သောက်ပါ။

(၆) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

(၇) ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာကို လျှော့ပါ။

(၈) အစာအိမ်နံရံကို ထိခိုက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ခဏခဏမသောက်ပါနဲ့။ စွဲမသောက်ပါနဲ့။

(၉) နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ။

(၁၀) သိပ်ပြီး ကျပ်စည်းတဲ့အဝတ်အစားတွေမဝတ်ပါနဲ့။

(၁၁) အစာကိုကြေညက်အောင် ဝါးစားပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/pain-management/guide/abdominal-pain-causes-treatments

Accessed Date Nov 7, 2019.

https://www.medicalnewstoday.com/articles/318286.php

Accessed Date Nov 7, 2019.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း ပေါင်းသောင်းခြောက်ထောင်

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ