ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။
အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာနေစေဖို့ ဘယ်အစားအစာတွေက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးပါရစေ။
ကျောက်ကပ် ဆေးနေရချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အစားအစာတွေက ဘာတွေလဲ…..
ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့
ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီက အာဟာရ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ပန်းဂေါ်ဖီမှာ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် Bတို့ ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေနဲ့ အမျှင်ဓာတ်လည်း ပါဝင်နေပါတယ်။
ကြက်ဥ အကာ
ကြက်ဥ အနှစ်က အာဟာရများပေမယ့် ကျောက်ကပ်ဆေးနေရသူတွေနဲ့တော့ မသင့်တော်ပါဘူး။ ကျောက်ကပ်ဆေးနေရသူတွေနဲ့ အသင့်တော်ဆုံး ပရိုတင်းက ကြက်ဥ အကာပါ။ ဒါကြောင့် ကြက်ဥ စားတဲ့အခါ အနှစ်ကို ဖယ်လို့ အကာကိုပဲ စားပေးပါ။
အရေခွံမပါတဲ့ ကြက်သား
ကျောက်ကပ်ဆေးနေရချိန်မှာ ပရိုတင်းကို ကန့်သတ်ထားပေမယ့် ကျန်းမာစေဖို့အတွက်ကတော့ လုံလောက်တဲ့ ပရိုတင်း ပမာဏကို ရရှိဖို့ လိုပါမယ်။ ဒါကြောင့် ပရိုတင်း လုံလောက်စွာ ရရှိစေဖို့ အရေခွံ မပါတဲ့ ကြက်သားကို စားပေးပါ။
ဒီလိုပြောရတာက အရေခွံမှာ phosphorus၊ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များလို့ပါ။
ဂေါ်ဖီ
ဂေါ်ဖီက ကျောက်ကပ်ဆေးနေရသူတွေနဲ့ သင့်တော်ပါတယ်။ နဂိုကတည်းက ကျန်းမာရေး အကျိုးကျေးဇူး များတဲ့ ဂေါ်ဖီမှာ ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့ ပါဝင်နေတာကြောင့် ကျောက်ကပ်ဆေးနေရသူတွေနဲ့ သင့်တော်ပါတယ်။
ဒါတင်မကသေးဘဲ ဂေါ်ဖီမှာ အစာခြေစနစ် ကျန်းမာစေတဲ့ အမျှင်ဓာတ်လည်း ပါဝင်နေပါသေးတယ်။
ကြက်သွန်ဖြူ
ကိုယ်ခံအားကို ကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်ဖြူက ကျောက်ကပ် ဆေးနေရသူတွေအတွက် အတော်လေး သင့်တော်ပါတယ်။ ဒီလိုပြောရတာက ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ manganese၊ ဗီတာမင် C၊ ဗီတာမင် B6 နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ sulfur ဒြပ်ပေါင်း ပါဝင်နေလို့ပါ။
ကကတစ်
ကကတစ်က စားရတာ နူးညံ့ပြီး ပရိုတင်းလည်း ပြည့်ဝပါတယ်။ Omega-3s ပါဝင်နေသလို အခြားသော ငါးတွေ၊ ပင်လယ်စာတွေထက်လည်း phosphorus ပါဝင်မှု နည်းတာကြောင့် ကျောက်ကပ်ဆေးနေရသူတွေအတွက် သင့်တော်တဲ့ ပရိုတင်း အရင်းအမြစ် တစ်ခုပေါ့။
ဒါတွေအပြင်
- ကြက်သွန်နီ
- မုန်လာဥဖြူ
- ငရုတ်ပွ
- ဘလူးဘယ်ရီ
- သံလွင်ဆီ
- နာနတ်သီး
- ခရင်မ်ဘယ်ရီ
- ရှီတာကီမှို စတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။