backup og meta

သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ

    သင့်ရဲ့ အသက်ရှင်သန်မှုမှာ သင့်နှလုံး ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို အရေးပါလွန်းလှပါတယ်။ လူတိုင်းဟာ နှလုံးကျန်းမာမှ အသက်ရှည်နိုင်မှာပါ။ နှလုံးတစ်ခုခုဖောက်လွဲဖောက်ပြန်ဖြစ်နေပြီဆိုရင် သင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ အနှုတ်လက္ခဏာဆောင်နေတော့မှာပါ။ အခုတစ်ခေါက်တော့ သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။

    လူတစ်ယောက်ရဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့အရာတွေ သင့်ပတ်ဝန်းကျင်မှာ အများအပြားတည်ရှိနေပါတယ်။ အမျိုးမျိုးသော အခြေအနေတွေ၊ ကိုယ်တိုင်ရဲ့ အပြုအမူတွေကြောင့် နှလုံးထိခိုက်နိုင်ပါတယ်။

    လူတွေ နှလုံးရောဂါဖြစ်ရတဲ့၊ Heart Attack ဖြစ်ရတဲ့၊ နှလုံးပျက်စီးရတဲ့အဓိက အကြောင်းတရားတွေထဲမှာ နေထိုင်စားသောက်မှုပုံစံ မမှန်ကန်တာက ထိပ်ဆုံးက အချက်တစ်ခုဖြစ်ပါတယ်။ စားပုံသောက်ပုံ မမှန်ရင် နှလုံးသာမက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေမှာပါ။

    ဒီစာစုမှာတော့ သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး ကြာကြာမှီဝဲမယ်ဆိုရင် နှလုံးရောဂါရစေနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ရပါတယ်။

    သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ

    သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ ကတော့

    • သကြား၊ ဆား၊ အဆီ – အကြိမ်ကြိမ်အထပ်ထပ် အဆီတွေ၊ ဆားတွေ၊ သကြားတွေကို လိုအပ်တဲ့ပမာဏထက် ကျော်လွန်ပြီး စားမိနေမယ်ဆိုရင် သင်နှလုံးရောဂါရရုံတင်မဟုတ်ပါဘူး heart attack နဲ့ လေဖြတ်တာပါဖြစ်နိုင်ပါတယ်။
    • ဝက်ပေါင်ခြောက် – ဝက်သားကို အဆီတွေ၊ ဆားတွေ အထပ်ထပ်နဲ့ ကြော်ထားတဲ့ ဝက်ပေါင်ခြောက်တွေဟာ အရသာရှိပေမယ့် ကျန်းမာရေးနဲ့တော့ လုံးဝမညီညွတ်ပါဘူး။
    • အနီရောင်အဆင်းရှိတဲ့အသားများ – အမဲသား၊ ဝက်သား၊ သိုးသားစတဲ့ အသားတွေဟာ နေ့စဉ်ရက်ဆက် စားသုံးမယ်ဆိုရင် ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာအောင် တွန်းအားပေးနိုင်ပါတယ်။
    • ဆိုဒါ – ဆိုဒါအချိုရည်တွေဟာလည်း ကျန်းမာရေးကိုထိခိုက်စေပါတယ်။ သကြားပမာဏအမြောက်အများပါဝင်နေတာမို့ နှလုံးကို ကောင်းကောင်းထိခိုက်စေမှာပါ။
    • ဖုတ်ထားသည့်မုန့်များ – ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီးတို့လို အစားအစာတွေပါ။ သကြားနဲ့ ပြုပြင်ထားတဲ့အဆီတွေ အမြောက်အများပါဝင်နေတတ်ပါတယ်။
    • ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ပါစတာ – ဒီအစားအစာတွေဟာ ပုံမှန်အားဖြင့်တော့ ဖိုက်ဘာပါဝင်မှုများပြီး ဗီတာမင်တွေလည်း ကြွယ်ဝပါတယ်။ ဒါပေမယ့် သကြားနဲ့ အဆီတွေနဲ့ ပြုပြင်ထားမယ်ဆိုရင် နှလုံးကို ထိခိုက်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။
    • ပီဇာ – ဒီကနေ့ခေတ်မှာ ပီဇာကြိုက်သူတွေ သိပ်ကိုများလာနေကြပါပြီ။ ဒါပေမယ့် ပီဇာတွေမှာ ဆား၊ ကယ်လိုရီ၊ အဆီဓာတ်တွေအများကြီးပါရှိနေပါတယ်။ ပိန်ချင်သူတွေနဲ့ နှလုံးရောဂါရှိသူတွေနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။
    • အယ်လ်ကိုဟော – အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့အရာတွေအားလုံးဟာ နှလုံးရောဂါဖြစ်လာဖို့ တွန်းအားပေးသလို ရောဂါအခံရှိသူတွေကိုလည်း အသက်ဘေးနီးအောင် ဒုက္ခပေးနိုင်ပါတယ်။
    • ထောပတ် – ထောပတ်မှာ ပီဇာ တွေ အမြောက်အများပါရှိနေတတ်ပါတယ်။ သင့်ရဲ့ သွေးထဲကို ကိုလက်စထရောတွေ အများကြီးရောက်သွားမှာမို့ နှလုံးအတွက် မသင့်လျော်ပါဘူး။
    • အာလူးကြော် – French Fries တွေကို ကြက်ကြော်ဆိုင်တွေမှာရနိုင်သလို လူကြိုက်လည်းများလှပါတယ်။ ဒါပေမယ့် ဒီအာလူးကြော်ဟာ အာလူးနဲ့အတူ ဆားတွေအမြောက်အများသုံးပြီး အဆီအထပ်ထပ်နဲ့ ကြော်ထားတာပါ။ တစ်ပတ်မှာ ၂ ကြိမ်ထက်ပိုစားမိရင် အဝလွန်ဖို့နဲ့ နှလုံးရောဂါရဖို့ အလွန်ကို သေချာပါတယ်။
    • ကြက်ကြော် – ဒီကနေ့ခေတ်ရဲ့ လူကြိုက်များအသင့်စား အစားအစာတစ်မျိုးပါ။ အေးခဲကြက်သား၊ ဆိုဒီယမ်၊ အဆီ၊ ကယ်လိုရီတွေ အများကြီးပါနေတာပါ။ နှလုံးရောဂါသာမက ဆီးချိုပါဖြစ်နိုင်ပါတယ်။
    • စည်သွပ်ဘူး – အသင့်စား စည်သွပ်ဘူးတွေဟာလည်း နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒီစည်သွပ်ဘူးထဲက ဟင်းတွေကို ဖန်တီးရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေပါပါတယ်။ ဒါကြောင့်လည်း မကြာခဏမှီဝဲမယ်ဆိုရင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေဖြစ်နိုင်တာပါ။
    • ရေခဲမုန့် – ရေခဲမုန့်ရဲ့ အဓိကပြဿနာက သကြားပါ။ သကြားကို အလွန်များပြားတဲ့ပမဏကို အသုံးပြုထားတာပါပဲ။ ကိုယ်အလေးချိန်မြင့်တက်စေနိုင်သလို နှလုံးရောဂါလည်း ရစေနိုင်ပါတယ်။
    • အာလူးပြားကြော် – မုန့်ဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ အာလူးပြားကြော်လေးတွေကလည်း နှလုံးကို ကောင်းကျိုးမပေးပါဘူး။ saturated fat ပါဝင်မှု အလွန်များတာမို့ ကယ်လိုရီလည်းများပါတယ်။ အဝလွန်တာ၊ နှလုံးသွေးကြောကျဉ်းတာတွေ ဖြစ်စေမှာပါ။

    ဒီအစားအစာတွေက လုံးဝမစားရဘူးဆိုတာထက် အလွန်အကျွံစားနေရင်၊ ပုံမှန်စားနေရင် တစ်ချိန်ချိန်မှာ ပြဿနာရှိလာနိုင်တာကြောင့် ချင့်ချိန်ပြီးစားပါ။ နဂိုတည်းက ကိုယ့်မှာ ရောဂါအခံတွေ ရှိနေရင်တော့ ရှောင်နိုင်သလောက် ရှောင်တာက ကိုယ့်နှလုံးကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement