-မျက်လုံးအနောက်ပိုင်း ရောင်ရမ်းခြင်းသည် မျက်လုံး၏ အတွင်းထောင့်များတွင် ဖြစ်ပွားသည်။ မျက်တောင်၏ အမွှေးအိပ်ရှိ အဆီဂလင်းများ မကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။
ဖြစ်နိုင်ခြေများ
Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသောအချက်အလက်များစွာ ရှိပါသည်။ ဥပမာ :
-ဆေးကုသမှုများ၏ ဘေးထွက် ဆိုးကျိုးများ။
-မကောင်းမွန်သော မျက်တောင်ရှိ အဆီဂလင်းများ။
-ဦးခေါင်းခွံ နှင့် မျက်ခုံးရှိ ဗောက်များ။
-မျက်နှာ နှင့် မျက်လုံးတစ်ဝိုက်တွင် သုံးသော မိတ်ကပ်များနှင့် ဓါတ်မတဲ့ခြင်းသည် မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) ကို ဘယ်လိုအတည်ပြုပါသလဲ
မျက်ခွံရောင်ရမ်းခြင်းကို စမ်းသပ်စစ်ဆေးနိုင်သော စမ်းသပ်ချက်များတွင်
-ဆရာဝန်၏ မျက်ခွံ နှင့် မျက်လုံးကို သေချာစွာစမ်းသပ်စစ်ဆေးခြင်း။
မျက်လုံးကို ကြည့်ရှုစစ်ဆေးသော အထူးမှန်ဘီလူးများကို အသုံးပြုတတ်သည်။
-အရေပြားမှ နမူနာကို စစ်ဆေးရန် ယူခြင်း။ မျက်ခွံမှ အရေပြား (သို့) မျက်ခွံပေါ်ရှိ ဖြစ်နေသော အပေါ်လွှာမှ နမူနာယူသည်။ ထိုနမူနာမှ ဘတ်တီးရီးယား၊ မှို (သို့) ဓါတ်မတဲ့ရသည့် အဓိက အကြောင်းရင်းကို ရှာဖွေခြင်း။
Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) ကို ဘယ်လိုကုသပါသလဲ
အကယ်၍ မျက်ခွံရောင်ရမ်းခြင်းကို ခံစားနေရလျှင် အောက်ပါ အဆင့်များက မျက်လုံးကို ဆေးကြောဖို့ ကူညီနိုင်ပါသည်။
-သန့်ရှင်းသော အဝတ်စကို ရေနွေးစွတ်ပါ။
-ထို အဝတ်စကို လိမ်ပြီး မျက်ခွံပေါ်တွင် ၅ မိနစ်ခန့် တင်ထားပါ။
နွေးနေစေရန် အဝတ်စက ို လိုအပ်ပါက ရေနွေးပြန်စွတ်ပါ။
-ထိုသို့ ပြုလုပ်ခြင်းသည် ဖြစ်ပေါ်နေသော အပေါ်ခွံအလွှာ နှင့် အဆီအကြွင်းအကျန်များကို လျော့နည်းစေသည်။
-ကူးစက်ပိုးပွားများအတွက် ဆေးကုသမှုများပေးခြင်း။
ကူးစက်ပိုးရှိနေသော မျက်ခွံအတွက် ပိုးသတ်ဆေးများ ပေးသည်။
ပိုးသတ်ဆေးများသည် မျက်ခွံ၏ ကူးစက်ရောဂါပိုး လက္ခဏာများကို သက်သာစေသည်။ မျက်စဉ်းခတ်ဆေး၊ ခရင်မ် နှင့် လိမ်းဆေးရည် စသည်ဖြင့် ပုံစံမျိုးစုံရရှိနိုင်ပါသည်။
-ထိုသို့သော မျက်ခွံသို့ပေးသော ပိုးသတ်ဆေးများ အစွမ်းမပြပါက ဆရာဝန်သည် ပါးစပ်မှ သောက်ရသော ပိုးသတ်ဆေးများပေးလိမ့်မည်။
-ရောင်ရမ်းခြင်းကို သက်သောစေသော ဆေးများ။
Cyclosporine (Restasis) သည် မျက်ခွံရောင်ရမ်းခြင်းအတွက် သက်သာစေသော လိမ်းဆေးဖြစ်သည်။
-နဂိုဖြစ်နေသော ကျန်းမာရေးအခြေအနေများကို ကုသခြင်း။
လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုများ
မျက်ခွံရောင်ရမ်းခြင်းကို သက်သာစေမည့် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုတွေက ဘာလဲ?
အောက်ပါ လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုများသည် မျက်ခွံရောင်ရမ်းခြင်းကို သက်သာစေသည်။
-မျက်ခွံကို သန့်ရှင်းအောင်ထားခြင်း။
-မျက်နှာ ပုံမှန်သစ်ခြင်း။ ညမအိပ်ခင် လိမ်းထားသော မိတ်ကပ်များအား ဖယ်ရှားရန် လိုအပ်ပါသည်။ ညစ်ပတ်သော လက် နှင့် မျက်လုံးကို မကိုင်မိစေရန်၊ ယားနေသော မျက်လုံးကို မပွတ်မိစေရန် သတိထားဖို့ လိုသည်။ မျက်လုံးကို ပွတ်ခြင်းသည် ရှိနေသော ကူးစက်ပိုးကို ပိုမိုပျံ့နှံ့စေသည်။
-မျက်တောင်နောက်ရှိ မျက်ခွံထောင့်သို့ မျက်ခွံပုံဖော်သည့် ရောင်ခြယ်ကို (eye Liner) မသုံးခြင်း။
-မျက်ခွံရောင်ရမ်းခြင်းကို စတင်ကုသနေသည် အချိန်များတွင် မိတ်ကပ်အသုံးမပြုခြင်းသည် နောက်ထပ်ယားယံခြင်းများကို မဖြစ်အောင် ကာကွယ်ပေးသည်။
-မိတ်ကပ်ပြန်သုံးမည် ဆိုပါက မျက်လုံးနှင့် တဝိုက်တွင် သုံးသော မိတ်ကပ်များကို အခြားတစ်မျိုး နှင့် အစားထိုးပါ။
အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။