brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ

HbA1c ဆိုတာက ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ HbA1c ဆိုတာက glycated haemoglobin ကိုဆိုလိုတာပါ။ ခန္ဓါကိုယ်တလျှောက်ကအောက်ဆီဂျင်တွေကိုသယ်ဆောင်ပေးနေတဲ့ သွေးနီဥဆဲလ်ထဲက ပရိုတင်းတစ်မျိုးဖြစ်တဲ့ဟီမိုဂလိုဘင်ကသွေးထဲက ဂလူးကို့စ်နဲ့ပေါင်းစည်းပြီး ‘glycated’ ဖြစ်သွားတဲ့အခါ HbA1c ဖြစ်ပေါ်လာပါတယ်။

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ

Glycated haemoglobin (HbA1c) က ဆရာဝန်တွေကို ရက်သတ္တပတ်အပိုင်းအခြားနဲ့လအပိုင်းအခြားကာလတွေ အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ပျမ်းမျှသွေးတွင်းသကြားဓါတ်ကိုတိုင်းတာသိရှိစေနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည် တွေမှာ HbA1c ပမာဏများလေလေ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေ များလေလေပဲဖြစ်ပါတယ်။

HbA1c တိုင်းတာပြီး ဆီးချိုရောဂါကိုရှာဖွေခြင်း

  • HbA1c တိုင်းတာရာမှာ HbA1c ပမာဏက ၄၂ mmol/mol ( ၆.၀ ရာခိုင်နှုန်း) သာရှိရင် ဆီးချိုရောဂါမရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။
  • HbA1c ပမာဏ က ၄၂ mmol/mol နဲ့ ၄၇ mmol/mol ( ၆.၀ ရာခိုင်နှုန်းကနေ ၆.၄ ရာခိုင်နှုန်း)ရှိနေရင် ဆီးချိုအစပျိုးအဆင့်၊
  • HbA1c ပမာဏ က ၄၈ mmol/mol (၆.၅ ရာခိုင်နှုန်း) နဲ့အထက်ဆိုရင် အမျိုးအစား-၂ ဆီးချိုရောဂါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကသတ်မှတ်ပေးထားပါတယ်။ တခါတလေမှာ HbA1c ပမာဏ တိုင်းတာမှုကို အမျိုးအစား-၁ ဆီးချိုရောဂါကိုစစ်ဆေးရာမှာအသုံးပြုပါတယ်။ HbA1c စမ်းသပ်မှုကို အမျိုးအစား- ၁ ဆီးချိုရောဂါကို ရှာဖွေဖော်ထုတ်ရာမှာအသုံးပြုလေ့ရှိပါတယ်။
  • အစားအသောက်နဲ့သွေးတွင်းသကြားဓါတ်ကိုထိန်းညှိခြင်း

    အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးမှုက ဆီးချိုရောဂါကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာမှုက အစားအသောက်တွေကသွေးတွင်းသကြားဓါတ်အပေါ်မှာဘယ်လိုသက်ရောက်လဲဆိုတာကို သုံးသပ်ရာမှာ အထောက်အကူပြုပါတယ်။

    ဘယ်အစားအသောက်တွေက ခန္ဓါကိုယ်ရဲ့သွေးချိုကိုတအားမြင့်တက်မသွားစေဘူးလဲဆိုတာကိုလည်း စတင် လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့အစားအသောက်တွေက အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူတွေမှာ ထိရောက်မှုရှိပြီး သွေးတွင်းသကြားဓါတ်ပမာဏကိုတိုးတက်စေသလို ဆေးဝါးတွေအပေါ်မှာမှီခိုနေရမှုကို လျှော့ချပေးပါ။

    အမျိုးအစား- ၂ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီးပရိုတင်းနဲ့ခန္ဓါကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တဲ့ဖြည့်စွက်စာကိုစားသုံးပေးခြင်းက ဆီးချိုရောဂါ ကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

    ဆီးချိုဝေဒနာခံစားနေရသူတွေအနေနဲ့ အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက်တော့ HbA1c ကိုစစ်ဆေးပေးသင့်ပါ တယ်။

    အချို့တွေဆိုရင်မကြာခဏဆိုသလို HbA1c ကိုစစ်ဆေးကြပါတယ်။ HbA1c ပမာဏတစ်ရပ်တည်းကိုကြည့်ပြီး ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရနိုင်သလားဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ နောက်ဆက်တွဲ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျအောင်ထိန်းချုပ်မှုကောင်းကောင်းလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။

    ဘယ်အချိန်တွေမှာ HbA1c စမ်းသပ်မှုတွေကိုလုပ်ဆောင်သင့်သလဲ။

    HbA1c စမ်းသပ်မှုကို ၃ လတစ်ကြိမ်ဖြစ်ဖြစ်၊၆လတစ်ကြိမ်ဖြစ်ဖြစ် ၁၂ လတစ်ကြိမ်ဖြစ်ဖြစ် လုပ်ဆောင်ပေးရမှာဖြစ် ပါတယ်။ စစ်ဆးမှုရလဒ်က သွေးတွင်းသကြားဓါတ်ကို ၂ ကနေ၃လတာကာလအတွင်းဘယ်လောက်ထိ ကောင်းကောင်းထိန်းချုပ်လိုက်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်မှုကောင်းကောင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ်က မိမိအနေနဲ့ဆီးချိုရောဂါကိုထိန်းသိမ်းရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေလား ဒါမှမဟုတ် မှန်ကန်တဲ့လမ်းကြောင်းနဲ့ဘယ်လောက်ထိနီးစပ်နေပြီလဲဆိုတာကိုသိမြင်နိုင်စေမှာဖြစ် ပါတယ်။

    သွေးအားနည်းရောဂါလိုမျိုး ဟီမိုဂလိုဘင်အပေါ်သက်ရောက်မှုရှိနေတဲ့ရောဂါတွေခံစားနေရသူတွေမှာ HbA1c စစ်ဆေးမှုရလဒ်တွေကမမှန်ကန်နိုင်ပါဘူး။ ဗီတာမင် စီနဲ့ဗီတာမင် အီးဖြည့်စွက်ဆေးတွေ၊နဲ့သွေးတွင်း ကိုလက်စထေရောပမာဏမြင့်တက်နေတာတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိနိုင် သလို ကျောက်ကပ်နဲ့အသည်းတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။