brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရုတ်တရက် ပြင်းထန်တဲ့ဝေဒနာတွေ ဘာကြောင့်ခံစားရသလဲ

စာဖတ်သူအနေနဲ့ အကြောင်းကိစ္စတစ်စုံတရာကြောင့် ရုတ်တရက်ဒေါသအရမ်းထွက်လာတဲ့အခါ နှလုံးခုန်အလွန်အမင်းမြန်ပြီး အသက်ရှူမဝတာတို့၊ခေါင်းမူးလာတာ၊နားထဲမှာ တစီစီမြည်သံတွေကြားလာတာ ဒါမှမဟုတ် တခြားလက္ခဏာတွေ ဖြစ်တတ်ပါသလား။

ရုတ်တရက် ပြင်းထန်တဲ့ဝေဒနာတွေ ဘာကြောင့်ခံစားရသလဲ

အကယ်၍ ဒီလိုတွေခံစားရတယ်ဆိုရင် မိတ်ဆွေရဲ့ခန္ဓာကိုယ်အနေနဲ့ Panic attack လို့သတ်မှတ်ထားတဲ့ ရုတ်တရက်ဝေနာအပြင်းအထန် ဖြစ်လေ့ဖြစ်ထရှိနေပါပြီ။ အဆိုပါ Panic attack ခံစားရတဲ့သူအများစုက သူတို့ကိုယ်သူတို့ နှလုံးမကောင်းလို့၊နှလုံးအားနည်းလို့လို့ပဲ ထင်တတ်ကြပါတယ်။ဒီလိုလက္ခဏာတွေဟာ လူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပြီး ၁၅ မိနစ်အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်လို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ မြင်ရမှာ မဟုတ်ပေမဲ့ အထူးသဖြင့် ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က ဒါမျိုးသိသိသာသာဖြစ်လာတတ်ပါတယ်။အပြင်းအထန်လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မျိုးမှာဆိုရင် ခန္ဓာကိုယ်က အောက်စီဂျင်ကို ပိုလိုအပ်ပါတယ်။ အသက်ရှူတွေ ပိုမြန်လာမယ်၊ နှလုံးခုန်ပိုမြန်စေတဲ့ ဟော်မုန်းတွေ ပိုထုတ်ပေးလာမယ်၊ကြွက်သားတွေ ပိုပြီးတောင့်တင်းလာမယ်။တကယ်လို့ ဒီလိုတွေခံစားရအပြီးမှာ ရင်ဘက်အောင့်တာနဲ့ ဖျားနာမှုဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ဒေါသကြောင့် ပုံမှန်မဟုတ်တဲ့၊ ကစဉ့်ကလျားဖြစ်တတ်တဲ့ ဝေဒနာအချို့ ရှိနေပြီဆိုတာ သေချာသွားပါပြီ။

အဲဒီတော့ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။မိတ်ဆွေအနေနဲ့ ပထမဆုံး ဒါမျိုးဖြစ်တတ်တာတွေအပေါ် ကြောက်စိတ်မထားပါနဲ့။တကယ်လို့ ဒေါသထွက်စရာတစ်ခုခုကြုံလာပြီဆိုရင် စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားပါ။တစ်ကနေ တစ်ဆယ်ထိ ဒါမှမဟုတ် ကိုယ့်အနားက အရာဝတ္ထုတွေကို ရေတွက်တာမျိုး၊ကိုယ့်အတွက် ပျော်စရာကောင်းတဲ့ နေရာတစ်ခုခုကို တွေးလိုက်တာမျိုးနဲ့ စိတ်ပြောင်းပါ။အသက်ရှူသွင်း ရှူထုတ်ကို သေချာအာရုံစိုက်လိုက်တာမျိုး၊နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တာမျိုး လုပ်လိုက်ရင် အနည်းငယ်တော့ စိတ်တည်ငြိမ်သွားမှာပဲဖြစ်ပါတယ်။

နောက်ထပ်ကာကွယ်နည်းအနေနဲ့ အရက်၊ဘီယာ လျှော့သောက်ပေးတာ၊ အိပ်ရေး၀၀ အိပ်တာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေကလည်း သင့်ခန္ဓာကိုယ်ကို တစ်စတစ ပိုမိုအကျိုးပြုလာမှာပဲဖြစ်ပါတယ်။အကယ်၍ သင့်အနေနဲ့ ဒီဝေဒနာတွေကို ဆက်တိုက်ဆက်တိုက် ခံစားလာရပြီဆိုရင်တော့ ဆရာဝန်တစ်ဦးဦးနဲ့ အမြန်ဆုံးပြသပေးပါလို့ အကြံပေးပါရစေ။

ရေးသားသူ – ဒေါက်တာလင်းထက်အောင်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။