backup og meta

ခါးဆစ်ရိုးထုံဆေးနှင့် ကလေးမွေးခြင်း- သင်သိသင့်သည့်အချက် ၆ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ရိုးထုံဆေးနှင့် ကလေးမွေးခြင်း- သင်သိသင့်သည့်အချက် ၆ ချက်

    ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ် နာကျင်မှုမရှိအောင်သုံးတဲ့ ထိရောက်ပြီး လူကြိုက်များတဲ့ နည်းလမ်းတခု ဖြစ်လာပါတယ်။ မိခင်နဲ့ ကလေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် မီးဖွားစဉ် နာကင်ျမှုဝေဒနာ မခံရအောင် ဘေးကင်းထိရောက်တဲ့ နည်းစနစ်ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။ မျှော်လင့်ချက်ထားလွန်းတဲ့ မိခင်တွေအတွက် ပူပင်စရာ ၂ခုရှိပါတယ်။ အဲဒါတွေကတော့ ဆေးသုံးလိုက်ပေမယ့် ကလေးမွေးချိန်မှာ ခံစားမိမှာစိုးရိမ်တာ၊ နောက်တချက်က သူတို့ဘေးကင်းဖို့ရော ကလေးဘေးကင်းဖို့ပါ စိုးရိမ်တာ ဖြစ်ပါတယ်။

    ခါးဆစ်ရိုးထုံဆေးဆိုတာဘာလဲ

    ခါးဆစ်ရိုးထုံဆေးဆိုတာ ခါးနောက်ပိုင်းမှာ ကျေားရိုးအာရုံကြောမကြီး နေရာမှာ ထုံဆေးထိုးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးထိုးလိုက်တဲ့ နေရာတဝိုက်ကို ထုံသွားစေပြီး မီးဖွားချိန်မှာတော့ သတိရနေမှာဖြစ်ပါတယ်။ ပုံမှန်မွေးဖွားခြင်းဖြစ်စေ၊ ခွဲစိတ်မွေးဖွားခြင်း ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

    သိသင့်သော အချက် ၆ချက်

    ၁။ ခါးဆစ်ရိုးထုံဆေးဟာ မိခင်နဲ့ ကလေးကို ဘယ်လိုသက်ရောက်မှု ရှိသလဲ

    ကိုယ်ပူချိန်ကို မြင့်တက်စေပြီး အဖျားတက်လာနိုင်ပါတယ်။ နာကျင်မှုကြောင့် သွေးထဲကို ဟော်မုန်းဓါတ်တွေ ဝင်လာနိုင်ပြီး နှလုံးခုန်မြန်လာစေပြီး သားအိမ်ရဲ့ သွေးစီးဆင်းမှုကို ပြောင်းလဲစေပါတယ်။ နာကျင်မှုကြောင့် အသက်ရှူမြန်လာပြီး အချင်းကိုလာတဲ့ သွေးစီးဆင်းမှု ပြောင်းသွားနိုင်ပါတယ်။ (အချင်းဆိုတာ သင့်ရဲ့ကလေး အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ ရအောင်လုပ်ပေးတဲ့ သားအိမ်ရဲ့ အစိတ်အပိုင်းပါပဲ။ ခါးဆစ်ရိုးထုံဆေး ထိုးလိုက်ရင် ဒီသက်ရောက်မှုတွေ မဖြစ်နိုင်တော့ပါဘူး။

    ၂။ နာမှာလား

    အမျိုးသမီးတော်တော်များများဟာ ကလေးမွေးရမှာထက် ခါးဆစ်ရိုးဆေးထိုးရမှာ ပိုကြောက်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးအများစုဟာ အကြောဆေးထိုး သလောက်တောင် မခံစားရဘူးလို့ ဆိုပါတယ်။ ခါးဆစ်ရိုးအပ် မဝင်ခင်မှာတင် ထုံသွားစေမယ့် သေးငယ်တဲ့အပ်ချောင်းလေးကို အသုံးပြုထားလို့ပါပဲ။ ဒါပေမယ့် အပ်သွင်းစဉ်မှာတော့ ထုံဆေးဝင်သွားတာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၅စက္ကန့်လောက်ပဲ နာပါလိမ့်မယ်။ ၅မိနစ်မှာ ဆေးစွမ်းပြလာပြီး ၁၀ မိနစ်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် စတင်ပြင်ဆင်ချိန်ကနေ သက်တောင့်သက်သာဖြစ်သွားချိန်အထိ ၁၅မိနစ်ခန့် ပုံမှန်အားဖဖြင့် ကြာတတ်ပါတယ်။

    ၃။ ခါးဆစ်ရိုးထုံဆေးဟာ ဘယ်လိုလုပ်ဆောင်လဲ

    သင့်မှာ ရွေးချယ်စရာ မလိုပါဘူး။ ဆေးထိုးလိုက်တဲ့အခါ ခါးဆစ်ရိုးဟာ ထုံတဲ့နေရာတဝိုက်ကို ဝင်သွားပါတယ်။ ထုံဆေးပါတဲ့ ပြွန်လေးဟာ အာရုံကြောနေရာထဲကို မနာကျင်စေဘဲ ဝင်ရောက်သွားပါတယ်။ ပြွန်ချောင်းလေးကို ကျောမှာမကပ်ထားခင် အပ်ကိုဆွဲနုတ်ပါလိမ့်မယ်။ သင့်ကိုသက်တောင့်သက်သာ လှဲခိုင်းပါလိမ့်မယ်။ ထုံဆေးကိုတော့ ပြွန်ချောင်းလေးကတဆင့် သွင်းပါလိမ့်မယ်။ နောက်ဆုံးမှာ သင်မွေးဖွားတဲ့အချိန်အထိ ထုံဆေးပေးစက်နဲ့ ဆက်သွယ်ထားပါလိမ့်မယ်။

    ၄။ ထုံဆေးထိုးစဉ်မှာ လှုပ်ရှားရင်၊ သားအိမ်ညှစ်ရင် ဘာဖြစ်မလဲ

    သားအိမ်ညှစ်ခြင်းဟာ နှစ်မိနစ်တခါလောက် ဖြစ်နေတတ်ပါတယ်။ ထုံဆေးထိုးဖို့ ပြင်နေစဉ်မှာလည်း သားအိမ်ညှစ်တာ ဖြစ်တတ်ပေမယ့် အဆင်ပြေပါတယ်။ ထုံဆေးထိုးခြင်းဟာ အရမ်းအနုစိတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမျီုးသမီးအချို့ဟာ ထုံဆေးထိုးနေစဉ်မှာ အနည်းငယ်လှုပ်ရှားတတ်လို့ ထိုးရတာ နှေးနိုင်ပေမယ့် အများစုကတော့ အဆင်ပြေအောင် နေနိုင်ပါတယ်။

    ၅။ နေတဲ့ ပုံစံမှန်ရဲ့လား၊ အကြောကိုထိရဲ့လားဆိုတာ ဘယ်လိုသိနိုင်လဲ

    ထုံဆေးထိုးသူအနေနဲ့ အပ်ပြောင်းလဲပုံကို ခံစားမိပြီး ခါးဆစ်ရိုးထဲ ရောက်မရောက် သိနိုင်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ဟာ ခါးဆစ်ရိုးကို ခံစားမိချိန်မှာ ပြွန်ငယ်လေးကို ထိုးပါတယ်။ အများစုထင်တာ မှားနေတာက ထုံဆေးဟာ အာရုံကြောမကြီးကို ထိုးထည့်တယ်ထင်နေကြတာပါ။ တကယ်တော့ အပ်ရော ဆေးပြွန်ပါ အာရုံကြောဖြတ်သန်းသွားတဲ့ ကြားနေရာကို ထိုးခြင်း ဖြစ်ပါတယ်။

    ခါးဆစ်ရိုးနေရာနားမှာ အကာအကွယ်ပေးထားတဲ့ ကျောရိုးရှိပါတယ်။ ကျောရိုးထဲကို ခါးဆစ်ရိုးထိုးတဲ့အပ် ဝင်ခြင်းဟာ သင့်ကို မနာကျင်စေပါဘူး။ တကယ်တော့ မေ့ဆေးဆရာဝန်က အပ်ထိုးထည့်လိုက်တယ်ဆိုတာ သင်သတ်ထောင်ပြုမိမှာ မဟုတ်ပါဘူး။ အာရုံကြောတခုခု အထူးသဖြင့် အာရုံကြောမကြီးကို ထိုးထည့်ဖို့ရာ အတော်ကို ခက်ခဲပါတယ်။ အာရုံကြောတွေဟာ ဘေးဖက်က ဝင်ရောက်တာဖြစ်ပြီး အပ်ကအလယ်ကနေ ထိုးတာ ဖြစ်ပါတယ်။

    ၆။ ခါးဆစ်ရိုးထုံဆေးထိုးပြီးချိန်မှာ လမ်းလျှောက်နိုင်သလား

    အဲဒီအချိန်မှာ သင့်ခြေထောက်တေါဟာ အနည်းငယ် အားနည်းနေနိုင်ပါတယ်။ လမ်းလျှောက်ဖို့ အဆင်မပြေသေးပါဘူး။ အများစုအတွက်ကတော့ မီးတွင်းကာလမှာ အိပ်ယာထဲပဲ နေသင့်ပါတယ်။ ဒါ့အပြင် သားဖွားဆရာဝန်တွေဟာ သင့်ကလေးရဲ့ နှလုံးခုန်နှုန်းကို မကြာခဏစောင့်ကြည့် စစ်ဆေးတတ်တာမို့ အိပ်ရာမှာ နေတာက အဆင်ပြေပါတယ်။

    သင့်မှာ အဆင်မပြေတာတွေရှိရင် သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ခါးဆစ်ရိုးထုံဆေးဟာ ဆေးရပ်လိုက်တာနဲ့ နှစ်နာရီအတွင်း ဆေးအရှိန်ပြယ်သွားတတ်ပါတယ်။ ဆေးအရှိန်ပြယ်သွားပြီးရင် ပေါင်ထိပ်နဲ့ နောက်ကျောဖက်က နာလာတတ်ပါတယ်။ ဆေးထိုးထားတဲ့နေရာမှာ အနည်းငယ်သွေးခြေဥတာ အရေပြားနာတာ ဖြစ်တတ်ပါတယ်။ ဒါတွေဟာ တရက်နှစ်ရက်အတွင်း ကောင်းသွားနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement