backup og meta

မေ့ဆေးပေးထားစဉ် သင့်ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပါသနည်း၊

လူအများစုသည် မေ့ဆေးလိုအပ်သော ခွဲစိတ်မှုများကို ပြုလုပ်ကြရသည်။ ထိုသူများမှ အများစုသည် သူတို့၏ ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပြောင်းလဲမည်ကို မသိသောကြောင့် မေ့ဆေးပေးရန် စိုးရိမ်ထိတ်လန့်တတ်ကြသည်။

မေ့ဆေးသည် သင်ခွဲစိတ်ခံနေစဥိအတွင်း နာကျင်မှုမရှိစေရန်၊ စိတ်သက်သာစေရန် ကူညီပေးသည်။ ခွဲစိတ်မှုပြုလုပ်နေစဉ်၊ သင့်ခန္ဓါကိုယ်တွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်သည်။

နာကျင်မှုကို မခံစားရခြင်း

နာကျင်မှုမရှိပဲ ခွဲစိတ်နိုင်ရန်သည် မေ့ဆေးပေးခြင်း၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ သင့်ခန္ဓါကိုယ်ကို သွင်းလိုက်သော ဆေးများသည် အာရုံကြောများကို ပိတ်လိုက်သောကြောင့် နာကျင်မှုကို ဦးနှောက်သို့ အချက်ပြခြင်းမဖြစ်ပေါ်တော့ပေ။ ထို့ကြောင့် ဆေးအရှိန်ပြယ်သည်အထိ နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။

သင်သည် တစိတ်တစ်ပိုင်း သိုမဟုတ် အပြည့်အ၀ သတိလစ်နေမည်ဖြစ်သည်။

ထုံဆေးများ အသုံးပြုလျှင် သင်နိုးနေပြီး သင့်ကို မည်သို့ပြုလုပ်နေသည်ကို သိရှိနေသော်လည်း နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ မေ့ဆေးပေးလျှင်သင်သည် အပြည့်အ၀ သတိလစ်နေနိုင်ပြီး ဆေးအာနိသင်ကြောင့် သင့်စိတ်သည် ပေါ့ပါးနေနိုင်သည်။ သင့်ကြွက်သားများသည် ပြေလျော့နေနိုင်သောကြောင့် အသက်ရှူနိုင်ရန် နှင့် ကိုယ်အလေးချိန်အတွက် အထောက်အကူများလိုအပ်သည်။ ထိုအချိန်အတောအတွင်းတွင် သင်၏ ခန္ဓါကိုယ် အပူချိန် ကျဆင်းနိုင်ပြီး အသက်ရှူစနစ်သည် အလုပ်မလုပ်သောကြောင့်ဖြစ်သည်။ သင်သည်ခွဲစိတ်မှုနှင့် ပတ်သတ်ပြီး ဘာကိုမှ မမှတ်မိသောကြောင့် သင်၏ ကြောက်ရွံ့စိတ်ကိုသက်သာစေနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

အထက်ပါဖော်ပြချက်များသည် ပုံမှန်ဖြစ်စဉ်များဖြစ်ကြပါသည်။ မေ့ဆေးပေးသောလူများတွင် ထိုကဲ့သို့သော ကိစ္စများဖြစ်ပေါ်တတ်ကြသည်။ သို့သော် အောက်ပါတို့သည် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများဖြစ်ကြပါသည်။

ထုံဆေး

သင့်ခန္ဓါကိုယ်သို့ ဆေးထိုးသွင်းလိုက်သောအခါ နာကျင်မှုကို ခံစားရနိုင်ပါသည်။ သွေးထွက်ခြင်းနှင့် သွေးခြည်ဥခြင်းများဖြစ်တတ်သော်လည်း အဖြစ်နည်းပါသည်။ အချို့တွင် ယာယီလက္ခဏာများ ဖြစ်ပေါ်နိုင်ပသည်။

• ခေါင်းကိုက်ခြင်း

• ဆေးသွင်းပြီးနောက် ခန္ဓါကိုယ်တွင် ခံစားမှုမရှိပဲ ထုံနေခြင်း

• ကြွက်သားများ ပျော့နေခြင်း

Regional anesthesia

Regional anesthesia သည် အာရုံကြောများကို ထိခိုက်စေပြီး၊ အာနည်းခြင်း နှင့် ထုံကျင်ခြင်းကို ဖြစ်ပေါ်စေသည်။ နှလုံးကို ထိခိုက်ခြင်းနှင့် အဆုတ်ပြသနာများလည်း ဖြစ်စေနိုင်သည်။ ထုံဆေးထိုးခြင်းကြောင့် ရောဂါပိုးဝင်ခြင်းလည်းဖြစ်စေနိုင်သည်။

မေ့ဆေး

မေ့ဆေးပေးခြင်းသည် ဆေးပမာဏအများကြီးကို သုံးသောကြောင့် ဘေးထွက်ဆိုးကျိုးများ ပို၍ဖြစ်စေနိုင်သည်။ သို့သော် ယာယီသာဖြစ်သည်။

• အိပ်ငိုက်ခြင်း

• ပျို့အန်ခြင်း

• မှတ်ဉာဏ်ပျောက်ဆုံးခြင်း (ယာယီ သို့မဟုတ် ကြာရှည်)

• ပါးစပ်နှင့်သွားများကို ထိခိုက်ခြင်း

• ဆီးပေါက်ရခက်ခြင်း

ထိုဘေးထွက်ဆိုးကျိုးများသည် နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အကြာတွင် ပျောက်သွားနိုင်ပါသည်။ သို့သော် အခြေအနေသည် ပိုဆိုးလာနိုင်သောကြောင့် သင့်ဆရာဝန်ကို ဖြစ်ပေါ်လာသော လက္ခဏာများကိုပြောပြရန်လိုအပ်ပါသည်။

သင့်ကို မေ့ဆေးပေးထားချိန်တွင် သင့်ခန္ဓါကိုယ်သည် အနည်းငယ်သို့မဟုတ် များစွာ ပြောင်းလဲနိုင်ပါသည်။ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို နည်းစေရန် သင့်ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။

Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Anesthesia – Topic Overview. http://www.webmd.com/pain-management/tc/anesthesia-topic-overview?page=1. Accessed October 15, 2016.
  2. General anesthesia. http://www.mayoclinic.org/tests-procedures/anesthesia/details/what-you-can-expect/rec-20163594. Accessed October 15, 2016.
  3. General anaesthesia. http://www.nhs.uk/conditions/Anaesthetic-general/Pages/Definition.aspx. Accessed October 15, 2016.
  4. Regional Anesthesia – Topic Overview. http://www.webmd.com/a-to-z-guides/tc/regional-anesthesia-topic-overview#1. Accessed October 15, 2016
  5. Local anaesthesia. http://www.nhs.uk/Conditions/Anaesthetic-local/Pages/Introduction.aspx?url=Pages/What-is-it.aspx. Accessed October 15, 2016.

ယခုပုံစံ

14/11/2019

Dr. Su Sandy မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement