အလှတရားအတွက်က မိတ်ကပ်ကိုဘယ်လိုလေးလိမ်းမယ်၊ ဘယ်လိုလေးခြယ်မယ်၊ မျက်ခုံးတက်တူးလေးထိုးမယ်၊ မျက်တောင်တုလေးတပ်မယ်၊စတဲ့ပြင်ဆင်ပုံနည်းလမ်းတွေရှိနေပေမယ့် အဲဒီအလှကိုရေရှည်ခံစေဖို့က ပင်ကိုယ်မျက်နှာလေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပြောရရင် အလှပြုပြင်မှုတွေဘယ်လောက်ခေတ်မီလာပါစေ မူရင်းကောင်းဖို့လည်းအရေးကြီးပါတယ်။
အခုပြောပြပေးမှာက ကိုယ့်ရဲ့သတိမထားမိတဲ့အပြုအမူလေးတွေကြောင့် မျက်တောင်လေးတွေကို ထိခိုက်စေပြီး အလှပျက်စေတဲ့အကြောင်းပါ။ မသိလိုက်ဘဲ အမြဲလိုလိုဆက်လုပ်မိနေမယ်ဆိုရင် ရှိရင်းစွဲအလှတရားတွေ ပျက်ယွင်းစေနိုင်တာကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။
(၁) မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း
တစ်နေ့တာလုံးကုန်ဆုံးတဲ့အချိန် မအိပ်ခင် မျက်နှာသစ်ဖြစ်ရင်တောင် ဖျက်ရခက်တဲ့ရေစိုခံမျက်တောင်ကော့ဆေးနဲ့ဆို အခက်တွေ့ရပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်တော့ ဝက်ခြံတွေဖြစ်လာစေရုံမက မျက်တောင်လေးတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးတွေရဲ့သဘာဝက မျက်တောင်ကိုကော့ပြီးတောင့်စေတာဖြစ်လို့ မဖျက်ရသေးဘဲအိပ်မိရင်ခေါင်းအုံးနဲ့ပွတ်မိတဲ့အခါ မျက်တောင်ကို ပွန်းစေ၊ ကျိုးခေါက်စေနိုင်ပါတယ်။ မျက်နှာသစ်ဖို့အပျင်းထူလိုက်တဲ့ညတွေမှာmakeup removerလေးတော့သုံးပေးသင့်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။