brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်စိမြင်နိုင်စွမ်းကျခြင်း

မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာ အမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစုမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။

မျက်စိမြင်နိုင်စွမ်းကျခြင်း

လက္ခဏာများ

တစ်နှစ်အောက်ကလေးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွံ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။

မျက်လုံးမကြာခဏစွေသွားခြင်း သု့ိမဟုတ် ကောင်းကောင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလေးတွေမှာ ရှုထောင့်သုံးခုကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။

မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျက်လုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိန်မှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။

ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွက် ချက်ချင်းဆရာဝန်နဲ့တွေ့ဆုံပြသသင့်ပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းရင်းများ

မျက်လုံးတစ်လုံးရဲ့ဆုံမှတ်က အခြားတစ်လုံးထက်ပိုကောင်းတဲ့အခါမှာ မျက်လုံးအမြင်ကျခြင်းဖြစ်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား၃မျိုးရှိပါတယ်။

နှစ်ထပ်မြင်ခြင်းနဲ့တွဲတဲ့မျက်စိအမြင်ကျခြင်းက အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ မျက်လုံးနှစ်ဖက်မညီခြင်းက နှစ်ထပ်မြင်ခြင်းကိုဖြစ်စေပြီး မညီတဲ့မျက်လုံးကနေလာတဲ့အမြင်အာရုံကို ဦးနှောက်ကလျစ်လျူရှုလိုက်ပါတယ်။

မျက်လုံးအနေအထားက ပုံမှန်ပဲဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ မျက်လုံးနှစ်ဖက်လုံးမှာ အလင်းယိုင်ခြင်းမှားယွင်းမှုမတူညီမှုကြောင့် ဖြစ်ပါတယ်။ ဦးနှောက်က အလင်းယိုင်ခြင်းမှားယွင်းမှုနည်းတဲ့မျက်လုံးကိုပဲ အသုံးပြုပြီး ကျန်တဲ့တစ်ဖက်ရဲ့အမြင်ဝါးခြင်းကို လျစ်လျူရှူထားပါတယ်။ အဲ့အချိန်မှာ ကျန်တစ်ဖက်ကိုအသုံးမပြုခြင်းကြောင့် မျက်စိမြင်အားကျခြင်းဖြစ်ပါတယ်။

မွေးရာပါတိမ်စွဲခြင်းလိုမျိုး မျက်လုံးထဲကိုဝင်လာတဲ့အလင်းကို ကြားဖြတ်တဲ့တစ်စုံတစ်ခုကြောင့် ဖြစ်ပါတယ်။ တိမ်စွဲခြင်းကိုကုသခြင်းက ပုံမှန်အမြင်အာရုံရဖို့အတွက် အမှန်တကယ်အရေးကြီးပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။