သိုင်းရွိုက်ရောဂါများ (၂) – Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)
Radioiodine Therapy ဆိုတာဘာလဲ
Radioiodine therapy ဆိုတာ သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre) ဖြစ်နေတဲ့ လည်ပင်းကြီးရောဂါခံစားနေရသူတွေ သို့မဟုတ် Graves’ disease ပြန်ပေါ်တဲ့ဝေဒနာရှင်တွေကို ကုသလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အစားအသောက်တွေထဲက ရရှိတဲ့ အိုင်အိုဒင်းကို အသုံးပြုပြီး ဟော်မုန်းထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Radioiodine therapy မှာ ရေဒီယိုသတ္တိကြွအာနိသင်ရှိတဲ့ အိုင်အိုဒင်းအမျိုးအစားကိုသုံးတာဖြစ်ပါတယ်။ အဲဒီအိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေထုတ်လုပ်မှုနည်းစေဖို့ သိုင်းရွိုက်ဂလင်းထဲမှာစုစည်းပြီး သိုင်းရွိုက်တစ်ရှူးရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာအများစုက ” ရေဒီယိုသတ္တိကြွ ” ဒါမှမဟုတ် “ဓါတ်ရောင်ခြည်”ဆိုတာကြားလိုက်တာနဲ့ ကုသမှုခံယူဖို့ စိုးရွံ့ကြောက်လန့်တတ်ကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။