backup og meta

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဘယ်အချိန်မှာစစ်ဆေးရမလဲ

သင့်အနေနဲ့ ဆီးချိုရှိနေကြောင်းပထမဆုံးသိလိုက်ရတဲ့အခါ သင့်ဆီးချိုရောဂါဟာမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါနဲ့ ဆက်စပ်နေသလားသိလိုတဲ့အခါ၊ သင်ဟာဆီးချိုရောဂါသည်ဖြစ်ပြီးအစားအစာ၊ ဆေးဝါးများနဲ့ ကုသနေပေမယ့် သွေးတွင်းသကြားဓါတ်ကိုပုံမှန် (သို့) ပုံမှန်နားရောက်အောင် မထိန်းနိုင်တဲ့အခါ၊ အမျိုးအစား (၂) ဆီးချို အစားအမျိုးအစား (၁) ဆီးချိုဖြစ်နေတယ်လို့ သံသယရှိတဲ့အခါ စစ်ဆေးရပါမယ်။

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။

  • Islet Cell Cytoplasmic Autoantibodies စစ်ဆေးနည်း (ICA)
  • Glutamic Acid Decarboxylase Autoantibodies စစ်ဆေးနည်း (GADA)
  • Insulinoma-Associated-2 Autoantibodies စစ်ဆေးနည်း (IA-2A)
  • Insulin Autoantibodies စစ်ဆေးနည်း (IAA)

ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အနာကျက်နှေးခြင်းစတာတွေဟာအမျိုးအစား (၁) ဆီးချိုရဲ့ ဘီတာဆဲလ်တွေ ၈၀ မှ ၉၀ ရာခိုင်နှုန်းပျက်စီးကာအင်ဆူလင်ကိုဆက်မထုတ်နိုင်တော့တဲ့အခါ ဖြစ်လာပါတယ်။ ကိုယ်ခန္ဓါဟာနေ့စဉ် အင်ဆူလင်ကိုလိုအပ်ပါတယ်။ အဲဒါမှ ဂလူးကို့စ်ဟာ ဆဲလ်တွေထဲဝင်ရောက်ပြီးစွမ်းအင်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အင်ဆူလင် မလုံလောက်ရင် ဆဲလ်တွေဟာစွမ်းအင်မရတော့ဘဲသွေးထဲမှာသကြားဓါတ်တက်လာပါလိမ့်မယ်။ ရုတ်တရက် သကြားဓါတ်မြင့်တက်ခြင်းဟာအရေးပေါ်ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပြီးကာလတာရှည် သကြားဓါတ်မြင့်တက်မယ်ဆိုရင်တော့ သွေးကြောတွေနဲ့ ကျောက်ကပ်လိုမျိုးကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်ပါတယ်။

စစ်ဆေးရန် နမူနာပစ္စည်းဘယ်လိုယူမလဲ

သွေးနမူနာကိုလက်မောင်းရဲ့ သွေးပြန်ကြောကနေအပ်နဲ့စုပ်ယူပါမယ်။

နမူနာပစ္စည်းအရည်အသွေးစိတ်ချရအောင် ပြင်ဆင်မှုတွေ လိုသေးလား

ပြင်ဆင်မှုများမလိုအပ်ပါ။

၎င်းစမ်းသပ်ချက်များဟာ ဆီးချိုရောဂါကိုအတည်ပြုနိုင်သလား

မပြုနိုင်ပါ ။ ဆီးချို အမျိုးအစား (၁) ရောတခြားအမျိုးအစားတွေကိုပါ သွေးတွင်းသကြားဓါတ်နဲ့ A1c စစ်ဆေးတဲ့နည်းများသုံး၍ရောဂါအတည်ပြုခြင်း၊စောင့်ကြည့်ခြင်းတို့လုပ်ရပါတယ်။ အလိုအလျောက်ခုခံပစ္စည်းAutoantibodies စစ်ဆေးမှုဟာဆီးချိုဖြစ်မှန်းသိပြီးသောအခါမှအမျိုးအစား (၁)နဲ့(၂)ကိုခွဲဖို့ သုံးတာပါ။

Autoantibodies ICA၊ GADA၊ IA-2A တွေဟာ ဘီတာဆဲလ်တွေကိုဖျက်ဆီးသလား

သူတို့ဟာဘီတာဆဲလ်ပျက်စီးမှုတွေနဲ့ ဆက်စပ်နေပြီးမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါဖြစ်ပျက်မှုတွေကိုဖော်ပြနေပါတယ်။ ဒါပေမယ့် သူတို့ကြောင့်ထိခိုက်ပျက်စီးမှု ဖြစ်စေတယ်လို့ မယူဆပါဘူး။

ဘီတာဆဲလ်ပျက်စီးတာကို ကြိုသိရင် ကာကွယ်နိုင်သလား

အခုတော့ မရပါဘူး။ သူဟာမကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းစတဲ့ လက္ခဏာတွေပေါ်လာတာနဲ့ ဆီးချိုဖြစ်နေတယ်လို့ညွှန်ပြပေးတာ ဖြစ်ပါတယ်။ ဒီလိုသိခြင်းအားဖြင့်ဆီးချိုရဲ့ ဂလူးကို့စ်ဓါတ်ကိုထိန်းပေးနိုင်ပြီးကျောက်ကပ်နဲ့ မျက်စိပြသနာတွေလိုမျိုးနောက်ဆက်တွဲပြသနာတွေ မဖြစ်အောင်လျှော့ချနိုင်ပါတယ်။

တခြားသိသင့်တာရှိသေးလား

GADA နဲ့IA-2A စစ်ဆေးမှုတွေဟာအလိုအလျောက်စက်သုံးစစ်ဆေးခြင်း ဖြစ်တာမို့ ICA စစ်ဆေးမှုထက် ပိုပြီးလွယ်ကူပါတယ်။ ICA ကတော့ လုပ်အားသုံးရပြီးမှတ်တမ်းကို ပြန်ဖတ်ပြမယ့် ကျွမ်းကျင်သူတွေ လိုပါတယ်။

Islet autoantibodies ကိုမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုဟော်မုန်းဆိုင်ရာရောဂါများဖြစ်တဲ့Hashimoto thyroiditis ဒါမှမဟုတ် autoimmune Addison disease ဝေဒနာရှင်တွေမှာပါ တွေ့နိုင်ပါတယ်။

ဆီးချိုမရှိသူတွေကို Islet autoantibodiesစစ်ဆေးမှုကိုသုတေသနအတွက်ပဲထောက်ခံပါတယ်။ သုတေသနပိုင်းမှာ Islet autoantibodiesစစ်ဆေးခြင်းများဟာ မိသားစုဝင်တွေထဲမှာ အမျီုးအစား (၁) ဆီးချိုရောဂါရှိသူတွေ အလားတူရောဂါဖြစ်လာနိုင်ခြေကိုခန့်မှန်းနိုင်ဖို့ အသုံးပြုပါတယ်။ ဥပမာဆီးချိုမရှိသူရဲ့ သွေးထဲမှာIslet autoantibodies ဟာတွေများများတွေ့နေပြီဆိုရင် နောက်ပိုင်းမှာအမျိုးအစား (၁) ဆီးချိုဖြစ်လာဖို့ အခွင့်အလမ်းများပါတယ်။

Islet autoantibodiesတစ်ခုဒါမှမဟုတ် ပိုများစွာရှိနေတဲ့ဆီးချိုရောဂါမရှိသူဟာသွေးထဲကိုဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာ နှေးမယ်ဆိုရင်လည်းအမျိုးအစား (၁) ဆီးချိုဖြစ်နိုင်ခြေပိုမြင့်နိုင်ပါတယ်။ ပိုပြီးတိကျအောင်ပြောရရင် ဆွေမျိုးအရင်းထဲမှာဆီးချိုဖြစ်ပြီး ICA ရှိရင် သွေးထဲဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာလည်း နှေးမယ်ဆိုရင်ငါးနှစ်အတွင်းအမျိုးအစား (၁) ဆီးချိုဖြစ်လာနိုင်ခြေဟာ ၅၀ ရာခိုင်နှုန်းထက် ပိုများပါတယ်။

လတ်တလောမှာအမျိုးအစား (၁) ဆီးချိုရောဂါကိုကာကွယ်ဖို့ ထိရောက်တဲ့ကုထုံးတွေ မရှိသေးလို့ လူအများကိုIslet autoantibodiesဆန်ကာတင်စစ်ဆေးခြင်းဒါမှမဟုတ် အမျိုးအစား (၁)ဆီးချိုရောဂါသည်ရဲ့ ဆွေမျိုးရင်းချာများကိုစစ်ဆေးခြင်းတွေကိုယေဘုယျအားဖြင့် သုတေသနလုပ်ငန်းတွေအတွက်ကလွဲရင် ပြုလုပ်ဖို့မထောက်ခံပါဘူး။

အင်ဆူလင်ဆေးထိုးပြီးကုသနေရသူများဟာ ပြင်ပကလာတဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ ခုခံပစ္စည်း Autoantibodies ဖြစ်ပေါ်မှု စတင်လာတတ်ပါတယ်။ IAA စစ်ဆေးနည်းဟာ ၎င်း Autoantibodies တွေနဲ့ ကိုယ်တွင်းကထုတ်တဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ autoantibodies တွေကိုခွဲခြားမပေးနိုင်ပါဘူး။ ဒါကြောင့် ဒီစစ်ဆေးမှုဟာအင်ဆူလင်ဆေးထိုးပြီးကုသရဖူးရင် အကျူံးမဝင်ပါဘူး။ ဥပမာတစ်စုံတစ်ယောက်ဟာအမျိုးအစား (၂) ဆီးချိုရှိတယ်ယူဆပြီးအင်ဆူလင်ဆေးထိုးကုသထားခဲ့ရင် သူဟာအမျိုးအစား (၁) ဖြစ်သလားမဖြစ်သလားဆုံးဖြတ်ဖို့အတွက် ဒီစစ်ဆေးမှုကိုသုံးလို့မရပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Anti-insulin antibody test. MedlinePlus Medical Encyclopedia.

http://www.nlm.nih.gov/medlineplus/ency/article/003375.htm.

 

(Updated 2014 February 5). Diabetes Overview. National Diabetes Information Clearinghouse (NDIC).

http://diabetes.niddk.nih.gov/dm/pubs/overview/.

Khardori, R. (Updated 2013 December 6). Type 1 Diabetes Mellitus. Medscape
Reference.

http://emedicine.medscape.com/article/117739-overview.

Diabetes Mellitus Type 1 Evaluation. Mayo Clinic Mayo Medical Laboratories.

http://www.mayomedicallaboratories.com/test-catalog/Overview/60480.

(February 2014). Overview of Diabetes in Children and Adolescents. National Diabetes Education Program (NDEP).

http://ndep.nih.gov/media/youth_factsheet.pdf.

Lamb, W. (Updated 2013 September 16). Pediatric Type 1 Diabetes Mellitus. Medscape
Reference.

http://emedicine.medscape.com/article/919999-overview.

Medical Guidelines for Clinical Practice for Developing a Diabetes Mellitus Comprehensive Care Plan. American Association of Clinical Endocrinologists.
https://www.aace.com/files/dm-guidelines- ccp.pdf.

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆီးချိုက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်ခြင်းကို ဘယ်လိုသက်ရောက်မှုရှိလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement