backup og meta

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

အရိုးအဆစ်တွေမှာ ဖြစ်တဲ့ ထိခိုက်မှုတွေက ခံစားရတဲ့ဝေဒနာ အတိမ်အနက် မတူတာဘဲ ရှိပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေဆို အမြန်ဆုံး အရေးပေါ်မကုသရင် ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အရေးပေါ် ခွဲစိတ်ကုသရနိုင်ပါတယ်။

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

ဘယ်လို အခြေအနေမျိုးတွေမှာ အရေးပေါ်ကုသမှု လိုအပ်လဲ

အရေးပေါ်ကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတချို့က –

  • ခြေ (သို့) လက် အရိုးကျိုးခြင်း
  • ခြေ၊ လက်ထိခိုက်မှု ကြောင့် ဖိအားများ ဖြစ်လာပြီး ကြွက်သားနဲ့ တစ်ရှူးတွေ သွေးထောက်ပံ့မှု မလုံလောက်တော့ခြင်း
  • အရိုး ထိခိုက်မှု ကတဆင့် ပိုးဝင်ခြင်း
  • တင်ပါးဆုံရိုး ကျိုးခြင်း
  • အဆစ် တွေမှာ ပိုးဝင်ခြင်း
  • ပြင်းထန်တဲ့ ခါးနာခြင်း
  • ပေါင် အဆစ်လွဲခြင်း
  • ဒူးအရွတ် စုတ်ခြင်း
  • ထိခိုက်ဖူးတဲ့အရွတ် ဒါမှမဟုတ် ကျိုးအက်ဖူးတဲ့ အရိုးကို ထပ်ထိခိုက်မိခြင်း တို့ ပါဝင်ပါတယ်။

ဒီလို အရိုးအဆစ်ပြဿနာတွေဆို ကျွမ်းကျင်ဆရာဝန်တွေရဲ့ ကုသမှု အမြန်ဆုံး ခံယူဖို့ လိုအပ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ရအောင်ပါ။

ထိခိုက်မှု ဖြစ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှု နောက်ပိုင်းပဲ ဖြစ်ဖြစ် အရိုးအဆစ်မှာ ပြဿနာဖြစ်လာတဲ့ အခါ ဒီလိုအခြေအနေမျိုးတွေ ဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်တွေဆီ အမြန်ဆုံး ပြသပြီး အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

ဒီ လက္ခဏာတွေကို မပေါ့ဆပါနဲ့

ကုသမှု ခံယူထားပြီးသူတွေ မှာ သို့မဟုတ် ပထမ နာကျင်ကိုက်ခဲမှုအပြင် ဝေဒနာထပ်တိုးလာသူတွေမှာ ဒီလက္ခဏာတွေ ဆက်ဖြစ်လာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံး ကုသမှုခံယူပါလို့ တိုက်တွန်းချင်ပါတယ်။

  • ခွဲစိတ်ကုသမှု ခံယူဖူးသူမှာ ခွဲစိတ်ဒဏ်ရာက အရည်တွေထွက်လာရင်
  • ရောင်ရမ်းနေတဲ့ အရိုးအဆစ်ကြောင့် နာကျင်ရတဲ့အထဲ အဖျားတက်လာရင် (အဆစ်တွေမှာ ရောဂါပိုးဝင်တာ ဖြစ်နေနိုင်ပါတယ်)
  • ကျောက်ပတ်တီးစည်းထားရတဲ့ လက် သို့မဟုတ် ခြေထောက်မှာ ပိုပြီး နာကျင်လာ၊ ရောင်ရမ်းလာ၊ ထုံလာရင်
  • ခါးက အရမ်းနာနေတဲ့အပြင် ခြေထောက်တွေပါ အားနည်းနေရင်
  • ခွဲစိတ် ကုသဖူးတဲ့ လူနာက ချော်လဲတာ သို့မဟုတ် ဟန်ချက်ပျက်သွားပြီးနောက် နာကျင်မှု သိသာလာခဲ့ရင် (ခွဲစိတ်ထားတဲ့ အရိုးအဆစ်က လွဲသွားတာ၊ ပုံစံပျက်ယွင်းသွားတာ ဖြစ်နိုင်ပါတယ်)
  • အရိုးပွရောဂါ ရှိသူက ထိခိုက်မှုအနည်းအကျဉ်းလောက် နဲ့တောင် ပေါင်ရင်းအဆစ် သို့မဟုတ် ပေါင်မှာ နာကျင်ကိုက်ခဲမှုဖြစ်လာပြီး လမ်းမလျှောက်နိုင်တဲ့ အထိ ဖြစ်လာရင် (အရိုးပွရာကနေ ပေါင်ရိုး ကျိုးအက်တာ ဖြစ်နိုင်ပါတယ်) မပေါ့ဆသင့်ပါဘူး။

သိပ်မပြင်းထန်တဲ့ အရိုးအဆစ် ထိခိုက်မှု ဆိုလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ စောစောစီးစီး ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒါမှ အထက်မှာ ဖော်ပြခဲ့သလို ကြောက်စရာဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.beaumont.org/conditions/common-orthopedic-injuries

https://www.webmd.com/orthopedics/default.htm

https://www.webmd.com/a-to-z-guides/understanding-fractures-treatment

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဂေါက်ရောဂါ အဆစ်နာသမားတွေ ဘာရှောင်စားသင့်လဲ

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ