backup og meta

ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ

ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ

ဆီးချိုဖြစ်နေတဲ့အခါ စားသုံးလို့ရတဲ့ အစားအစာတွေက အရမ်းအရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဆီးချိုနဲ့သင့်တော်တဲ့ အစားအသောက်တွေက သွေးဖိအားထိန်းပေးခြင်း၊ နှလုံးကိုကာကွယ်ပေးခြင်း၊ သွေးချိုကိုထိန်းညှိပေးခြင်း၊ ဆီးချိုရဲ့ရှုပ်ထွေးမှုတွေကိုနှေးစေခြင်းတို့စွမ်းဆောင်နိုင်ပါတယ်။

ဆီးချိုသမားတွေစားသင့်တဲ့ ဆီးချိုအတွက်အစားအသောက်တွေရဲ့ အဓိကရည်ရွယ်ချက်က ရောဂါအခြေအနေကို ထိန်းချုပ်စေနိုင်ဖို့၊ သွေးချိုကျစေဖို့ဖြစ်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်ဟာ သူ့အတွက်သင့်တောတဲ့ ဆီးချိုအစားအသောက်တွေမရှိရင် ဘေးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများသောအားဖြင့် ကျန်းမာတဲအစားအစာပြင်ဆင်တာက အချိန်အများကြီးကုန်ပြီး ရှုပ်ထွေးနိုင်ပါတယ်။ အခုပြောပြသွားမှာက ဆီးချိုသမားတွေအတွက် အချိန်ကုန်သက်သာစေမယ့် အစားအသောက်တွေပါ။

မနက်စာစားချိန်ဆိုတာ ဖိုင်ဘာ၊ ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ် စတဲ့အထောက်အကူပြုအာဟာရတွေကို စားသင့်တဲ့အချိန်ပါ။ ဆီးချိုရှိသူတွေက သူတို့ရဲ့မနက်စာကို whole grain တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ oatmeal တွေ၊ နို့တွေ၊ ဒိန်ချဉ်တွေ စတဲ့ကျန်းမာရေးကိုအထောက်အကပြုတဲ့အစားအစာတွေကိုစားသင့်ပါတယ်။

စပါး၊ ပြောင်းစတာတွေက ဖိုက်ဘာကြွယ်ဝပါတယ်။ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုအသီးတွေ တစ်ခွက်ကို flax seed တစ်ဇွန်းမဟုတ်ရင်နှစ်ဇွန်းထည့်စားပေးပါ။ Flax seed တွေက ပရိုတိန်း၊ ဖိုက်ဘာနဲ့ omega 3 ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီးချိုအတွက် လိုအပ်တဲ့အစားအစာတစ်ခုက oatmeal ဖြစ်ပါတယ်။ သူက ဖိုက်ဘာတွေပါတဲ့အပြင် သင့်သွေးချိုကိုလည်းထိန်းထားပါတယ်။

နို့တွေမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင် ဒီ က ကိုလက်စထရောကိုကျစေပြီး ကယ်လ်ဆီယမ်ကိုမြင့်စေပါတယ်။ ဒိန်ချဉ်ထဲမှာတော့ သစ်သီးဒိန်ချဉ်တွေ မသုံးပနဲ့။ သူတို့ကချိုလို့ပါ။ နို့သောက်တာက ကိုယ်အလေးချိန်ကိုပါထိန်းပေးပါတယ်။

ဆီးချိုသမားတွေရဲ့ နေ့လည်စာကတော့ ဆလပ်ရွက်၊ ခရမ်းချဉ်၊ ငရုတ်သီးနီ၊ ပဲအမဲနဲ့ ပြောင်းဖူးလို အသီးအရွက်တွေ ပိုထည့်ရပါမယ်။ ပရိုတိန်းဖြည့်တင်းဖို့က အဆီမပါတဲ့မိုးခိုသားတွေ၊ အရေပြားမပါတဲ့ ကြက်သာတွေစားသင့်ပါတယ်။ အကောင်းဆုံးကတော့ အဆီမပါတဲ့အမဲသားကိုစားသင့်ပါတယ်။ သူ့မှာက linoleic အက်ဆစ်ပါဝင်ပြီး သွေးချိုကိုထိန်းပေးပါတယ်။ ဒါ့အပြင် ဒီ အက်ဆစ်က ကင်ဆာကိုလည်းကာကွယ်တယ်လို့ဆိုပါတယ်။

ညစာကိုတော့ တိုဖူနံ ဆယ်လ်မွန်လိုငါးကိုစားပြီး ပရိုတိန်းဓါတ်ကိုဖြည့်နိုင်ပါတယ်။ အထူးသဖြင့် sardines ငါးနဲ့ herring ငါးတွေက နှလုံးရောဂါနဲ့ ကငာ်ကိုတိုက်ခိုက်တဲ့ ကျန်းမာစေတဲ့ အဆီပါဝင်ပါတယ်။ ပင်လယ်ငါးတွေမှာ ပရိုတိန်းကြွယ်ဝစွာပါပြီးfatty အက်ဆစ်အပြင် omega 3 ကြွယ်ဝစွာပါတဲ့အတွက် ဆီးချိုအတွက် အကောင်းဆုံးပါ။

အသီးအရွက်တွေအတွက်ကတော့ ကညွှတ်၊ ပန်းဂေါ်ဖီအစိမ်း၊ ပဲများ၊ ခရမ်းချဉ်တွေကိုသုံးနိုင်ပါတယ်။ သူတို့မှာက အင်တီအောက်ဆီဒင့်၊ နှလုံးအတွက်ကောင်းတဲ့ မက်ဂနီဆီယမ်၊ စတာတွေပါတဲ့အတွက် ဆီးချိုသမားတွေကို ကိုလက်စထရောကျစေတဲ့အပြင် ဖိုက်ဘာပါဝင်တဲ့အတွက် သွေးထဲကသကြားဓါတ်ကို သိမ်းထားနိုင်ပါတယ်။

ဆီးချိုသမားတွေစားသင့်တဲ့ နောက်တစ်ခုက အချိုပေါ့တဲ့အသီးတွေပါ။ သူတို့က ဗိုက်တာမင်ကြွယ်ဝစွာပါတဲ့အပြင် အင်တီအောက်ဆီဒန့်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါတဲ့အတွက် ဆီးချိုသမားတွေ အထောက်အကူဖြစ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Quick meal ideas for diabetics, http://www.diabetes.org/food-and-fitness/food/what-can-i-eat/food-tips/quick-meal-ideas/, Accessed 30th, 2016.

http://www.diabetes.org/food-and-fitness/food/what-can-i-eat/food-tips/quick-meal-ideas/quick-dinner-ideas.html

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement