backup og meta

မျှဝေပါ။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျက်လုံး ထိခိုက်မှုမျိုးကို Eye Sunburn လို့ ခေါ်ပါတယ်။ နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ မျက်လုံးထိခိုက်တာဖြစ်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

နေရောင်ကြောင့် Sunburn သို့ Photokeratitis ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး လူအတော်များများသိထားတာက အရေပြားမှာပဲ ထိခိုက်မိတယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ နေရောင်ခြည်မှာပါတဲ့ ပြင်းထန်တဲ့ UV (ultraviolet) rays တွေဟာ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။

ဒီ UV အလင်းရောင်က မျက်လုံးထဲက Cornea အလွှာကို ထိခိုက်စေပြီး မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားကိုပါ ဆက်ပြီး ဖြစ်ပေါ်စေတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ တိမ်စွဲတာ၊ Age-related macular degeneration နဲ့ မျက်ခမ်းစပ်ကင်ဆာတွေအထိဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Eye Sunburn ရဲ့ လက္ခဏာများ

နေရောင်ထဲမှာ အချိန်အကြာကြီး နေမိတဲ့အခါ နေရောင်ခြည်မှာပါဝင်တဲ့ UV ကြောင့် မျက်လုံးပြာဝေတာမျိုး စတင်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ အခြေအနေ ၂ မျိုးရှိပါတယ်။ ယာယီနေလောင်တာနဲ့ ရေရှည်အနေအထား ဆိုပြီးတော့ပေါ့။

မျက်စိနေလောင်မှုဒါဏ်ကို အောက်ပါနေရာတွေမှာ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကတော့

  • မျက်ကြည်လွှာ
  • မျက်စိအာရုံခံအလွှာ
  • မျက်လုံးမှန်ဘီလူး
  • မျက်မြှေး
  • အပေါ် အောက် မျက်ခမ်းစပ် နှစ်နေရာလုံး စတဲ့နေရာတွေပါ။

မျက်စိကို နေလောင်တာက အရေပြားကို နေလောင်တာနဲ့ သိသိသာသာ ခြားနားပါတယ်။ မျက်စိကို နေလောင်တာက ပိုပြီး အန္တရာယ်များတယ်လို့ ဆိုရမှာပါ။ အကြမ်းဖျဉ်းအားဖြင့် Eye Sunburn ဖြစ်ပြီဆိုရင် အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • မျက်လုံးထဲ အမှုန်အမွှားဝင်နေသလိုမျိုး ခံစားနေရတာ၊
  • မျက်လုံး နာကျင်တာ၊
  • ခေါင်းကိုက်တာ
  • အမြင်အာရုံတွေ ဝေဝါးပြီး မူးဝေတာ၊
  • မျက်ခမ်းတွေ စပ်ပြီး အထိမခံနိုင်ဖြစ်တာ၊
  • မျက်ရည်ကျတာ၊
  • မျက်လုံး ဖူးရောင်တာ၊
  • မျက်လုံး နီရဲနေတတ်တာ၊
  • တောက်ပတဲ့ အလင်းရောင်ကို အထိမခံနိုင်ဖြစ်တာ၊
  • မျက်လုံးထဲ အလင်းရောင်တွေ မြင်နေရတာ၊
  • ယာယီ အမြင်အာရုံချို့ယွင်းသွားတာတွေဖြစ်နိုင်ပါတယ်။

မျက်လုံးနေလောင်ခြင်း ဖြစ်ခဲ့သည်ရှိသော်

ယာယီအားဖြင့် ဖြစ်တဲ့ မျက်စိကို နေလောင်တာ ဖြစ်ခဲ့မယ်ဆိုရင် မိနစ်အနည်းငယ်ကနေ ၁ ရက် ၂ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ကျန်းမာရေး ပြဿနာအဖြစ် ရင်ဆိုင်ရတာမျိုးလည်း ရှိနိုင်တာမို့ ပေါ့ဆလို့ မရတဲ ပြဿနာ တစ်ခုဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ်က နေရောင်ကြောင့် Eye Sunburn ပြဿနာနဲ့ ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့သက်သာလျော့ပါးအောင် ကုစားလို့ရပါတယ်။

  • မျက်ကပ်မှန် ဒါမှမဟုတ် ပါဝါ မျက်မှန်တပ်ထားရင် ခဏ ချွတ်ထားလိုက်ပါ၊
  • မျက်လုံးကို ပွတ်သပ်တာမျိုး မလုပ်ပါနဲ့၊
  • အေးမြပြီး အရိပ်ရတဲ့ နေရာမျိုးမှာ ခဏအနားယူပါ၊
  • မျက်လုံး ခဏ မှိတ်ထားပါ၊
  • မျက်လုံးကို ရေခဲရေမဟုတ်တဲ့ ရေအေးအေးစွတ်ထားတဲ့ အဝတ်စနဲ့ ကပ်ပေးပါ၊
  • မျက်လုံး စိုစွတ်နေစေဖို့ မျက်စိထဲကို ရေသန့်သန့် ဒါမှမဟုတ် မျက်စဉ်း နည်းနည်းခပ်ပေးပါ၊
  • ခေါင်းကိုက်တာ မူးဝေတာလို ပြဿနာတွေပါ ကြုံလာရရင် သက်သာစေမယ့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲပါ၊
  • ဖြစ်နိုင်ရင် နေကာမျက်မှန်ဆောင်ထားပါ၊
  • မျက်လုံးနား တစ်ဝိုက်က မိတ်ကပ်တွေကို ဖျက်ပစ်ပါ၊
  • အခြေအနေပေါ် မူတည်ပြီး ဆရာဝန်ပြသဖို့ လိုအပ်လာရင် အလျင်အမြန် ပြသရမယ် ဆိုတာကိုလည်း သိနားလည်ထားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/eye-health/sunburned-eyes

https://www.healthline.com/health/eye-health/sunburned-eyes#:~:text=symptoms%20are%20rare)-,Treatments,relievers%20or%20antibiotic%20eye%20drops.

https://mvpeyes.com/blog/how-to-treat-sunburned-eyes

ယခုပုံစံ

21/11/2023

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/11/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement