အဓိပ္ပါယ်ဖွင့်ဆိုချက်
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကဘာလဲ။
အသက်အရွယ်ကြီးလာသည့်အခါ တစ်ခါတစ်ရံ မျက်ခွံများသည် မျက်လုံးနှင့်ဝေးရာ အောက်ဖက်သို့ တွဲကျလာတတ်ပါသည်။ တွဲကျလာခြင်းသည် မျက်ခွံကို ထိန်းချုပ်သည့် ကြွက်သားအရည်အသွေး ကျဆင်းလာခြင်း၏ ရလဒ်ပင်ဖြစ်သည်။
အပေါ်မျက်ခွံသည် အတော်လေးတွဲလာသည့်အခါ (Ptosis) သို့မဟုတ် မျက်ခွံ၏အရေပြားအခေါက်သည် မျက်ခမ်းစွန်းကို ကျော်လာသည့်အခါတွင် မြင်ကွင်းကို ထိခိုက်နိုင်ပါသည်။
အခြေအနေ၏ ဆိုးဝါးမှုပေါ်မူတည်ကာ တွဲကျသောမျက်ခွံသည် သူငယ်အိမ်အား ပိတ်မိသလောက် လုံး၀ မြင်ကွင်းကွယ်ခြင်း သို့ မြင်ကွင်းအကျယ် လျော့ကျသွားခြင်းတို့ ဖြစ်နိုင်ပါသည်။
ဖြစ်ရပ်အများစုတွင် သူ့အလိုလိုသော်လည်းကောင်း သို့မဟုတ် ဆေးဝါးကြောင့်သော်လည်းကောင်း ပျောက်ကင်းနိုင်ပါသည်။
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ
မျက်ခွံတွဲကျခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
မျက်ခွံတွဲကျခြင်း၏ အဓိကလက္ခဏာသည် မျက်ခွံတစ်ဖက် သို့ နှစ်ဖက်လုံး အိကျလာခြင်းဖြစ်သည်။ တစ်ချို့ဖြစ်ရပ်များတွင် အမြင်အာရုံကို ထိခိုက်စေနိုင်ပါသည်။ သို့သော် လူအများတွင် မျက်ခွံအိလာခြင်းအား သတိမထားမိတတ်သလို အချိန်တိုင်း ဖြစ်နေသည်မျိုးလဲ မဟုတ်ပါ။
သင့်၌ မျက်လုံးအလွန်ခြောက်သွေ့ခြင်း သို့ မျက်ရည်များခြင်းတို့ ရှိနေနိုင်ပြီး သင့်မျက်နှာကို မြင်ရသည်မှာ စိုးရိမ်နေသလိုလို သို့ ပင်ပန်းနေသလိုလို ထင်နေရမည်ကို သတိပြုမိနိုင်သည်။
အဓိက ပြဿနာဖြစ်နေသောနေရာသည် မျက်လုံးတစ်ဝိုက်တွင်ဖြစ်ပြီး ကိုက်ခဲခြင်းဖြစ်စေနိုင်ကာ ထို့ကြောင့် သင့်ပုံက ပင်ပန်းနေသလို ထင်ရခြင်းဖြစ်သည်။ အခြေအနေပြင်းထန်သော လူနာတစ်ချို့တွင် စကားပြောစဉ်တွင် ခေါင်းကို နောက်ဖက်သို့ စောင်းစောင်းသွားတတ်ပါသည်။
အမြဲတမ်းဖြစ်နေသော မျက်ခွံတွဲကျခြင်းအတွက် အောက်ခံရောဂါရှိမရှိကို ဆရာဝန်မှ စူးစမ်းသင့်သည်။ မျက်ခွံတွဲကျခြင်းကို သတိထားမိကတည်းက ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် တခြားလက္ခဏာများ ပေါ်လာသည်ကို သတိပြုမိပါက ပိုအရေးကြီး၏။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
မျက်ခွံတွဲကျခြင်းသည် သင့်ပုံပန်းသဏ္ဍာန် သို့မဟုတ် အမြင်အာရုံကို ထိခိုက်နေသည့်အခါ
မျက်ခွံတစ်ဖက်တည်း ရုတ်တရတ်အိကျခြင်း သို့မဟုတ် ပိတ်သွားခြင်း
တခြားလက္ခဏာများဖြစ်သော နာခြင်း အမြင်ဝါးခြင်းတို့နှင့် တွဲလာသည့်အခါ
ကလေးများတွင် မျက်ခွဲတွဲကျသည့်အခါ
အရွယ်ရောက်ပြီးသူများတွင် မျက်ခွံကျခြင်း မြန်မြန်ဖြစ်ပေါ်ခြင်း သို့မဟုတ် အခုမှစဖြစ်ခြင်း
အကြောင်းရင်းများ
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ
သဘာဝအရဖြစ်ခြင်း –
လူတိုင်း မျက်ခွံတွဲကျနိုင်သည်။ သို့သော် လူကြီးပိုင်းများတွင်သာ အဖြစ်များ၏။ အသက်ကြီးရင့်ခြင်းကြောင့် ဖြစ်ရခြင်းပင်။ လီဗေတာကြွက်သားနှင့် ဆက်နေသော အရွတ်သည် မျက်ခွံမရန်အတွက် ဖြစ်သည်။
အသက်ကြီးလာသည်နှင့် ထိုကြွက်သားသည် ဆန့်လာပြီး ရလဒ်အနေဖြင့် မျက်ခွံကျလာခြင်းဖြစ်သည်။ သို့သော် မှတ်ထားရမည်မှာ အသက်ကြီးသူတိုင်း ဒါမျိုးဖြစ်နိုင်ပါသည်။ ကလေးများတွင် မွေးရာပါဖြစ်နိုင်သော်လည်း အလွန်ရှား၏။
တစ်ခါတစ်ရံ အကြောင်းအရင်းကို တိတိကျကျ မသိရ။ သို့သော် တချို့တွင် ထိခိုက်မိခြင်းကြောင်း ဖြစ်နိုင်သည်။ အာရုံကြောစနစ်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ မွေးရာပါ မျက်ခွံတွဲကျခြင်း၏ အဖြစ်များသော အကြောင်းရင်းမှာ လီဗေတာကြွက်သား ကောင်းကောင်းဖွံဖြိုးမလာပဲ မျက်လုံးဖွင့်နိုင်မှုကို သက်ရောက်စေသောကြောင့် ဖြစ်သည်။
မျက်ခွံတွဲကျသောကလေးများတွင် အမ်ဘလီအိုပီးယား ဟုခေါ်သော ပျင်းရိသောမျက်လုံးဆိုသည့် ရောဂါ ဖြစ်လာနိုင်သည်။ ဒီရောဂါသည် အမြင်အာရုံချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါသည်။
ရောဂါများ –
မျက်ခွံများ တွဲလာသည့်အခါ အောက်ခံရောဂါတစ်ခုကြောင့်လဲ ဖြစ်နိုင်သည်။ အထူးသဖြင့် မျက်ခွံနှစ်ဖက်လုံး ဖြစ်လာသည့် အခါမျိုးတွင် ပိုဖြစ်နိုင်သည်။ မျက်ခွံတစ်ဖက်တည်းသာ တွဲကျပါက အာရုံကြောထိခိုက်မိခြင်း သို့မဟုတ် ခဏတာဖြစ်သော stye (များသေားအားဖြင့် အန္တရာယ်မရှိသော မျက်ခွံရောင်ရမ်းခြင်း) တို့ကြောင့် ဖြစ်နိုင်သည်။
Routine LASIK သို့မဟုတ် အတွင်းတိမ်ခွဲစိတ်မှုကြောင့်လဲ တစ်ခါတစ်ရံ မျက်ခွံတွဲကျခြင်းဖြစ်နိုင်သည်။ ခွဲစိတ်စဉ် ကြွက်သားနှင့် ရွတ်ကို ဆွဲဆန့်မိသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။
ပြင်းထန်သော အခြေအနေများ –
တစ်ချို့ဖြစ်ရပ်များတွင် မျက်ခွံတွဲကျခြင်းသည် လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ် သို့မဟုတ် ကြွက်သားနှင့် အာရုံကြောတို့လို ပြင်းထန်သည့် အခြေအနေများကြောင့် ဖြစ်နိုင်၏။ Myasthenia Gravis လို မျက်ခွံ၏ အာရုံကြောနှင့် ကြွက်သားများအား ထိခိုက်စေသော အာရုံကြောရောဂါများသည်လည်း မျက်ခွံတွဲကျခြင်းကို ဦးတည်နိုင်သည်။
မျက်ခွံတွဲကျခြင်းကို ဖြစ်စေနိုင်သည့် တခြားသော ရောဂါများမှာ –
မျက်လုံးနောက်ဖက် သို့မဟုတ် တစ်ဝိုက်ရှိ အကျိတ်များ
ဆီးချို
Horner Syndrome
Stye နှင့်တွဲသော မျက်ခွံရောင်ခြင်း
ဖြစ်နိုင်ခြေများ
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
မျက်ခွံတွဲကျခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။
ဥပမာအားဖြင့်-
အသက်အရွယ်ကြီးခြင်း
ဆီးချို
လေဖြတ်ခြင်း
Horner Syndrome
ဦးနှောက်အကျိတ်
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်မှ စမ်းသပ်ကြည့်ရှု့ခြင်း ရောဂါရာဇဝင်မေးခြင်းများ ပြုလုပ်ပါလိမ့်မည်။ ဘယ်နှခါ တွဲကျကြောင်း တစ်ခါလျှင် ဘယ်လောက်ကြာကြောင်း သင်ရှင်းပြပြီးနောက် ဆရာဝန်မှ အကြောင်းရင်းကို ရှာရန် အောက်ပါတို့ကို စစ်ဆေးခိုင်းနိုင်ပါသည်။
Slit-lamp ဖြင့် စစ်ဆေးခြင်း – အလင်းပြင်းအားကောင်းသည့် slit-lamp ဖြင့် ဆရာဝန်မှ မျက်လုံးကို အနီးကပ် စစ်ဆေးနိုင်မည်ဖြစ်သည်။ ဒီစမ်းသပ်မှုတွင် သင့်မျက်လုံးများ ကျယ်သွားပြီး အလင်းစူးရှမှုကြောင့် မသက်မသာဖြစ်နိုင်ပါသည်။
Tensilon test – ဆရာဝန်မှ Tensilon (edrophonium) ဟုခေါ်သော ဆေးကို အကြောမှ ထိုးပါလိမ့်မည်။ မျက်လုံးကြွက်သားများကို လှုပ်ရှားစေမည့် မျက်လုံးအလယ်သို့ စုကြည့်ခိုင်းတာမျိုး ပြုလုပ်ခိုင်းပါလိမ့်မည်။ Tensilon ဆေးမှ မျက်လုံးကြွက်သားများကို အားကောင်းအောင် လုပ်နိုင်မနိုင် ဆရာဝန်မှ စောင့်ကြည့်မည်ဖြစ်သည်။
ထိုမှ မျက်ခွံတွဲကျခြင်းသည် ကြွက်သားပြဿနာကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
မြင်ကွင်းပမာဏ စစ်ဆေးခြင်း
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကို ဘယ်လိုကုသပါသလဲ
မျက်ခွဲတွဲကျခြင်းကို ကုသရာတွင် ဖြစ်ရသည့်အကြောင်းရင်းပေါ် မူတည်ပါသည်။ အသက်ကြီးခြင်း သို့မဟုတ် မွေးရာပါဆိုပါက ကုသရန်မလိုပါ။ ထိုသို့ဆိုပါက ရောဂါသည် အန္တရာယ်မရှိကြောင်း ဘာမှလုပ်ရန်မလိုကြောင်း ဆရာဝန်မှရှင်းပြလိမ့်မည်။
သို့သော် မျက်ခွဲတွဲခြင်းကို လျော့ချလိုလျှင် ပလက်စတစ်ဆာဂျူရီ ပြုလုပ်နိုင်ပါသည်။ မျက်ခွံမှ အမြင်အာရုံကို ပိတ်နေလျှက် ဆေးကုသရန် လိုအပ်ပါသည်။ ဆရာဝန်မှ ခွဲစိတ်ရန် အကြံပြုပါလိမ့်မည်။ မျက်ခွံအား မတင်ထားနိုင်သည့် မျက်မှန်များသည်လည်း ရွေးချယ်စရာတစ်ခုပင်ဖြစ်သည်။
ဒီကုထုံးသည် အမြဲတမ်းမျက်ခွံကျခြင်းမဟုတ်တာကြောင့် အမြဲတမ်း မျက်မှန်တပ်စရာ မလိုသည်မို့ အကျိုးသက်ရောက်မှု ကောင်းပါသည်။ ခွဲစိတ်ရန်မသင့်တော်သူဆိုပါက မျက်မှန်တပ်ဖို့ လမ်းညွှန်နိုင်ပါသည်။
ဆရာဝန်မှ မျက်ခွံတွဲကျခြင်းအား ခွဲစိတ်ဖို့ရန် လမ်းညွှန်နိုင်သည်။ ခွဲစိတ်နေစဉ် လီဗေတာကြွက်သားအား ချည်ပစ်မည်ဖြစ်သည်။ ထို့ကြောင့် မျက်ခွံအား လိုအပ်သည့်အနေအထားထိ မတင့်ထားနိုင်မည်။
နောက်ထပ် ရွေးချယ်ကုသစရာတစ်ခုသည် “Sling” ခွဲစိတ်ခြင်းဖြစ်ပြီး ၎င်းတွင် မျက်ခွံကိုမတင်ရန် နှဖူးကြွက်သားများကို အသုံးချခြင်းဖြစ်သည်။
မျက်ခွံတွဲကျသေ ကလေးများတွင် တစ်ခါတစ်ရံ အမ်ဘလီအိုပီးယား သို့ ပျင်းရိသောမျက်လုံး ရောဂါကို ကာကွယ်ရန် ခွဲစိတ်ကုသဖို့ လမ်းညွှန်နိုင်ပါသည်။
သင့်မျက်ခွံတွဲခြင်းသည် အောက်ခံအကြောင်းရင်း တစ်ခုကြောင့် ဖြစ်ရသည်ကို ဆရာဝန်မှ တွေ့ရှိပါက ထိုဟာကို အရင်ကုသပေးပါလိမ့်မည်။ ထို့မှသာ မျက်ခွံအိကျခြင်းကို တားနိုင်မည်ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်ခွံတွဲကျခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ဘယ်အိမ်တွင်းကုထုံးမှ မျက်ခွံတွဲကျခြင်းအား မကုသနိုင်ပါ။ သို့သော် တစ်ခါတစ်ရံ ခွဲစိတ်ကုသမှု ခံယူခြင်းသည် အထောက်အကူပြုပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]