backup og meta

မွှေးညှင်းပေါက်များရောင်ရမ်းခြင်း

Folliculitisဆိုတာ ခန္တာကိုယ်ရှိမွှေးညင်းများပေါက်သော အပေါက်ငယ်လေးများရောင်ရမ်းခြင်းဖြစ်တယ်။ ခန္ဓါကိုယ်တပြင်လုံး အမွှေးပေါက်သောနေရာတိုင်းမှာ ဖြစ်နိုင်ချေရှိပြီး အထူးသဖြင့် မုတ်ဆိတ်မွှေးနေရာ၊ လက်မောင်း၊ ကျော၊ တင်ပါးနှင့် ခြေထောက်တို့မှာ အဖြစ်များပါတယ်။

အသက်အန္တရာယ်မထိခိုက်နိုင်ဘူးဆိုပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အမွှေးများကျွတ်သွားပြီး အမာရွတ်များကျန်နေတတ်တာကြောင့် ရှက်စရာဖြစ်နိုင်ပါတယ်။

လက္ခဏာများ

စစချင်းမှာ မွေးညင်းပေါက်တဝိုက်မှာ အနီရောင် သို့မဟုတ် အဖြူရောင်အဖုသေးသေးလေးတွေအဖြစ် ပေါ်လာနိုင်ပါတယ်။ မွေးညင်းပေါက်တဝိုက်အရေပြားမှာ နီရဲ ရောင်ရမ်းနေတတ်ပြီး ယားယမ်းခြင်း၊ နာကျင်ခြင်းတွေလည်း ရှိတတ်ပါတယ်။ အလယ်မှာအမွှေးလေးတွေပါနေတဲ့ အနီရောင်ဝက်ခြံဖုလေးတွေနဲ့ဆင်တတ်ပြီး ပေါက်သွားရင်တော့ ပြည် သို့မဟုတ် သွေးအနည်းငယ်ထွက်နိုင်ပါတယ်။ ၂-၅ မီလီမီတာ အရွယ်ဝန်းကျင်လောက်ရှိပါတယ်။

သာမန် Folliculitisလေးတွေဟာ အမာရွတ်မကျန်ဘဲ အလျင်အမြန်ပျောက်သွားပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ မွေးညင်းပေါက်တစ်ခုလုံး ရောဂါပိုးဝင်ပြီး cellulitis (ဆဲလ်များရောင်ရမ်းထိခိုက်ခြင်း) ထိဖြစ်သွားနိုင်ကာ နာကျင်ပြီး မွေးညင်းများကျွတ်သွားနိုင်ပါတယ်။

ပြင်းထန်ပြီး ခဏခဏဖြစ်နေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

အကြောင်းအရင်း

Folliculitisဖြစ်ရခြင်း အကြောင်းနှစ်ချက်ရှိတယ်-

ရောဂါပိုးဝင်ပြီး မွေးညင်းပေါက်ရောင်ရမ်းခြင်း

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်တွေကြောင့် ရောဂါပိုးဝင်ပြီး folliculitis ဖြစ်နိုင်တယ်။ ထိရာ ရှရာ ပြတ်ရာတွေရှိတဲ့လူတွေမှာလည်း ဘတ်တီးရီးယားတွေ၊ မှိုတွေက ထိရာ ရှရာ များအနီးမှမွေးညင်းပေါက်ဆီပျံ့သွားပြီး folliculitisဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချို , HIV ကဲ့သို့ ရောဂါခုခံနိုင်စွမ်းနည်းတဲ့ ရောဂါအခြေအနေတွေမှာလည်း folliculitisရနိုင်ပါတယ်။

ရောဂါပိုးဝင်ခြင်းကြောင့်မဟုတ်သောFolliculitis

လိမ်းဆေး၊ အရေပြားဓါတ်မတည့်ခြင်း၊ ဆယ်ကျော်သက်ဝက်ခြံပေါက်ခြင်း၊ ဆေးအချို့နဲ့ အချို့သောကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်သည့် အခြေအနေတွေမှာ ရောဂါပိုးဝင်ခြင်းကြောင့် မဟုတ်တဲ့ folliculitisရတတ်ပါတယ်။ မွေးညင်းပေါက်များပျက်စီးလျှင်၊ ချွေး အဆီ မိတ်ကပ် များကြောင့် မွေးညင်းပေါက်များထိခိုက်ပိတ်ဆို့မှုများရှိလျှင်လည်း folliculitisရတတ်ပြီး အဝတ်အစားကြပ်ကြပ်ဝတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းတွေဟာလည်း ရောဂါပိုးဝင်နိုင်စေသောကြောင့် folliculitisရနိုင်ပါတယ်။ ရေနွေးဖြင့်ရေချိုးခြင်း၊ ကလိုရင်းမပါသော ရေကူးကန်တွင်ရေကူးခြင်းတွေဟာလည်း အရေပြားကိုအထိမခံဖြစ်စေနိုင်ပြီး အချို့သောအရေပြားပြဿနာများ၊ ဝက်ခြံများကြောင့်လည်း အခြေအနေပိုဆိုးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Folliculitis. http://www.emedicinehealth.com/folliculitis/article_em.htm#what_causes_folliculitis.
Accessed January 9, 2017.

2. Folliculitis – topic overview. http://www.webmd.com/skin-problems-and-treatments/tc/folliculitis-topic-overview#1. Accessed January 9, 2017.

3. Folliculitis – symptoms. http://www.mayoclinic.org/diseases-conditions/folliculitis/basics/symptoms/con-20025909. Accessed January 9, 2017.

4. Folliculitis. https://www.skinsight.com/skin-conditions/adult/folliculitis. Accessed January 9, 2017.

ယခုပုံစံ

15/02/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။