သက်အရွယ်နဲ့ ပတ်သတ်ပြီး ဘာမှ ပြောင်းလဲ ယူလို့မရပေမယ့် အခြား အချက်အလက်တွေကို တော့ ထိန်းချုပ်နိုင်ပါတယ်။ သင့်ဆရာဝန်က သွေးပေါင်ချိန်တက်ခြင်း နဲ့ ကိုလက်စတီရော ပမာဏများခြင်း စတဲ့ သွေးကြောတွေနဲ့ ပတ်သတ်တဲ့ အခြေအနေ တွေကို ထိန်းချုပ်ဖို့ ဆေးညွှန်ကြားပေးနိုင်ပါတယ်။ သင့်မှာ ဆီးချိုရှိတယ်ဆိုရင် ကောင်းမွန်တဲ့ဆီးချို ထိန်းချုပ်ခြင်းက သင့်ကို သွေးကြောပြသနာတွေ ဖြစ်နိုင်ချေကို လျှော့ချပေးဖို့ ကူညီပေးနိုင်ပါတယ်။
ကျန်းမာတဲ့ အစားအစာတွေ စားခြင်းနဲ့ ဆေးလိပ်သောက်တာကို ရပ်လိုက်ခြင်းကလည်း ပင်မ မျက်လုံးသွေးကြော ပိတ်ခြင်းအတွက် ဖြစ်နိုင်ချေတွေကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ သင့် ကိုယ်အလေးချိန် ကို ကျန်းမာတဲ့ ကိုယ်အလေးချိန်ရအောင် ဘယ်လို ထိန်းရမလဲဆိုတာနဲ့၊ ဆေးလိပ်ဖြတ်ဖို့ အတွက် ဆရာဝန်ဆီမှ အကြံဉာဏ်ရယူနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Retinal Artery Occlusion (မျက်လုံးသွေးကြော ပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်ရဲ့ရောဂါ လက္ခဏာတွေကို ကြည့်ရှုပြီးတဲ့နောက်မှာ သင့်ဆရာဝန်က ရောဂါ နဲ့ပတ်သတ်ပြီး မေးခွန်းအနည်းငယ်မေးနိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်တက်ဖူးတာမျိုး၊ နှလုံးရောဂါ၊ ဆီးချို၊ ရေတိမ်၊ မျက်လုံး ထိခိုက်မှု (သို့) amaurosis fugax (အမြင်အာရုံ ခဏတာ( ၁၀မိနစ်မှ ၁၅ မိနစ်လောက်) ချို့ယွင်းသွားနိုင်တဲ့ အခြေအနေ) တွေ ဖြစ်ဖူးရင် အဲဒီ အကြောင်း မေးနိုင်ပါတယ်။ နောက်ထပ် ဆရာဝန်က သင်ဘယ်လောက်မြင်နိုင်တယ်ဆိုတာ စစ်ဆေးချက်တွေနဲ့ မျက်လုံးစမ်းသပ်စစ်ဆေးခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ဆရာဝန်က မျက်ဆံကျယ်လာအောင် မျက်စဉ်းခပ်ဆေးရည် တစ်မျိုးသုံးပြီး မြင်လွှာ မျက်လုံးအတွင်းဘက်ကို စမ်းသပ်စစ်ဆေးနိုင်ပါတယ်။
တစ်ချို့သောသူတွေမှာ (အထူးသဖြင့် အသက်ကြီးသူတွေမှာ) မြင်လွှာသို့သွားတဲ့ မျက်လုံးသွေးကြော ပိတ်ခြင်း တွေဟာ သွေးခဲတွေ ပိတ်တာ၊ ပြုတ်ထွက်တာကြောင့် ထက်စာရင် သွေးကြောတွေ ခဏတာ ရောင်ယမ်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေ အနေနဲ့ ရောဂါ အမည်တပ်နိုင်ဖို့အတွက် erythrocyte sedimentation rate နဲ့ C reactive protein စစ်ဆေးခြင်းကဲ့သို့သော အခြား သွေးစစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပါတယ်။
အဲဒီအပြင် ဆရာဝန်က သင့်ရဲ့ မျက်လုံးသွေးကြောပိတ်ခြင်းဟာ ရောဂါအမည်မတပ်နိုင်သေးတဲ့ နှလုံးသွေးကြောရောဂါ တစ်ခုခုမှ ပြုတ်ထွက်လာတဲ့ သွေးခဲတစ်ခုခုကြောင့် ဖြစ်တယ်လို့ သံသယရှိပါက သင့်နှလုံးနဲ့ နှလုံးသွေးကြောတွေရဲ့ သွေးစီးမှုကိုပါ သိနိုင်အောင် စစ်ဆေးချက်တွေ လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် အထူးသဖြင့် အသက်ငယ်တဲ့သူတွေမှာ ကိုလက်စတီရော ပမာဏ နဲ့ သွေးခဲတာနဲ့ ပတ်သတ်တဲ့ ပုံမမှန်မှုတွေ ကို စစ်ဆေးဖို့ အတွက် သွေးစစ်ဆေးချက်တွေ လည်း လုပ်ဆောင်ရပါမယ်။
Retinal Artery Occlusion (မျက်လုံးသွေးကြော ပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
မျက်လုံးသွေးကြော ပိတ်ခြင်းဟာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ကုသမှုအနေနဲ့ မြင်လွှာဆီကို သွေးတွေ မြန်နိုင်သမျှ မြန်မြန် ရောက်အောင် ဦးစားပေးလုပ်ဆောင်ရမှာပါ။ ဒါပေမယ့် ရလဒ်တွေ အားလုံးက စိတ်ပျက်စရာအ ခြေအနေတွေ ဖြစ်နေတဲ့ အတွက် ဘယ်ကုသမှုကမှ အကောင်းဆုံးလို့ မသတ်မှတ်နိုင်သေးပါဘူး။
- သွေးခဲတွေဖျော်နိုင်တဲ့ဆေးတွေ ထိုးခြင်း။ ဆရာဝန်က သွေးခဲတွေ ဖျော်ပေးနိုင်တဲ့ thrombolytic လို့ခေါ်တဲ့ ဆေးတစ်မျိုးကို သွေးကြောပိတ်နေတဲ့ နေရာ အနီးနားမှာ သွေးကြောထဲ တိုက်ရိုက်ထိုးတည့် နိုင်ပါတယ်။
- မျက်လုံးကို အပ်ဖြင့် ဖောက်ပြီး အရည်ထုတ်ယူခြင်း။ မျက်လုံးကျွမ်းကျင် ပညာရှင်တွေအနေနဲ့ သင့်မျက်လုံးအတွင်းမှာ ရှိနေတဲ့ အရည်အနည်းငယ်ကို ဖယ်ရှားဖို့ အတွက် အပ်တစ်ချောင်းကို အသုံးပြုနိုင်ပါတယ်။ အဲလို လုပ်ခြင်းက မျက်လုံးအတွင်းမှ ဖိအားတွေ ကျစေနိုင်တဲ့ အတွက် မျက်လုံး သွေးကြောကို ဖြတ်ပြီးသွေးစီးရလွယ်ကူအောင် လုပ်ဆောင် ပေးနိုင်ပါတယ်။
- မျက်လုံးကိုနှိပ်နယ်ပေးခြင်း။ ဆရာဝန်က လက်ချောင်းကလေးများဖြင့် သင့်မျက်ခွံပေါ်မှ တစ်ဆင့် သင့်မျက်လုံးကို ဖိအားပေးမှာ ဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းဖြင့် သွေးခဲတွေကို ကြေစေနိုင်ပါတယ်။
- သွေးကြောတွေကို ကျယ်စေတဲ့ ဆေးများ။ nitroglycerin ၊ isosorbite နှင့် pentoxifylline စတဲ့ဆေးတွေက သွေးစီးမှုကို ကောင်းမွန်စေပါတယ်။
- လေအရောရှုခြင်း။ အောက်ဆီဂျင် ၉၅% နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၅% ပါတဲ့လေကို ရှုခြင်းဖြင့် သင့်မျက်လုံးသို့သွားတဲ့ အောက်ဆီဂျင်နဲ့ သွေးပမာဏကို တိုးမြှင့်နိုင်ပါတယ်။
- ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ပြန်ရှုသွင်းခြင်း။ တကယ်လို့ carbogen မရနိုင်ဘူးဆိုရင် ဆရာဝန်ကသင့်သွေးထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ကိုများလာစေဖို့အတွက် သင့်ကို စက္ကူအိတ်တစ်ခုထဲကို ရှုသွင်းရှုထုတ်လုပ်ဖို့ ပြောနိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ များလာခြင်းက မြင်လွှာဆီသွားတဲ့ သွေးကြောတွေကို ကျယ်စေနိုင်ပြီး သွေးစီးမှုကိုပိုကောင်းစေပါတယ်။
- ဦးနှောက်သွေးကြော ရောင်ယမ်းမှုကြောင့်ဖြစ်တဲ့ မျက်လုံးသွေးကြော ပိတ်ဆို့ခြင်းဖြစ်မယ်ဆိုရင် ဆရာဝန်တွေကို စတီးရွိုက် ပမာဏများများ ပေးလေ့ရှိပါတယ်။ စတီးရွိုက်ဆေးကို အဲဒီပမာဏက စပြီး ဆေးပမာဏကို လပိုင်းလောက်အချိန်ယူပြီး တဖြည်းဖြည်း လျှော့ချသွားရပါမယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။
မျက်လုံးသွေးကြော ပိတ်ခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
မျက်လုံးထိခိုက်ခြင်းကြောင့် ဖြစ်တဲ့ မျက်လုံးသွေးကြော ပိတ်ခြင်းကိုကာကွယ်ဖို့အတွက် အလုပ်အတွင်း (သို့) အားကစားလုပ်ချိန်တွေမှာ မျက်လုံးကို ကာကွယ်ထားတဲ့ မျက်မှန်၊ မျက်နှာ အကာ၊ စတာတွေ အမြဲဝတ်ဆင်ထားသင့်ပါတယ်။ ကားစီးတဲ့ အခါမှာလည်း ကားတိုက်မိတာတွေ ဖြစ်လာတဲ့ အခါ မျက်နှာ နဲ့ မျက်လုံးတွေကို ကားရဲ့ dashboard နဲ့ မရိုက်မိစေရန်အတွက် ထိုင်ခုံခါးပတ်တွေ ပတ်ထားဖို့ သတိထားပါ။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။