ခန္ဓာကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာလှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်းက သူ့အခန်းကဏ္ဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်း ကိုယ်ပါနေရတာပါ။ တကယ်လို့များ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုက အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ နာမကျန်းဖြစ်မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေတဲ့ ကျောက်ကပ်လေးကျန်းမာနေစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကျောက်ကပ်
ကျောက်ကပ်ဆိုတာ ကျောဘက်နံရိုးတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။
ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စစ်ထုတ်ပေးတာပါ။ သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။
ဒါတွေအပြင် ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏနဲ့ ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေ သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက် ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။
ဒီလောက် တာဝန်အများကြီးကို ယူထားမှတော့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက် ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။
ကျောက်ကပ်လေးကျန်းမာနေစေဖို့
ကျောက်ကပ်လေးကျန်းမာနေစေဖို့ ဆိုရင် ဒီအချက်လေးတွကို သတိထားလုပ်ဆောင်ပေးသင့်ပါတယ်။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ်စေရုံတင်မဟုတ်ဘဲ နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။သွေးပေါင်ချိန်ကို လျော့ကျစေနိုင်လို့ နှလုံးကျန်းမာစေနိုင်သလို နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။
ဒါကြောင့် နေ့စဉ် အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ယောဂကစားတာ၊ ရေကူးတာတွေကို လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျောက်ကပ်လေးတွေကို ကျန်းမာစေနိုင်မှာပါ။
ဆီးချိုရောဂါရှိသူတွေနဲ့ ပုံမှန်ထက် သွေးတွင်းသကြားဓာတ်မြင့်နေသူတွေက ကျောက်ကပ်ထိခိုက်နိုင်ခြေ ပိုများနေကြပါတယ်။ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့ ပမာဏထက်ပိုများနေတဲ့အခါ ကျောက်ကပ်က သွေးကြောတွေကို ထိခိုက်လာပါတယ်။ ဒီအခြေအနေက ရေရှည်ဖြစ်လာတဲ့အခါ ကျောက်ကပ်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းညှိပါ
- အဝမလွန်ပါစေနဲ့
နေ့စဉ် ရေလုံလောက်အောင် သောက်တာက ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်နေတာပါပဲ။ ဒါကြောင့် ရေသောက်မပျင်းပါနဲ့။ ရေကို လုံလောက်တဲ့ ပမာဏဖြစ်အောင်သောက်သုံးပေးပါ။ ရေသောက်တာက ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပစ်နိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါခံစားရနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။
- မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့
ကျောက်ကပ်လေးကျန်းမာနေစေဖို့ ဘာတွေစားမလဲ………
အစားအသောက်တိုင်းက ကျောက်ကပ်ကို မကျန်းမာစေနိုင်ပါဘူး။ အချို့ အစားအစာတွေဆိုရင် ကျောက်ကပ်ကို တော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ကျောက်ကပ်ကျန်းမာနေစေဖို့ ဆိုရင်
- ပန်းဂေါ်ဖီ
- ဘလူးဘယ်ရီ
- ငါး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဂေါ်ဖီထုတ်
- ပန်းငရုတ်ပွ
- ပန်းသီး စတာတွေကို စားသုံးပေးလို့ ရပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။
[embed-health-tool-bmi]